ဖာဂူဆန်ပြောသော ဘရူနိုဟာ မန်ယူအသင်းမှာ ဘယ်လောက်အထိအရေးပါသလဲ…

မန်ချက်စတာယူနိက်ကတက်ဟာ ယခုနှစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ကို နှုတ်ဆက်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို အာရုံစိုက်ကစားရတော့မှာပါ….ယခုနှစ်အတွင်း အသင်းရဲ့ ခြေစွမ်းပိုင်းမတည်ငြိမ်မှုကြောင့် နည်းပြ နှင့် ကစားသမားများဟာလည်း ဝေဖန်မှုများစွာခံခဲ့ရပါတယ်…

မန်ချက်စတာယူနိက်တက် အသင်းရဲ့ တချို့ပွဲစဉ်များတွင် ဆိုးရှာလ်ကို မန်ယူရဲ့ သက်တော်ရှည် အောင်မြင်မှုတွေကို အများဆုံး ရယူထားပေးသော နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က ကူညီပေးနေတယ်ဆိုတဲ့သတင်းတွေကို ဆိုးရှား ကအတည်ပြုခဲ့ပါတယ်…

ပြီးနောက် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး ဖာဂူဆန်က ဂယ်ရီနဗီးလ်ကမေးထားခဲ့တဲ့ ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာယူနိက်တက်မှာ ဘယ်လောက်အရေးပါအရာရောက်နေတဲ့ ကစားသမားလဲဆိုတာက ဖာဂူဆန်က ယခုလိုပြောကြားခဲ့ပါတယ်…

ဆာအဲ့လက်စ် ဖာဂူဆန်က ” ဘရူနိုဟာ စီရော်နယ်ဒို လိုပုံစံကောင်းရှိနေတဲ့ သူတယောက်ပါ သူတို့ နှစ်ယောက်ဟာ ကစားပုံအနည်းငယ်ကွာခြားပေမဲ့ စိတ်ဓာတ်ပိုင်း အောင်မြင်မှုကို ဆာလောင်မှုပိုင်းကတော့ အတော်တူတဲ့ ကစားသမားတယောက်ပါ….

ဆိုးရှားလ်အနေနဲ့ ဘရူနိုကို သေချာ ဂရုစိုက်ပြီး ပွဲထုတ်ကစားခိုင်းတာမျိုးဖြစ်သင့်ပါတယ်….ဘရူနိုဟာ ကွင်းလယ်မှာ တော်မီနေး ပေါ့ဘာ ဗန်ဒါဘတ် တို့ထက် စွမ်းဆောင်ရည်မြင့်တဲ့ ကစားသမားတယောက်ပါ…..

သူရဲ့ ခြေစွမ်းကစားပုံကို အလုံးစုံမြင်တွေ့ချင်တယ်ဆိုရင် ဆိုးရှားလ်အနေနဲ့ တန်ပြန်တိုက်စစ်က နေ ကစားတဲ့ပုံစံကို ပြောင်းလဲပြင်ဆင်ပြီး တိုက်စစ်အသားပေးပြီး တောင်ပံတွေကနေ အလုပ်လုပ်ပြီး ကွင်းလယ်ကနေ ဘရူနိုရဲ့ တိကျတဲ့ပေးပို့ဖြန့်ဝေမှုတွေကို

ကာဗာနီ ရတ်ဖို့ မာရှယ်တို့ကို အဆုံးသတ်ခိုင်းလိုက်မယ်ဆိုရင် ဘရူနို ဟာ ပြည့်စုံလွန်းတဲ့ကစားသမားတယောက်ပါ….သူ့အတွက် မန်ယူအသင်းမှာ အမြဲတမ်းနေရာရှိနေတဲ့ ကစားသားလို့လည်းပြောလို့ရနိုင်ပါတယ်…

တကယ့် ပွဲကျပ်တွေမှာဆိုရင် ဘရူနိုမရှိတဲ့ ကွင်းလယ်အား တော်တော်ကျဆင်းသွားပြီး နေရာစုံက ကစားသမားတွေ အချိတ်အဆက်မမိတော့တဲ့ အနေထားထိ ဖြစ်လာနိုင်ပါတယ်….ဆိုးရှားအနေနဲ့ လက်ရှိခြေစွမ်းနဲ့ အတူ ဘရူနိုကိုလည်း ကောင်းကောင်းအသုံးပြုတတ်ပါဟု ” ပြောသွားခဲ့ပါတယ်….

Htet Mg

Leave a Comment

Your email address will not be published.