ကာဗာနီစီမှာတပည့်ခံနေကြောင်းဝန်ခံလိုက်တဲ့ မန်ယူကစားသမား

မန်ယူအသင်းရဲ့လူငယ်ခြေတတ်တိုက်စစ်မှူးလေးဂရင်းဝုဒ်က သူဟာအသင်းမှာရောက်ရှိနေတဲ့ ဥရုကွေး ကြယ်ပွင့်တိုက်စစ်မှူးကြီးကာဗာနီစီမှာ တပည့်ခံပြီးသင်ယူနေကြောင်း မီဒီယာအင်တာဗျူးမှာဖြေကြားလိုက်ပါတယ်။

သူဟာကာဗာနီစတင်ရောက်ရှိချိန်ကအသင်းမှာနေရာပျောက်မှာကို စိုးရိမ်မှုရှိခဲ့သေးကြောင်းလည်းဆိုပါတယ။ဒါပေမယ့် ကာဗာနီအသင်းရဲ့လေ့ကျင့်ကွင်းကိုစတင်ရောက်ရှိခဲ့တဲ့နေ့ထဲက သူ့အတွက်အကျိုးကျေးဇူးအများကြီးရှိခဲ့ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

ကာဗာနီရောက်ရှိလာတာအသင်းမှာရှိတဲ့တိုက်စစ်မှူးအားလုံးအတွက် ဘာပြသနာမှမရှိခဲ့ဘူးလို့၎င်းကဆိုပါတယ်။အသင်းအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့လူငယ်တိုက်စစ်မှူးလေးဟာတိုက်စစ်မှူးစစ်စစ်တစ်ဦးရဲ့နေရာယူကစားပုံတွေကို ကာဗာနီစီကနေအတုခိုးပြီးလေ့ကျင့်နေကြောင်း ပြောပြခဲ့ပါတယ်။

ကျွန်တော်သူ့စီကသင်ယူနေပါတယ်။သူကလုံးဝကိုအလန်းဘဲကြီးဗျ။တိုက်စစ်မှူးတစ်ယောက်အတွက်စံနမူနာကောင်းတွေသူ့စီမှာ အများကြီးပါ။သူလုပ်ပြနေတဲ့အရာတွေက အရမ်းလန်းတယ်။

သူလေ့ကျင့်ခန်းအစီအစဉ်တွေမှာဘာတွေလုပ်တယ်။ဘယ်လိုတွေလေ့ကျင့်တယ်ကျွန်တော်အမြဲမှတ်ထားတယ်ပြီးရင်အဲ့ပုံစံအတိုင်းကျွန်တော်ပြန်လေ့ကျင့်တယ်။သူရောက်လာတာကျွန်တော်အတွက်ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရရှိနေပါပြီ။

သူဆောက်သင်တန်နဲ့ပွဲစဉ်မှာ မယုံနိုင်စရာဂိုးနှစ်ဂိုးသွင်းယူပြီးအသင်းကိုကယ်တင်ခဲ့တယ်။ဒါပေမယ့် အဲ့ဒိအရာကသူ့အတွက်သိပ်မထူးဆန်းဘူးဗျ။သူနာပိုလီနဲ့PSGမှာ အဲ့ပုံစံအတိုင်း ၁၀နှစ်နဲ့၁၅နှစ်ဂိုးတွေသွင်းယူနေခဲ့တာပါဟုပြောကြားခဲ့ပါတယ်။

Jhonhtet

Leave a Comment

Your email address will not be published.