အထူးလွဲချော်နေကျအိုဝင်ရဲ့ပေါ့ဘာအပေါ်ခန့်မှန်းချက်ကြောင့် မန်ယူပရိတ်သတ်တွေထိတ်လန့်

Sky Sportရဲ့ဘောလုံးဝေဖန်ရေးအစီအစဉ်တွေမှာ ဘောလုံးခန့်မှန်းသူအဖြစ်
ဆောင်ရွက်နေတဲ့လီပါပူလ်းဂန္ဓဝင်ကစားသမားဟောင်းမိုက်ကယ်အိုဝင်

ရှိဖီးအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့မန်ယူအသင်းရဲ့ပြင်သစ်လက်ရွေးစင်ပေါ့ဘာရဲ့လာမယ့်ပွဲစဉ်တွေမှာပြသလာမယ့်ခြေစွမ်းကိုခန့်မှန်းလိုက်တာကြောင့်မန်ယူပရိတ်သတ်တွေထိတ်လန့်သွားပါပြီ။

ပေါ့ဘာဟာယခုနှစ်ဘောလုံးရာသီစချိန်ထဲ

ကမန်ယူအသင်းမှာ ဒဏ်ရာပြသနာတွေနှိပ်စက်မှုကြောင့်ရုန်းကန်နေရပြီးနောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုကြောင့် အနားယူချိန်တွေပါတိးုလာခဲ့ပြီးခြေစွမ်းပြသနိုင်ခြင်းမရှိသည်မှာအတော်ကြာနေပြီဖြစ်ပါတယ်။

ပေ့ါဘာကိုယ်တိုင်ကတော့သူခြေစွမ်းမပြနိုင်တာကိုရို
နာဗိုင်းရပ်ကြောင့် လို့ဆိုတားပြီးအဆိုပါဗိုင်းရပ်ကူးစက်ခံရပြီးနောက်ပိုင်းမှာသူ့ရဲ့ကြံ့ခိုင်မှုက ပုံမှန်မဟုတ်ခဲ့ဘူးလို့ဆိုပါတယ်။

အနည်းငယ်မျှပြေးလွှားကစားယုံနဲ့အလွန်မောပန်းမှုကိုခံစားရပြီးခြေစွမ်းပြကစားနိုင်ဖို့အလွန်ခက်ခဲခဲ့ကြောင်း၎င်းကဆိုပါတယ်။ထိုအခြေနေမျိုးမှနြေ့ီးယမန်နေ့ညကကစားခဲ့တဲ့ရှဖီးအသင်းနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာတော့ ပေါ့ဘာတစ်ယောက်ပုံမှန်ခြေစွမ်းကိုပြန်လည်ပြသနိုင်ခဲ့ပါတယ်။


အခုလိုခန့်မှန်းပြောဆိုမှုကြောင့်မန်ယူပရိတ်သတ်တွေဟာ အိုဝင်ရဲ့တောက်လျှောက်လွဲချော်ခဲ့တဲ့ခန့်မှန်းမှုတွေကိုပြန်လည်ဖေါ်ထုတ်ပြသခဲ့ပြီးပေါဘာတစ်ယောက်ဒုက္ခရောက်တာမှာကိုစိုးရိမ်နေကြကြောင်းသိရပါတယ်

jhonhtet

Leave a Comment

Your email address will not be published.