ယူနိက်တက်လိုအပ်နေဆဲအရာတွေကို ပေါ့ဘာပေးနေဆဲပါဟု ဆိုးရှားလ်ပြောလာခဲ့ပါပြီ

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ရာသီစတည်းကနေ လက်ရှိ၁၂ပွဲ ကစားပြီးသည့်တိုင်အောင် လိုအပ်ချက်များစွာ နဲ့ အားနည်းချက်များစွာ ရှိနေဆဲဆိုတာကို နည်းပြကြီးဆိုးရှားလ်ကိုယ်တိုင်လက်ခံထားရပါတယ်…..

အဲ့ဒီအချက်တွေထဲမှာမှ တချို့လိုအပ်ချက်များကို ဘယ်ကစားသမားကပေးနေတာလဲ…..ဘယ်သူတွေက အသင်းကို တောင့်တင်းလာအောင် တည်ဆောက်ပေးနေတာလဲ ရုန်းကန်နေလဲဆိုတာကို ပရိတ်သများကသိချင်နေကြပါပြီ…..

ယူနိက်တက်ဘာတွေလိုအပ်နေလဲဆိုတာကို ပေါ့ဘာက ရှက်ဖီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ဖြည့်ဆည်းခဲ့သလို ပေါ့ဘာကို လိုအပ်နေဆဲ ပေါ့ဘာဟာ ဗိုင်းရပ်တွေ အသင်းအတွက် မကောင်းသော ဆိုးကျိုးတွေ ဖြစ်နေဆဲပါလို့ ပြောပါစေ……ပေါ့ဘာဟာ ပေးဆပ်နေဆဲပါဆိုတာကို နည်းပြကြီးဆိုးရှားလ်က ရှင်းပြခဲ့ပါတယ်….

ဆိုးရှားလ် က ” ရှက်ဖီးအသင်းဟာ ကျနော်တို့ ယူနိက်တက်ကို ဖိအားပေးနိုင်ခဲ့တယ် ….ဒါပေမဲ့ ကျနော်တို့ အသင်းရဲ့ကစားသမားတွေအားလုံး အရင်ကနဲ့မတူတဲ့ အခြေနေတွေကို ပုံဖော်ကစားနိုင်ခဲ့ကြပါတယ်…..ဒီပွဲမှာ ပေါ့ဘာဟာ ယူနိက်တက်လိုအပ်နေတဲ့ အနိုင်ဂိုးတွေ အတွက် ဖန်တီးမှုတွေ အများကြီးလုပ်ဆောင်ခဲ့ပါတယ်…

ယူနိက်တက်လိုအပ်နေတာက ကွင်းလယ် မှာ ပြင်းထန်တဲ့မောင်းနှင်အားနဲ့ အချိတ်အဆက်မိနေဖို့တွေ ဘရူနိုနဲ့အတူ ဘောလုံးဖြန့်ဝေပေးပို့မှုတွေ တိကျတဲ့ Passing ဘော အမြင့်ဘောတွေ အကွက်မြင်မှုတွေပါ….အဲ့ဒီလိုအပ်ချက်တွေကို ပေါ့ဘာဟာ ဖြည်းဆည်းပေးနေဆဲပါ….

အေးဂျင့်တယောက်ကြောင့်ကစားသမားစိတ်ဓာတ်တွေ မတည်ငြိမ်ပေမယ့် လာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ ပေါ့ဘာကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးသွားမှာပါလို့ ဆိုးရှားက MUTV မှာ ပြောသွားခဲ့ပါတယ်….

Htet Mg

Leave a Comment

Your email address will not be published.