ယူနိုက်တက်ဟာ လက်ရှိခြေစွမ်းဖြင့် ယူရိုပါလိဂ်မရနိုင်ဟု နည်းပြဟောင်းမော်ရင်ဟိုပြော

မန်ချက်စတာယူနိက်တက်ဟာ ခြေစွမ်းမတည်ငြိမ်မှုကြောင့် ကစားသမား ဒဏ်ရာအခြေနေတွေအရ မန်ယူ ဂန္တဝင်ကြီးတွေဟာ ဒီအခြေနေကို စိုးရိမ်နေကြပါတယ်….

မန်ချက်စတာယူနိက်တက်ဟာ ရှက်ဖီးအသင်းနဲ့ကန်ခဲ့တဲ့ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းထက်သာလွန်တဲ့ အနေထားတခုကို ပိုင်ဆိုင်ခဲ့ပေမယ့် ဇယားအောက်ဆုံးအသင်းက အသင်းကို တော်တော်လေးရုန်ကန်ခဲ့ရတယ်ဆိုတာတော့တွေ့ခဲ့ရပါတယ်…

မန်ယူနည်းပြဟောင်း ဟိုဆေးမော်ရင်ဟို က ချန်ပီယံလိဂ်ကနေပြန်လာရတဲ့ မန်ချက်စတာယူနိက်တက်ရဲ့ လက်ရှိခြေစွမ်းကို ယူရိုပါလိဂ်တွင် ဖလားရဖို့ အဆင်သင့်မဖြစ်သေးကြောင်းကို ရှင်းပြခဲ့ပါတယ်…

မော်ရင်ဟိုက ” ကျနော်တို့ ချန်ပီယံလိဂ်ဆိုတာ တကယ့် ထိပ်သီးအသင်းတွေအားပြိုင်ပွဲလို့ လူတိုင်းက ထင်ကြတယ် မှတ်ယူကြတယ်…..ဒါပေမယ့် ယူရိုပါလိဂ် ကိုလည်း မေ့ထားလို့မရပါဘူး……ဒီမှာလည်း တကယ့် အင်အားကြီးအသင်းတွေပြိုင်ဆိုင်နေဆဲပါ….

မန်ချက်စတာယူနိက်တက် ရဲ့ကစားကွက်ဟာ ပုံမှန်မရှိဘူး မတည်ငြိမ်ဘူး ရှိတဲ့ အဓိက ကစားသမားတချို့ကလည်း နာနေတယ်….နောက်ပြီးတော့ ပေါ့ဘာ ရဲ့ ဇန်နဝါရီပြီးရင် ဖြစ်လာမယ့် ဟာကိုလည်း သူတို့ သေချာမသိကြဘူး…..

အသင်းပိုင်ရှင်ကလည်း အကြွေးမှီးတွေနဲ့ ကစားသမားဝယ်ယူမှုကို အလွယ်တကူ မဆုံးဖြတ်ရဲဘူး အက်ဝုဒ်ကလည်း စွမ်းဆောင်နိုင်တဲ့အနေအထားတွေမရှိဘူး ဝါရင့်ကစားသမားတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတည်းက မန်ချက်စတာယူနိက်တက်ဟာ အတောင်ပံ တဖက်ကျိုးသလို ဖြစ်ခဲ့ရပြီးသွားခဲ့ပြီ

အဲ့ဒီအနေအထားတွေကြောင့် မန်ချက်စတာယူနိက်တက်ဟာ ယူရိုပါလိဂ်ဖလားရဖို့ Play – off ပွဲစဉ်တွေကိုတော်တော် ရုန်းကန်ရပါလိမ့်မယ် ….ဖလားရဖို့ သူတို့ စိတ်ကူးယဉ်မနေသင့်ဘူး ” ဟု ခနဲ့ကာ ပြောသွားခဲ့ပါတယ်…..

Htet Mg

Leave a Comment

Your email address will not be published.