ဝိန်းရွန်းနီလို တကွင်းလုံးပတ်ကစားပြီး ဘောလုံးဖြန့်ဝေဖန်တီးပေးနေတဲ့ သူကိုပြောလာတဲ့ ကားရစ်

မန်ချက်စတာယူနိက်တက်အသင်း ခြေစွမ်းအတက်ကျများ နဲ့ အသင်းတသင်းအဖြစ် မန်ယူကစားသမားဟောင်းတွေကြား ဝေဖန်မှုများမြင့်တက်နေခဲ့ပါတယ်….

မန်ချက်စတာယူနိက်တက်ဟာ ပွဲစဉ် (၁၂) ကစားအပြီးမှာ ရှက်ဖီးလ် ကို ၂-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နောက်မှာ တသင်းလုံးဟာ တစုတစည်းတည်းဖြစ်နေတဲ့ တိုက်စစ်ကစားပုံကို မြင်တွေ့ခဲ့ရပါတယ်….

မန်ချက်စတာယူနိက်တက် လက်ထောက်နည်းပြ ကစားသမားဟောင်းလည်းဖြစ်တဲ့ မိုက်ကယ်ကားရစ်ကတော့ ရှက်ဖီးပွဲအပြီးမှာ ကျနော်တို့ စုဖွဲ့မှုကောင်းတခုဖြစ်လာပြီဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်….

မိုက်ကယ်ကားရစ်က ” ကျနော်တို့ ဒီပွဲမှာ နိုင်တာဘဲဖြစ်ဖြစ် ရှုံးတာဘဲဖြစ်ဖြစ် ကျနော်တို့ ဟာ စုဖွဲ့မှုကောင်းတခုကို ပြုလုပ်နိုင်ခဲ့ပါတယ်…တိုက်စစ်နဲ့နောက်တန်း ကွင်းလယ်အားလုံး အချိန်အဆက်မိခဲ့ပါတယ်…အားလုံးကြိုးစားအားထုတ်မှုတွေအများကြီးတွေ့ခဲ့ရပါတယ်….

အမှားတွေအနည်းငယ်စီ ကျူးလွန် ခဲ့တဲ့နောက်တန်းနဲ့ ဂိုးသမား တို့လည်း အကောင်းဆုံး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပါတယ်….ဒါပေမဲ့ ဒီလို စုစည်းမှုကို တွေအကုန်လုံးကို ကွင်းလယ်က ဝိန်းရွန်းနီလို တကွင်းလုံးပတ်ပြေးကစား ဘောလုံးတောင်း ဖြန့်ဝေတာ တွေ တိကျတဲ့ ပေးပို့မှုတွေနဲ့ အကောင်းဆုံး လုပ်ဆာင်မှုတွေကို တယောက်တည်းသောကစားသမားကလုပ်ဆောင်ခဲ့ပါတယ်…

အဲ့ဒီကစားသမားတော့ ဘရူနို ဖာနန်ဒက် ဘဲဖြစ်ပါတယ်….အများက ကျနော်က ဘရူနိုကကို ချီးကျူးတယ်ထင်ကြပါလိမ့်မယ် တကယ်ကို သူဟာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ရုန်းအားကောင်းတဲ့ကစားသမားဆိုတာ ပရီးမီးယားလိဂ် ၁၂ ပွဲပြီးသည်အထိ ငြင်းစရာမရှိတဲ့ကစားသမားတဦးပါဘဲ ” ဟု ကားရစ်ကရှင်းပြသွားခဲ့ပါတယ်..

Htet Mg

Leave a Comment

Your email address will not be published.