ဖခင်ခြေရာနင်းဖို့မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်လက်မှတ်ထိုးလိုက်တဲ့ ဝိန်းရွန်းနီရဲ့ သား ဖြစ်သူ ကိုင်

ကမ္ဘာကျော်ဘောလုံးသမားရွန်းနီရဲ့သားဖြစ်သူကိုင်ဟာဖခင်ဖြစ်သူခြေရာနင်းနိုင်ဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းနဲ့စာချုပ်ချုပ်ဆိုလိုက်ကြောင်းသိရပါတယ်။

ရွန်းနီရဲ့သားဖြစ်သူကိုင်ဟာလက်ရှိအချိန်မှာအသက်၁၁နှစ်အရွယ်သာရှိသေးပြီးလူငယ်အကယ်ဒမီအသင်းမှာပါဝင်ကစားမှာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းရွန်းနီဟာမန်ချက်စတာယူနိုက်တက်အသင်းမှာ၁၃နှစ်ကြာပါဝင်ကစားခဲ့ပြီးဂန္တဝင်ကစားသမားတစ်ဦးအဖြစ်နာမည်တည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။

ဝိန်းရွန်းနီဟာမန်ချက်စတာယူနိုက်တက်အတွက်ပွဲပေါင်း၅၀၀ကျော်ပါဝင်ကစားခဲ့ပြီးဂိုးပေါင်း၂၅၃ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ကိုင်ဟာရွန်းနီဝတ်ဆင်ခဲ့ဖူးတဲ့ဂျာစီနံပတ်၁၀ကိုဝတ်ဆင်ကစားခွင့်ရမှာလည်းဖြစ်ပါတယ်။လက်ရှိအချိန်ဒါဘီကောင်တီအသင်းမှာကစားသမားနည်းပြအဖြစ်တာဝန်ယူနေတဲ့ရွန်းနီက“ကိုင်ဟာမန်ချက်စတာယူနိုက်တက်နဲ့လက်မှတ်ရေးထိုးလိုက်လို့ဂုဏ်ယူပျော်ရွှင်ရတယ်။

ကိုင်ဟာအလုပ်ကိုအပြင်းအထန်လုပ်ဆောင်မှာဖြစ်ပါတယ်။“လို့ပြောပါတယ်။ကိုင်ဟာရွန်းနီနဲ့ကိုလင်းတို့မွေးဖွားတဲ့သားကြီးဖြစ်ပြီးအသက် ၇နှစ်အရွယ်ရှိ ကလေး၊ အသက် ၄နှစ်အရွယ်ရှိ ကစ် နဲ့အသက်၂ နှစ်အရွယ်ကက်စ်တို့ ရှိနေပါတယ်။

jhonhtet

Leave a Comment

Your email address will not be published.