အသင်းမှာ နည်းပြည်ကြီးဖာဂူဆန်ကို ရယ်အောင်စနောက်ခွင့်ရထားသူတစ်ဦးကို ဖာဒီနန်ထုတ်ပြော

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီးဖာဂူဆန်ဟာ ကစားသမားတွေကို ဝေဖန်အော်ငေါက်ဆဲဆိုရင်း အသင်းကို တိုးတက်အောင်မြင်အောင်လုပ်ရင်း အသင်းအပေါ် သံယောဇဉ်အတော်ကြီးခဲ့တဲ့သူဆိုတာအားလုံးသိမှာပါ။

သူရဲ့ မာထန်တဲ့မျက်နှာထားနဲ့ ပြတ်သားတဲ့ စကားလုံးတွေကြောင့် သူ့ကို ကစားသမားတော်တော်များများ ကကြောက်ရွံလေးစားကြပေမယ့် သူကိုယ်တိုင်က သူ့ကိုစနောက်ခွင့်ပြုထားတဲ့လူတစ်ယောက်တော့ရှိခဲ့ပါတယ်။

သူ့ရဲ့ နည်းပြသက်တမ်း ၂၇နှစ်တာကာလအတွင်းမှာ သူ့ကို စနောက်ရဲတဲ့ သူ့ကိုပြုံးရယ်အောင်လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူဆိုလည်းမမှားပါဘူး

“သူက ကစားသမားတစ်ဦးတော့မဟုတ်ပါဘူး။ အားလုံးကလေးစားကြောက်ရွံနေကြတဲ့ ဆာအဲလက်ကို သူတစ်ယောက်ပဲ စနောက်ရဲတယ်။ အဲ့ဒါကို နည်းပြကြီးကိုယ်တိုင်ကသဘောကျပြီးခွင့်ပြုထားတာလေ”လို့ ဖာဒီနန်ကဆိုပါတယ်။

“သူက အမျိုးသမီးတစ်ဦးလည်း သူကအသင်းသားတွေကိုလည်းအဲ့ဒီအတိုင်းပဲ။ သူကအရမ်းရယ်ရတဲ့ အမျိုးသမီးကြီးပါ။ ယူနိုက်တက်ကသူ့ကို “ယူနိုက်တက်ရဲ့အန်တီကြီး”လို့ သတ်မှတ်ထားကြတယ်”လို့ဖာဒီနန်ကပြောပြပါတယ်။

“သူမဟာ ဆာအဲလက်ကို ဟာသလုပ်ခွင့်ရတဲ့ တစ်ဦးတည်းသောသူပဲ”လို့ဖာဒီနန်ကပြောပြီး အင်တာဗျူးမှာ ရယ်မောနေခဲ့ပါတယ်။

ဖာဒီနန်ဟာ ယူနိက်တက်မှာ ၁၁နှစ်ကြာကစားခဲ့တဲ့ ပြိင်ဘက်တိုက်စစ်ကစားသမားတွေ ရင်မဆိုင်ချင်လောက်အောင်ကြောက်ရွံခဲ့ရတဲ့ နောက်တန်းဗဟိုတံတိုင်းကြီးလည်းဖြစ်ပါတယ်။

သူကသူတို့အသင်းထဲမှာရှိခဲ့ဖူးတဲ့ ရယ်စရာအမျိုးသမီးအကြောင်းကိုခုလိုဆက်ပြောပြပါတယ်။
“သူ့နာမည်က Carolလေ။ ကျွန်တော်မှတ်မိသေးတယ်။ ဆာအဲလက်က အဝတ်အစားကောင်းကောင်းကြီးဝတ်ပြီး လမ်းလျောက်လာတာ။ အဲ့ဒါကို သူကရုပ်တည်ကြီးနဲ့ “ဟေ့ ဆာဘာဝတ်စုံကြီးဝတ်ထားတုန်း”ဆိုပြီး သွားပြောတာလေ။ ဆာအဲလက်ကတော့ ရယ်နေတာပေါ့။”လို့ဆိုပါတယ်။

“ကာရယ်လ်ကအရမ်းရယ်ရတယ်။ လေ့ကျင့်ရေးကွင်းမှာ သူနဲ့စကားပြောရတာပျော်ဖို့ကောင်းတယ်။”လို့ ဖာဒီနန်ကဆက်ပြောပါတယ်။

ရီယိုကသူသည် Carrington သို့ပြန်သွားတိုင်းသူမအားရှာဖွေနေဆဲဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ “ နှစ်တွေတစ်လျှောက်ကျွန်တော်တို့ဟာစစ်မှန်တဲ့ခင်မင်ရင်းနှီးမှုကိုတည်ဆောက်ခဲ့တယ်။ ကာရယ်လ်လိုလူနဲ့တွေ့တဲ့အခါမင်းသူတို့ကိုမေ့သွားမှာမဟုတ်ဘူး။ ”

ဖာဂူဆန်ဟာ သူ့ရဲ့မန်ယူနည်းပြသက်တမ်း ၂၆နှစ်တာကာလသက်တမ်းအတွင်း အမှတ်ပေးဖလား ၁၃ကြိမ် FAဖလား၅ကြိမ် ချန်ပီယံလိဂ် ၂ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၈ခုကိုရရှိခဲ့ပါတယ်။ ဖာဂူဆန်ဟာ ၁၉၉၈မှာ ဗြိတိန်ဘုရင်မကြီးက ချီးမြင့်တဲ့ ဆာဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။ ဖာဂူဆန်ဟာ ၂၀၁၀ခုနှစ်မှာတော့ အသင်းရဲ့နည်းပြသက်တမ်းအကြာဆုံးဖြစ်တဲ့ ဆာမက်ရဲ့ မှတ်တမ်းကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဖာဂူဆန်ဟာ အင်ဂလန်ရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ လီဗာပူးရဲ့စံချိန်ကိုလည်းချိုးဖျ်က်ခဲ့သလို ဥရောပမှာလည်းထိပ်တန်းနေရာတစ်ခုကို ပြန်လည်ရရှိအောင်စွမ်းဆောင်ပေးခဲ့တယ်။

Leave a Comment

Your email address will not be published.