ဖီအိုရင်တီးနားအသင်းကိုသက်တမ်းတိုးဖို့ငြင်းဆန်လိုက်တဲ့ဗီဒစ်လက်ဆိုတဲ့မန်ယူပစ်မှတ်နောက်ခံကစားသမား

မန်ယူအသင်းဟာဇန်နဝါရီအပြောင်းအရွှေ့မှာအသင်းဗဟိုခံကစားသမားဖြည့်တင်းနိုင်ဖို့ဈေးကွက်မှာပြင်ဆင်လျှက်ရှိကြောင်းယူနိုက်တတ်အတွင်းသတင်းတွေအရသိရပါတယ်။ဆိုးရှားဟာလက်ရှိဗဟိုနောက်ခံအတွဲဖြစ်တဲ့ မက်ဂွီုင်းယားနဲ့လင်ဒီလော့ဒ်တို့အတွဲကိုအပြည့်အဝယုံကြည်မှုမရှိတာကြောင့်အသင်းမှာဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ ဘုတ်အဖွဲ့ကိုတောင်းဆိုထားကြောင်းလည်းသိရပါတယ်။

မန်ယူအသင်းနောက်တန်းဟာအခုဘောလုံးရာသီမှာ ပေးဂိုးများနေခဲ့ပြီးထိပ်ဆုံးငါးသင်းစာရင်းမှာပေးဂိုးအများဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။ယင်းအချိန်မှာ မန်ယူအသင်းက ပစ်မှတ်ထားနေတဲံအီတလီစီးရီးအေကလပ်အသင်းဖီအိုရင်တီးနားအသင်းရဲ့ဗဟိုနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကာအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ငြင်းဆန်လိုက်ပါတယ်။

အသက်၂၃နှစ်အရွယ်မီလန်ကိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းနဲ့စာချုပ်သက်တမ်းက၂၀၂၂မှာကုန်ဆုံးမှာဖြစ်တာကြောင့် ရောင်းချဖို့ပြင်ဆင်လာရပါပြီ။

ဖီအိုရင်တီးနာအသင်းအနေနဲ့ မီလန်ကိုဗစ်ကို လာမယ့်ဇန်နဝါရီမှာရောင်းချခြင်းမပြုနိုင်ရင် လာမယ့်နွေရာသီဈေးကွက်မှာအပြီးရောင်းချမှဖြစ်တော့မယ့်အနေထားဖြစ်လာပါပြီ။

လက်ရှိဈေးကွက်ပေါက်ဈေးပေါင်သန်း၃၀ခန့်တန်ဖိုးရှိနေတဲ့မီလန်ကိုဗစ်အတွက် ပေါင်၂၃သန်းလောက်နဲ့ကမ်းလှမ်ရင်ကို ဖီအိုရင်တီးနားအသင်းက လက်ခံစဉ်းစားသွားမယ်လို့သိရပါတယ်။မီလန်ကိုဗစ်ဟာ ဆားဗီးယားကစားသမားပီပီ ကြမ်းကြမ်းတမ်းတမ်းမမောတန်းကစားနိုင်သူပါ။


မီလန်ကိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းမှာ ပွဲထွက်ကစားသမားအဖြစ်၁၁၁ပွဲကစားထားပြီးဆယ်ဂိုးသွင်းယူကာ ဂိုးဖန်တီးခွင့်တစ်ကြိမ်ပြုလုပ်ထားနိုင်တဲ့နောက်ခံကစားသမားဖြစ်ပါတယ်။

မန်ယူကစားသမားဟောင်းဗီဒစ်နဲ့ကစားဟန်ဆင်တူတဲ့ မီလန်ကိုဗစ်ဟာ မန်ယူကိုပြောင်းရွှေ့လာနိုင်ခဲ့ရင် ဆားဗီးယားကစားသမားတွေနဲ့ကံစပ်တဲ့မန်ယူအသင်းမှာအောင်မြင်နိုင်ပါတယ်။

ဆားဗီးယားလက်ရွေးစင်အဖြစ်၂၆ပွဲပွဲထွက်စားထားပြီးမနယူအသင်းကလည်းလာမယ့်ဇန်နဝါရီအတွင်းမှာ မီလန်ကိုဗစ်အတွက်ဖီအိုရင်တီးနားအသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ Daily Mailသတင်းမှာဖေါ်ပြထားပါတယ်

Jhonhtet

Leave a Comment

Your email address will not be published.