မြွေပူရာ ကင်းမှောင့် ဆိုသလို အာဆင်နယ်နည်းပြ အာတီတာအတွက် နောက်ပြဿနာအသစ်..

ရလဒ်တွေ ဆိုးဝါးနေမှုကြောင့် အခြေအနေမတည်မငြိမ်ဖြစ်လျက်ရှိနေတဲ့ အာဆင်နယ်မှာ နောက်ထပ် ပြဿနာတစ်ခုအဖြစ် နည်းပြမိုက်ကယ်အာတီတာရဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလျံအပေါ်မှာ ပစားပေး ဆက်ဆံမှုတွေကြောင့် အခြားသောကစားသမားတွေက မကျေမနပ်ဖြစ်နေတဲ့ သတင်းပေါ်ထွက်လို့ လာပြန်ပါ ပြီ။

ဆောက်သမ်တန်ကို အိမ်ကွင်းမှာ သရေတစ်မှတ်ရအောင် မနည်းလိုက်ကစားခဲ့ရကာ နောက်ဆုံးငါးပွဲမှာ က စားသမားသုံးဦး အနီကတ်ပြထုတ်ပယ်ခံခဲ့ရခြင်းကြောင့် အာဆင်နယ်အသင်းတွင်းမှာ မကျေမချမ်းဖြစ်နေတာ တစ်စုံတစ်ရာတော့ ရှိနေပြီလို့ သုံးသပ်မှုတွေလည်း ရှိနေခဲ့တာပါ။

ဘရာဇီးတောင်ပံလူ ဝီလျံဟာ ပြီးခဲ့တဲ့နွေဈေးကွက်ကမှ ချဲလ်ဆီးကနေ အာဆင်နယ်ထံ အလွတ်ပြောင်း လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ အသင်းတာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်မရှိဘဲ ဒူဘိုင်းကို ခရီးထွက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ လိဒ်စ်ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်တဲ့။

အဲဒီလိုအ ပြုအမူမျိုးသာ အခြားသောကစားသမားတွေက ကျူးလွန်ခဲ့မယ်ဆိုရင် လူစာရင်းက ဖယ်ရှားခံရတာမျိုး ဒါမှမ ဟုတ် ဒဏ်ရိုက်ခံရတာမျိုး တစ်ခုခုနဲ့ အပြစ်ပေးခံရမှာဖြစ်တယ်လို့ အာဆင်နယ်စီနီယာကစားသမားအချို့က မ ကျေမနပ်ဖြစ်နေကြတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဝီလျံဟာ ဖူလ်ဟမ်ကို သုံးဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အခြားသော အာဆင်နယ်ကစားသမားတွေလိုပဲ ထိပ်တန်းခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတာပါ။

အခြားပြဿနာက လည်း ဘရာဇီးနောက်ခံလူ ဒေးဗစ်လုဇ်ဟာ မန်ယူကို အဝေးကွင်းမှာ (ဝ-၁)နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သူကိုယ်တိုင်က အပြည့်အဝကြံ့ခိုင်နေတယ်လို့ ပြောခဲ့ပေမယ့် ဒဏ်ရာအနာတရဖြစ်မယ့် အလားအလာကို ရှောင်ရှားလိုတဲ့အ တွက် နည်းပြမိုက်ကယ်အာတီတာက ချန်ရစ်ခဲ့တဲ့အပေါ်မှာ မကျေမနပ်ဖြစ်နေခဲ့တာပါ။

အခုချိန်ထိတော့ အာဆင်နယ်ဘုတ်အဖွဲ့က အာတီတာဟာ နည်းပြရာထူးအတွက် အသင့်တော်ဆုံးသူ လို့ လက်ခံထားကြဆဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ တန်းဆင်းဇုန်ရဲ့အထက် အဆင့်သုံးဆင့်၊ ငါးမှတ်အကွာမှာသာ နိမ့်ပါးစွာရပ်တည်နေရပါတယ်။

အာဆင်နယ်ဟာ မနက်ဖြန်ကျရင် အဲဗာတန်အသင်းရဲ့ ကွင်းကိုသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး သုံးရက်အကြာမှာ မန်စီးတီးနဲ့ လိဂ်ဖလားကွာတားဖိုင်နယ် ကစားဖို့ရှိ နေကာ Boxing Day မှာတော့ လန်ဒန်ဒါဘီပြိုင်ဘက် ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Jhonhtet

Leave a Comment

Your email address will not be published.