ရှက်ဖီးနဲ့ပွဲမှာ ဗဟိုခံစစ်မှူးပုံစံကောင်းကို ပြသခဲ့တဲ့ ကစားသမားကိုပြောလာတဲ့ အီဗရာ

မန်ချက်စတာယူနိက်တက်ဟာ အဝေးကွင်းပွဲစဉ်အဖြစ် ရှက်ဖီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ကိုကစားခဲ့ရာမှာ 2 – 3 ဖြင့် အနိုင်ရခဲ့ပြီး တသင်းလုံး တည်ငြိမ်ပြီး ရင်သပ်ရှုမောလောက်တဲ့ ကစားကွက်နဲ့ ကစားခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက်ဟာ မကြာသေးမီပွဲစဉ်တွေထဲကနေဘဲ ဗဟိုခံစစ်မှူး လဲမည်ဟု အက်ဝုဒ်နဲ့ဆိုးရှားတို့ ပြောအပြီးမှာဘဲ ယခုပွဲမှာ နောက်တန်းက တပွဲလုံး တွန်းတွန်းတိုက်တိုက် မာမာထန်ထန် ကစားသွားခဲပါတယ်….

မန်ယူနောက်ခံလူဟောင်း အီဗရာက သူ့ရဲ့ Social Fans Group မှာ ဒီနေ့ ငါ အရမ်းအားရတဲ့ ဗဟိုခံစစ်မှူးတယောက်ကိုတွေ့ခဲ့တယ် သူကတော့ ဘယ်သူပါဆိုပြီးတော့ ချီးကျူးထားတာကို သူရဲ့ Fans တွေကို မျှဝေထားတယ်

အီဗရာက ” ရှက်ဖီးအသင်းတကယ်ကောင်းပါတယ်……မန်ချက်စတာယူနိက်တက်အနေနဲ့ တပွဲလုံး ကို သူတို့အပြန်အလှန်ဖိအားပေးကစားနေကြတာတွေတွေ့ရတယ်….ဒီနေ့ မန်ချက်စတာယူနိက်တက်ဟာ တသင်းလုံးအကောင်းဆုံးပုံစံမှာရှိနေခဲ့တယ်ဆိုတာ တော့ ငြင်းစရာမရှိပါဘူး

ဒီနေ့ပွဲမှာ ကွင်းလယ်ဟာ ဘရူနိုတယောက်ရဲ့ဖြန့်ဝေမှုတွေနဲ့ အလုပ်ဖြစ်နေခဲ့သလို အထူးပြောပြီး စိတ်ဝင်စားစရာကောင်းတာက ဒီပွဲမှာ ဗဟိုခံစစ်မှူးတယောက်ဟာ မထင်မှတ်ထားတဲ့ ပုံစံနဲ့ ကစားသွားခဲ့တယ်…..တကယ်ပြင်းပြင်းထန်ထန်နဲ့ နောက်တန်းမှာ ပိတ်ဆို့ကစားသွားပေးခဲ့တယ်

အဲ့ဒီသူက လင်ဒီလော့ပါဘဲ…သူဟာ အသင်းအတွက် ဒီလို ခြေစွမ်းမျိုးကို ပိုင်ဆိုင်သင့်တာကြာနေပါပြီ…..ဒီခြေစွမ်းကိ ထိမ်းသိမ်းလိုက်ပါ….ယူနိုက်တက်အတွက် ဒီလိုအားထုတ်မှုလေးက ဆုလာဒ် ဖြစ်သွားပါလိမ့်မယ် ” ဆိုပြီး ပြောခဲ့ပါတယ်….

Htet Mg

Leave a Comment

Your email address will not be published.