မန်ယူအသင်းနဲ့နောက်ထပ်၅နှစ်သက်တမ်းတိုးမယ့် တိုက်စစ်မှူး

မန်ယူအသင်းရဲ့အသက်၂၃နှစ်အရွယ်လူငယ်တိုက်စစ်မှူးလေးမားကပ်ရပ်ဖိုစ့်ဟာမန်ယူအသင်းနဲ့နောက်ထပ်၅နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ညှိနိုင်းနေပြီဖြစ်ကြောင်းသိရပါတယ်။

ရပ်ဖို့ရဲ့လက်ရှိစာချုပ်သက်တမ်းဟာ၂၀၂၃မှကုန်ဆုံးမှာဖြစ်ပြီးနောက်ထပ်သက်တမ်းတစ်စ်အလိုလျှောက်တိုးခွင့်ရှိနေပေမယ့် ထင်ပေါ်လို့စင်တော်ကောက်ချင်နေတဲ့ရက်ဖိုစ့်ကိုဥရောပထိပ်တန်းအသင်ကြီးတွေက ဝိုင်းဝိုင်းလည်နေတာကြောင့် မန်ယူအသင်းအခုလိုအမြန်စီစဉ်ခဲ့တာပါ။

ရက်ဖိုစ့်ကို ရီးရဲမက်ဒရစ်၊ဘာစီလိုနာနဲ့PSGအသင်းတို့ကစောင့်ကြည့်နေကြပြီးမန်ယူအသင်းက အသင်းမှာ၂၀၂၈ထိကစားသမားကိုရှိနေစေမယ့်စာချုပ်သစ်ချုပ်ဆိုဖို့အမြန်စီစဉ်လာတာပါ။

စာချုပ်သစ်အရရက်ဖိုစ့်ဟာ တပါတ်ကို လုပ်ခလစာပေါင်၃သိန်းရရှိမှာဖြစ်ပြီါ်အခြားခံစားခွင့်တွေရရှိဥိးမှာပါ။စာချုပ်သစ်အတွက်ရက်ဖိုစ့်ဟာ အေးဂျင့်ဖြစ်သူမိခင်နဲ့ညှိနှိုင်းနေပြီး စာချုပ်သစ်ကိုလက်မှတ်ထိုးဖို့ကလည်းသေချာသလောက်ရှိနေပါတယ်။

ရက်ဖိုစ့်ကိုမန်ယူအသင်းတာဝန်ှရှိသူတွေကလည်းစာချုပ်သစ်လက်မှတ်ရေးထိုးမှုကို လာမယ်ံယူရိုပွဲမတိုင်ခင်မှာ လက်မှတ်ထိုးစေလိုကြပြီးယူရိုပွဲမှာရက်ဖိုစ်သာခြေစွမ်းထပ်မံပြသနိုင်ခဲ့ရင်အခြားကမ်းလှမ်းမယ့်အသင်းတွေတိုးလာမှာကိုစိုးရိမ်နေပါတယ်။

ရပ်ဖိုစ့်ဟာအခုရာသီပရီးမီးယားလိဂ်မှာခြေစွမ်းပြသနေပြီးမန်ယူအသင်းပွဲစဉ်အားလုံးမှာ၁၂ဂိုးသွင်းယူထားပါတယ်။ရပ်ဖိုစ့်ဟာမန်ယူအသင်းမှာ၂၃၄ပွဲပွဲထွက်ကစားထားပြီး၇၉ဂိုးထိသွင်းယူထားကာ၂၀၁၈ကမ္ဘဖလားပွဲမှာလည်းအင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်ထိရောက်ရှိအောင်ဦးဆောင်ကစားထားသူပါ။

ရက်ဖို့ကို မန်ယူနည်းပြဟောင်း ဗန်ဟားက ၂၀၁၆ခုနှစ်မှာ လူငယ်အသင်းကနေစတင်စင်တင်ပွဲထုတ်ခဲ့တာဖြစ်ပြီး။မန်ယူအသင်းမှာရက်ဖိုစ်စတင်ပွဲထွက်ကစားခွင့်ရရှိချိန်ကအသင်၁၈နှစ်အရွယ်သာရှိပါသေးတယ်။အခုဆိုရင်ရက်ဖိုစ့်ဟာမန်ယူအသင်းရဲ့မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ်ရောက်ရှိနေပြီဖြစ်ပါတယ်။

ဂ်ြန္ထက္

Leave a Comment

Your email address will not be published.