လိဒ်ကိုနိုင်တဲ့ပွဲစဉ်မှာကြယ်ပွင့်ကစားသမားနှစ်ဦးဒဏ်ရာရခဲ့လို့နစ်နာခဲ့ရတဲ့မန်ယူ

မန်ယူအသင်းဟာယမန်နေ့ညကအိမ်ကွင်းအိုးထရက်ဖိုစ်မှာတန်းတတ်လိဒ်ယူနိုက်တ်အသင်းကို၆-၂ဂိုးရလာဒ်နဲ့နိုင်ရရှိခဲ့ပါတယ်။လိဒ်အသင်းဟယ နည်းပြဘီယဲဆားရဲ့လက်အောက်မှာ အထူးခြေစွမ်းပြနေတဲ့အသင်းပြီပြီမန်ယူအသင်းကိုနောက်ဆုံးမိနစ်ထိပြန်လှန်ကစားခဲ့တာပါ။

အဆိုပါပွဲစဉ်မှာမန်ယူအသင်းအတွက်အထူးခြေစွမ်းပြကစားခဲ့တဲ့ကစားသမာတစ်ဦးဖြစ်ပြီးအကောင်းဆုံးကစားသမားအဖြစ်အရွေးချယ်ခံရတဲ့တော်မီနေးဟာ မန်ယူအတွက်ပွဲအစသုံးမိနစ်အတွင်းနှစ်ဂိုးသွင်းယူခဲ့သလိုအခြားပွဲချိန်မှာလည်းတစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဒါပေမယ့် တော်မီနေးဟာပွဲပြီးကာနီးမှာ ပေါင်ခြံဒဏ်ရာကြောင့်ပွဲကိုဆက်လက်ကစားနိုင်ခြင်းမရှိတော့ဘဲလူစားလဲခဲ့ရသလိုအခြားကစားသမားတစ်ဦးဖြစ်တဲ့ ဘယ်နောက်ခံကစားသမားလုရှောဟာလည်းအသင်း ဟိုတယ်ပြန်အရောက်မှာလမ်းလျှောက်ဖို့တောင်ခက်ခဲတဲ့ကြွက်သားဒဏ်ရာပြန်ပေါ်လာခဲ့ကြောင့် မန်ချက်စတာညနေခင်းသတင်းအရသိရပါတယ်။

အဆိုပါကစားသမားနှစ်ဦးလုံးဟာ လာမယ့်ကြာသပတေးနေ့ညမှာ အဲဗာတန်အသင်းနဲ့ယှဉ်ပြိုင်မယ့် ကာရာဘိုးဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ဖို့သေချာနေပြီဖြစ်ကြောင်းနည်းပြဆိုးရှားကလည်းအတည်ပြုပြောကြားလိုက်ပါတယ်။

ဆိုးရှားက တော်မီနေးရဲ့အကောင်းဆုံးပွဲပါဘဲ။ကံဆိုးတာကတော့သူပေါင်ခြံဒဏ်ရာရရှိသွားတာပါ။ရှောလည်းကြွက်သားနာကျင်နေပါတယ်။သူတို့နှစ်ယောက်လုံးလာမယ့် ကာရာဘိုလ်းဖလားပွဲစဉ်ကိုလွဲချော်ပါမယ်။ရေရှည်မနားရအောင်ကျွန်တော်လည်းဆုတောင်းနေပါတယ်။

နောက်တပါတ်ပရီးမီးယားလိဂ်ပွဲစဉ်အမှီသူတို့နှစ်ဦးကို အသင်းနဲ့ပြန်လည်ပူးပေါင်းစေချင်ပါတယ်။လိဒ်အသင်းနဲ့ပွဲစဉ်ဟာတကယ်ကိုခက်ခဲပါတယ်ကျွန်တော်တို့၉-၄ဂိုးလောက်နဲ့နိုင်ခဲ့သင်တာပါ။ရက်ဖိုစ့်နဲ့မာရှယ်ဂိုးမသွင်းနိုင်တာထပ်ပြီးမတောင်းဆိုသင့်တော့ပါဘူးဟုပြောသွားခဲ့ပါတယ်။

Jhonhtet

Leave a Comment

Your email address will not be published.