အိုးထရက်ဖိုစ့်မှာ ရွာတဲ့ဂိုးမိုးနဲ့ တိုက်စစ်ခြေစွမ်းနဲ့ပရီးမီးယားလိဂ်ဖလားခြိမ်းခြောက်လိုက်တဲ့မန်ယူ

မန်ယူအသင်းဟာ အိမ်ကွင်းအိုးထရက်ဖိုစ့်မှာယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်အသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။မန်ယူအသင်းအတွက် ယခုနှစ်ဘောလံးုရာသီပရီးမီးယားလိဂ်မှာ အခုပွဲဟာဒုတိယမြောက်အိမ်ကွင်းနိုင်ပွဲဖြစ်ခဲ့ပါပြီ။

မန်ယူအသင်းအတွက် ပွဲစပြီးသုံးမိနစ်အတွင်းကွင်းလယ်ကစားသမားတော်မီနေးက အနိုင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီးအဆိုပါဂိုးတွေကို မာရှယ်နဲ့ဖာနန်ဒက်တို့ကဖန်တီးပေးခဲ့တာပါ။

မန်ယူအသင်းတိုက်စစ်ကစားပုံအလွန်ကောင်းခဲ့ပြီးပွဲချိန်၂၀မိနစ်မှာ ဖာနန်ဒက်က တတိယဂိုးသွင်းယူခဲ့ပါတယ်။မန်ယူတိုက်စစ်လေးကြိမ်ဂိုးပေါတည့်ရာမှာ သုံးဂိုးရရှိခဲ့ပြီးညာခြမ်းမှာပွဲထွက်လာတဲ့ဒန်နီရယ်ဂျိမ်းရဲ့လျှင်မြန်တဲ့ပြေးအားတွေကလည်းလိဒ်အသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

လိဒ်အသင်းကလည်းပေးဂိုးများခဲ့ပေမယ့်မန်ယူအသင်းနဲ့ခြေရေတူကစားနိင်ခံါပြီးဂိုးသမားဒီဂီယာလက်စွမ်းပြနိုင်ခဲ့လို့သာမန်ယူခြေပဂိုးစောစောပမေးခဲ့ရတာပါ။မန်ယူအတွက်စတ္တုထဦးဆောင်ဂိုးကိုထောင့်ကန်ဘောမှတဆင့်လင်ဒီလော့ကပွဲချိန်၃၇မိနစ်မှာသွင်းယူခဲ့ပြီလိဒ်အတွက်ခြေပဂိုးကိုလည်းထောင့်ကန်ဘောမှပင်ပွဲချိန်၄၂မိနစ်မှာကူးပါးသွင်းယူခဲ့ကာမန်ယူအသင်းပထမပိုင်းမှာ၄-၁ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်ယူအသင်းအတွက်ပဉ္စမမြောက်အနိုင်ဂိုးကိုပွဲချိန်၆၅မိနစ်မှာတော်မီနေးရဲ့ဖန်တီးပေးပို့ှုမှတဆင့်ဒီနေ့ပွဲစဉ်မှာခြေစွမ်းပြနေတဲ့ဒန်နီဂျိမ်းမှသွင်းယူခဲ့ပါတယ်။မန်ယူအသင်းအတွက်၆ဂိုးမြောက်အနိုင်ဂိုးကို ပွဲချိန်၆၉မိနစ်မှာ မာရှယ်ကိုလိဒ်အသင်းနောက်ခံလူမှဂိုးဧရိယာအတွင်းခြေချိတ်လဲတဲ့အတွက် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို ဘရူနိုဖာနန်ဒက်မှ အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။

ပွဲချိန်၇၂မိနစ်မှာဘရူနိုဖာနန်ဒက်နဲ့ရက်ဖိုစ့်တိုးအစား ဗန်ဒါဘိနဲ့ကာဗာနီတို့လူစားဝင်ရောက်ကစားခဲ့ပြီးပွဲချိန်၇၃မိနစ်နှစ်မှာတော့လိဒ်အသင်းအတွက်ဒုတိယခြေပဂိုးကိုဒဲလ်လက်က ဂိုးဧရီယာအစပ်ကနေလှလှပပကန်သွင်းယူခဲ့ပါတယ်။

လိဒ်အသင်းနဲ့မန်ယူအသင်းတို့ဟာပွဲချိန်နောက်ဆုံးစက္ကန့်ထိတိုက်စစ်ဖွင့်ကစားခဲ့ကြပြီးမန်ယူအတွက်အပိုင်အခွင့်အရေးအချိုကို ကာဗာနီ၊ဂျိမ်းနဲ့အဲလက်တဲယ်တို့လွဲချော်ခဲ့လို့သာဂိုးပိုမပြတ်ခဲ့တာပါ။အဆိုပါနိုင်ပွဲကြောင့် မန်ယူအသင်းဟာ အမှတ်ပေးဇယားအဆင့်၃နေရာထိရောက်ရှိလာပြီဖြစ်ပါတယ်။

Jhonhtet

Leave a Comment

Your email address will not be published.