မာတင်နယ်လီကိုဦးစားပေးလို့မကျေမနပ်ဖြစ်နေတဲ့အာဆင်နယ်တိုက်စစ်မှူး

အာဆင်နယ်အသင်းအခြေနေဆိုးနေချိန်မှာအသင်းကစားသမားများအတွင်းမှာလည်းစိတ်ဝမ်းကွဲမှုတွေရှနေကြောင်းSky Sportမှာဖေါ်ပြလိုက်ပါတယ်။

အထူးသဖြင့်ဒဏ်ရာကနေပြန်လာတဲ့ဘရာဇီးလူငယ်တိုက်စစ်မှူး မာတင်နယ်လီကို နည်းပြဖြစ်သူအာတီတာကဦးစားပေးနေတာကိုဝါရင့်တိုက်စစ်မှူးလာကာဇတ်တေက မကျေနပ်ဖြစ်နေတဲ့လို့ဆိုပါတယ်။

ယင်းအကြောင်းအရာကို Sky Sportမှာဘောလုံးဝေဖန်သူလုပ်နေတဲ့ လာကာဇက်ရဲ့မိတ်ဆွေဖြစ်သူ ခရစ္စတယ်ပဲလေ့တိုက်စစ်မှူးဟောင်းမော်ရစ်ဆင်ကထုတ်ဖေါ်လိုက်တာပါ။

အဆိုပါပြသနာဟာအဲဗတြန်အသင်းကိုရှှုံးနိမ့်တဲ့ပွဲစဉ်မှာပိုမိုထင်ရှားလာခဲ့ပြီဖြစ်ကြောင်း၎င်းကပြောပါတယ်။အဆိုပါပွဲစဉ်မှာနည်းပြအာတီတာကပွဲချိန် ၇၁မိနစ်မှာ မာတင်နယ်လီကို ပီပီနဲ့ဦးစွာလူစားလဲခဲ့ပြီးလာကာဇက်ကိုတော့ပွဲချိန်၇၆မိနစ်မှာမှတိုက်စစ်မှူးအန်ကက်တီယားနဲ့လူစားလဲခဲ့ပါတယ်။

အခုလိုအသင်းလူစားရင်းမှာအခုလို အန်ကက်တီယာနဲ့မာတင်နယ်လီတို့ရဲ့နောက်ကိုရောက်ရှိနေတာကိုလုံးဝမကျေနပ်ဘဲအခုဇန်နဝါရီမှာအသင်းကနေထွက်သွားနိုင်ဖို့စီစဉ်နေတယ်လို့ မော်ရစ်ဆင်ကဖွင့်ချပါတယ်။

အဆိုပါလူစားလဲဝင်ရောက်ခဲ့ပြီးလာကာဇက်နဲ့မာတင်နယ်လီတို့ရဲ့ စွမ်းဆောင်မှုဟာတူညီနေခဲ့တာကိုလည်းတွေ့ရပါတယ်နှစ်ဦးစလုံးဘောလုံးထိချက်၁၃ချက်စရှိနေကြပြီးလာကာဇတ်ကတော့ဘောလုံးပေးပို့မှု၅၀%သာအောင်မြင်ပြီး မာတင်နယ်လီက၈၀%ထိအောင်မြင်ထားပါတယ်။လီမ်ခေါက်ကျော်ဖြတ်မှုမှာတော့တစ်ဦးကိုတစ်ကြိမ်စီရှိတယ်လို့သိရပါတယ်။

Jhonhtet

Leave a Comment

Your email address will not be published.