ယူနိက်တက်ဟာဇန်နဝါရီတွင် မဖြစ်မနေလုရမယ့် ကစားသမား ( ၂ )ဦးကို ပေါလ်စခိုးလ်ပြောပြီ

မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်ပိုင်းထပ်မံအင်အားဖြည့်မယ်ဆိုတဲ့ သတင်းတွေ နှင့် စောင့်ကြည့်သတင်းများစွာတော့ အများအပြားထွက်လျက်ရှိပါတယ်…

မန်ချက်စတာယူနိက်တက် ဇန်နဝါရီအပြောင်းအရွေ့မှာ တိုက်စစ်မှူး တဦး ရရှိဖို့ကို နောက်တန်း ဗဟိုခံစစ်မှူးတွေရရှိရေးထက်ပိုပြီး ကြိုးပမ်းသွားမယ်လို့ Sport Tribble မှာပြောသွားခဲ့ဖူးပါတယ်…

မန်ယူဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်ကတော့ မဖြစ်မနေလုရမယ့် ကစားသမားနှစ်ဦးကို ပြောပြခဲ့ပါတယ်…

ပေါစခိုးလ်က ” မန်ချက်စတာယူနိက်တက်ဟာ မဖြစ်မနေ တိုက်စစ်မှူးဝယ်ယူတော့မယ်ဆိုရင်တော့ ပြိုင်ဘက်ထိပ်သီးအသင်းကြီးတွေနဲ့ လုယူရပါမယ်….ဘာဖြစ်လို့လဲ ဆိုတော့ မန်ချက်စတာယူနိက်တက် ကစားသမားဝယ်ယူမှုထိရောက်ချင်တယ်ဆိုရင် အရင်ကလို ပုံစံတွေလုပ်နေလို့မရတော့ပါဘူး….

ပြိုင်ဘက်ထိပ်သီးအသင်းတွေဟာ ယခုတည်းက လုပ်ရှားနေကြပါပြီ….ကျနော်တို့ မန်ချက်စတာယူနိက်တက်အနေနဲ့ အရမ်းရုန်းထတာနှေးတဲ့အတွက် ရုန်းအားကောင်းပြီး အရမ်းလျင်မြန်ပြီး အဆုံးသတ်သေချာတဲ့ကစားသမားမျိုးကို ရွေးချယ်ဖို့တော့လိုပါလိမ့်မယ်

မန်ချက်စတာယူနိက်တက်အနေနဲ့ ဒေါ့မွန် အသင်းက ဟာလန်း နဲ့ PSG အသင်း အယ်ဘာပေ တို့ကို ဦးစားပေးစဉ်းစားသွားဖို့ပြောချင်ပါတယ်…မန်ချက်စတာယူနိက်တက်လိုအပ်နေတဲ့ အချက်တွေဖြစ်တဲ့ နောက်တန်းတွေကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့

အရည်အချင်းမျိုးနဲ့ လျင်မြန်မှုတွေကို PSG မှ အယ်ဘာပေ ကပေးနိုင်ပြီးတော့ အဆုံးသတ်သေချာတဲ့ပိုင်းကိုတော့ ဒေါ့မွန်က ဟာလန်းက ပေးနိုင်မှာဖြစ်လို့ ခေါ်ယူမယ်ဆို ဒီကစားသမားနှစ်ယောက်ကို ဦးစားပေးခေါ်ယူသင့်ကြောင်း ” ပြောသွားခဲ့ပါတယ်…

Htet Mg

Leave a Comment

Your email address will not be published.