ဒန်နီရယ်ဂျိမ်းကိုအသင်းကနေထွက်ခွါခိုင်းမယ့်ကိစ္စကိုပြန်စဉ်းစားဖို့ရိုင်ရန်ဂစ်သတိပေး

မန်ယူအသင်းမှ ဝေလ်းတောင်ပံကစားသမားဒန်ရီရန်ဂျိမ်းကို အခုလာမယ့်အပြောင်းအရွှေ့မှာလိဒ်ယူနိုက်တတ်အသင်းကို အငှားစာချုပ်နဲ့ထွက်ခွာခွင့်ပေးဖို့စီစဉ်နေတာကို ဂျိမ်းရဲ့ဆရာဟောင်းမန်ယူဂန္ဓဝင်ကစားသမားကြီးရိုင်ယန်ဂစ်က ပြန်စဉ်းစားဖို့မန်ယူဘုတ်အဖွဲ့ကို သတိပေးလိုက်ပါတယ်။

ဂစ်နဲံဂျိမ်းတို့ဟာဝေးလ်လက်ရွေးစင်အသင်းမှာလက်တွဲဘူးပြီးဂစ်ရဲ့တိုက်တွန်းမှုကြောင့်ဘဲဆိုးရှားက ၂၀၁၉ခုနှစ်မှာ ဂျိမ်းကိုမန်ယူအသင်းကိုခေါ်ယူခဲ့တာဘဲဖြစ်ပါတယ်။ဆွမ်ဆီးအသင်းမှာတစ်ရာသီသာကစားရသေးတဲ့ဂျိမ်းကလည်း မန်ယူအသင်းကိုစတင်ရောက်ရှိချိန်မှာခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

လှျှင်မြန်မှုကို အသားပေးပြီးကစားတဲ့ဂျိမ်းရဲ့ကစားပုံကို ပရီးမီးယားလိဂ်နောက်တန်းကစားသမားတွေအချိန်တိုအတွင်းကျတ်မိလာကောဂျိမ်းအားသန်တဲ့ဘယ်တောင်ပံမှာရက်ဖိုစ့်ခြေစွမ်းပြနိုင်လာတာကြောင့်ညာတောင်ပံကိုပြောင်းရွှေ့ကစားခဲ့ရမှာဂျိမ်းခြေစွမ်းမပြနိုင်တော့ဘဲအရန်ခုံမှာသာအချိန်ဖြုန်းနေရပါတော့တယ်။

မန်ယူအရန်ခုံကဂျိမ်းကိုမူလထဲကစိတ်ဝင်စားဘူးတဲ့ ပရီးယားလိဂ်တန်းတတ်လိဒ်အသင်းကအငှားအပြီးရောင်းပုံစံနဲ့အခုဇန်နဝါရီမှာခေါ်ယူဖို့မန်ယူအသင်းနဲ့ညှိနှိုင်းနေပြီးလစာလျှော့ချလိုတဲ့မန်ယူအသင်းကလည်းကစားသမားကိုအငှားချထားလိုလျှက်ရှိနေပါတယ်။

မန်ယူအသင်းဟာဇန်နဝါရီမှာ အတ္တလန်တာအသင်းကဝယ်ယူထားတဲ့ညာတောင်ပံလူငယ်ကစားသမားလေးထရာအိုရေးရောက်ရှိလာမှာအပြင်လူငယ်အသင်းမှာကစားနေရတဲ့ပယ်လီစတာရီကိုလည်းအသင်းကြီးကိုခေါ်ယူဖို့ရှိနေတာကြောင့် ကစားသမားအင်အားကိုလည်းလျှော့ချဖို့ရှိနေပါတယ်။

ယမန်နေ့ညက လိဒ်အသင်းနဲ့ပွဲစဉ်မှဂြျိမ်းကိုထည့်သွင်းကစားစေတာဈေးခေါ်ကောင်းအောင်လုပ်ဆောက်ချက်လို့ဘောလုံးဝေဖန်သူတွေကသုံးသပ်နေကြပြီးလိဒ်အသင်းနည်းပြဘီယဲဆာကိုလည်းဂျိမ်းရဲ့ကစားပုံကို သေသေချာချာမြင်တွေ့စေချင်လို့အခုလိုစီစဉ်တာဖြစ်ကြောင်းဆိုပါတယ်။

အခုလိုအသင်းကနေ ဂျိမ်းကိုရှင်းထုတ်ဖို့လုပ်တာကို ဂျိမ်းရဲ့ဆရာဟောင်း ရိုင်ယန်ဂစ်ကမန်ယူအသင်းကို သတိပေးလိုက်တာပါ။ဂျိမ်းဟာငယ်ရွယ်ပြီးတိုးတတ်ဖို့အခြေနေများစွာရှိနေတဲ့ကစားသမားတစ်ဦးဖြစ်ပြီးအချို့လူငယ်ကစားသမားတွေလိုပလွှားခြင်းမရှိတဲံ့လူငယ်လေးတစ်ဦးဖြစ်ကြောင်းနဲ့မန်ယူအသင်းအနေနဲ့တချို့ဆုံးဖြတ်ချက်တွေကိုသေချာစဉ်းစားစေချင်တယ်လို့ ဆိုပါတယ်။

ဂျိမ်းဟမန်ယူအသင်းကို ၂၀၁၉ခုနှစ်ကရောက်ရှိလာခဲ့တာဖြစ်ပြီးမန်ယူအသင်းမှာ၅၃ပွဲကစားခွင့်ရရှိထားပါတယ်။အဆိုပါ၅၃ပွဲမှာ ၆ဂိုးသွင်းယူထားပြီး၇ဂိုးဖန်တီးပေးထားတာအသက်၂၃နှစ်အရွယ်လူငယ်ကစားသမားတစ်ဦးအတွက်အရမ်းဆိုးရွားတဲ့မှတ်တမ်းတခုလည်းမဟုတ်ပါဘူး။

Jhonhtet

Leave a Comment

Your email address will not be published.