ဖာဂူဆန်ပြောနေကျစကားနဲ့ဆိုးရှားဖြဲလိုက်တဲ့မန်ယူကစားသမားကဘယ်သူလဲ

လက်ရှိအချိန်မှာ ရလဒ်ပိုင်း၊ ရပ်တည်မှုပိုင်း အခြေအနေပြန်တိုးတက်လာနေပြီဖြစ်တဲ့ မန်ယူရဲ့နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့တည်ငြိမ်မှုကို ထိပါးစေနေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားကို ပြတ် သားတိကျသော သတိပေးစကားဆိုလိုက်ပါပြီ။

ယမန်နေ့ကပဲ အိုးလ်ထရက်ဖို့ဒ်ကလပ်ရဲ့နည်းပြသက်တမ်းနှစ် နှစ်ပြည့်မြောက်သွားခဲ့တဲ့ အိုလေဂန်နာဆိုးလ်ရှားက “သူ(ပေါ့ဂ်ဘာ)က မန်ချက်စတာယူနိုက်တက်ထက်ပိုပြီး ကြီးမားတယ်လို့ ယူဆထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်ဆန့်ကျင်ပါတယ်။

ဘယ်သူမှ အသင်းထက်မပိုပါဘူး။ အသေအချာပဲ။ ဒါကို ပေါလ်သိပါတယ်။ ပေါလ်တစ်ယောက်ထဲကို ပြောတာမဟုတ်ဘူး။ အားလုံးကိုပြောတာ” လို့ ခပ်ပြတ်ပြတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့အေးဂျင့် မင်နိုရိုင်အိုလာဟာ လိုက်ပစ်ဖ်နဲ့ အရေးကြီးချန်ပီယံလိဂ်ပွဲမကစားခင်မှာ ပေါ့ဂ်ဘာ ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းကထွက်ခွာတော့မယ်လို့ ပြောကာ အသင်းတွင်း မငြိမ်သက်မှုဖြစ်ပွားစေခဲ့သ လို နောက်ပိုင်းမှာလည်း “ဇန်နဝါရီမှာ ညှိနှိုင်းဆွေးနွေးရတာခက်လို့ ပေါလ်က နွေရာသီကျရင် အသင်းပြောင်းမှာ လို့ ကျနော်ပြောခဲ့ပြီးပါပြီ”ဆိုပြီး မီးစထပ်ထိုးပေးခဲ့ပြန်ပါတယ်။

တစ်ပတ်စတာလင်ပေါင်(၃၀၀,၀၀၀)ရရှိနေတဲ့ ပြင်သစ်လက်ရွေးစင်ဟာ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း(၁၈)လသာ ကျန်ရှိတော့တာပါ။ ဒီနေ့ညမှာ လိဒ် ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားရတော့မယ့် မန်ယူရဲ့နည်းပြဆိုးလ်ရှားက

“ပေါလ်က မန်ယူနိုက်တက်ယူ-၁၈ အသင်းမှာ ကလေးဘဝထဲက ရှိခဲ့တာ။ သူ့ကိုစောစောစီးစီးစာချုပ် ပြီး သူ့ကိုယ်ထဲမှာ မန်ယူနိုက်တက် DNA တွေရှိပြီးသားပါ။ ကျနော်တို့အသင်းအကြောင်း သူသိတယ်။ ယူနိုက် တက်ဆိုတာ အသင်းလိုက်စိတ်ဓါတ်အပြည့်ဆိုတာကို။

ပေါလ်က ဟိုးအရင်ထဲက ဘောလုံးကစားရတာကို သ ဘောကျတဲ့ ရည်မှန်းချက်ကြီးတဲ့ကောင်လေးပါ။လေ့ကျင့်ခန်း ကောင်းကောင်းဆင်းတယ်။ ဘယ်တော့မှ ကစား ဖို့/လေ့ကျင့်ဖို့ ငြင်းခဲ့တာမျိုးမရှိဘူး။ စိတ်ဓါတ်ကောင်းတဲ့ကောင်လေးပါ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

jhonhtat

Leave a Comment

Your email address will not be published.