ယူနိက်တက်တသင်းလုံးကောင်းနေခဲ့ပေမဲ့ ဗဟိုခံစစ်မှူးတယောက် ပထမပိုင်းကျိန်စာမိနေဆဲ…

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) ကို လိဒ်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံ ကစားရှာမှာ ၆-၂ ဂိုးဖြင့် ဂိုးပြတ်အပြတ်အသတ်အနိုင်ရကာ လက်ရှိရာသီရဲ့ အကောင်းဆုံးတိုက်စစ်ပုံစံကောင်းနဲ့ စုဖွဲ့မှုကို ပြသနိုင်ခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက် ဟာ တပွဲလုံးနီးပါး ၄-၂-၃-၁ ကစားကွက်ဖြင့် အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပြီး လူစားလဲဝင်လာတဲ့ ကာဗာနီ ဗန်ဒါဘတ် အဲလက်တဲတို့ဟာလည်း တိုက်စစ်ကို လိုက်ပါပြီး လိဒ်နောက်တန်းကို ဖိအားပေးချိန်းခြောက်နိုင်ခဲ့ကြပါတယ်…

ဒါပေမဲ့ ဒီတပွဲလုံးမှာ တသင်းလုံး တိုက်စစ်ကစားပုံတွေ ကောင်းမွန်ခဲ့ပေမဲ့ နောက်တန်းမှာတော့ အနည်းငယ်သော အမှားအယွင်းလေးများနဲ့အတူ ဗဟိုခံစစ်မှူးတယောက်ဟာ ပထမပိုင်း ကျိန်စာမိနေဆဲပါဘဲ…..

မန်ချက်စတာယူနိက်တက် ခံစစ်ပိုင်း အရင်ပွဲတွေမှာ ပထမပိုင်းတွင် အမှားအယွင်းများနဲ့ ပေးဂိုးများစွာပေးရပြီး ပထမပိုင်းကျိန်စာမိနေတယ်လို့ ဝေဖန်သုံးသပ်ခဲ့ကြပါတယ်…နောက်ပြီး အတက်အဆင်းနှေးတဲ့ခံစစ်မှူးတွေလို့လည်းဝေဖန်ခံခဲ့ရပါတယ်…..

နောက်ပြီး အမြင့်ဘောတွေကို မကာကွယ်နိုင်ဘူးလို့လည်း ထပ်ဆင့်ဝေဖန်ခံခဲ့ရပါတယ်…..ယခုပွဲမှာတော့ တသင်းလုံးပြည့်စုံခဲ့ပေမဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူးကြီး ဟယ်ရီမက်ကွိင်းယားကတော့ ပထမပိုင်းကျိန်စာမိနေဆဲဖြစ်ပါတယ်….

ပထမဆုံးပေးလိုက်ရတဲ့အလုံးဟာ အမြင့်ဘော့ဖြစ်ပြီး သူကိုယ်တိုင် လူကပ်ခဲ့တာ မသေချာဘဲ ဖြစ်ခဲ့ရလို့ ဂိုးပေးခဲ့ရပါတယ်…နောက်ပိုင်းတွေမှာလည်း မပြောပလောက်တဲ့ အမှားယွင်းလေးတွေ အနည်းငယ်တွေ့ခဲ့ရပါတယ်…

တိုက်စစ်ထိလိုက်ပါကစားခဲ့ပြီး ခံစစ်ပိုင်းကို အနည်းငယ်လျော့ပါးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်…လင်ဒီလော့ ဒီပွဲမှာ ကောင်းမနေခဲ့ဘူးဆို မန်ယူအတွက် ပေးဂိုးနဲ့ သွင်းဂိုးဟာမျှတသွားနိုင်ပါတယ်…

Htet Mg

Leave a Comment

Your email address will not be published.