မရှိသုံးဖြစ်ခဲ့ပေမယ့်အားလုံးကိုအမှတ်ရနေမှာပါဆိုတဲ့အီဂါလို

မန်ယူပသင်းထံကို ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာတရုတ်ကလပ်ရှန်ဟိုင်းအသင်းကနေအငှားစာချုပ်နဲ့လာရောက်ကစားခဲ့ပြီးအသင်းမှာ အငှားစာချုပ်သက်တမ်းပြည့်သွားတော့မှာကြောင့် နိုက်ဂျီးရီးယားတိုက်စစ်မှူးအီဂါလိုဟာ မိခင်ကလပ်အသင်းတရုတ်ကလပ်ရှန်ဟိုင်းအသင်းကို ပြန်ရတော့မှာပါ။

အီဂါလိုရဲ့အငှားစာချုပ်သက်တမ်းဟာ လာမယ့်ဇန်နဝါရီ၃၁ရက်နေမှာကုန်ဆုံးတော့မှာဖြဟ်ပြီး မန်ယူကစားသမားဖြစ်ချင်လွန်းတဲ့အီဂါလိုရဲ့အိပ်မက်ကလည်းသက်တမ်းတစ်လသာကျန်ပါတော့တယ်။

ဒါပေမယ့် မန်ယူကစားသမားဖြစ်ခွင့်ရရှိခဲ့တဲံဒီ၁၂ဟာ သူ့အတွက် ဘဝမှာအကျေနပ်ဆုံးအချိန်တွေဘဲလို့အီဂါလိုကဖွင့်ဟပါတယ်။အီဂါလိုဟာမန်ယူအသင်းကို ငယ်စဉ်ထဲကအရူးအမူးအားပေးသူတစ်ဦးဖြစ်ခဲ့ပြီးပရီးမီါ်ယားလိဂ်ဝက်ဖိုစ့်ကစားသမားဘဝထဲက မန်ယူအသင်းနဲ့သတင်းထွက်ခဲ့ဘူးပေမယ့် မန်ယူအသင်းကမခေါ်ယူခဲ့တာကြောင့် တရုတ်စူပါလိဂ်ကလပ်ကိုပြောင်းရွှေ့ခဲ့တာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူအသင်းတိုက်စစ်အခက်အခဲကြုံစဉ် အီဂါလိုကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အငှားစာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီးအီဂါလိုကလည်း လက်ရှိရရှိနေတဲ့ လစာထက်လေးဆနည်းတဲ့မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို စဉ်းစားမနေဘဲချက်ခြင်း လက်ခံခဲ့ပြီးသူ့ငယ်ဘဝအိပ်မက်ကိုအကောင်အထည်ဖေါ်ခဲ့တာပါ။

မန်ယူအသင်းအတွက်မရှိသုံးဖြစ်ခဲ့ပေမယ်အီဂါလိုဟာမန်ယူအတွက် ကအကျိုးပြုခဲ့ပါတယ် ကစားချိန်အခွင့်အရေးနည်းပါးခဲ့ပေမယ်အသင်းအတွက်အရေးပါတဲ့သွင်းဂိုးအချို့ကိုသွင်းယူပေးခဲ့သူပါ။

အီဂါလိုဟာမန်ယူအသင်းအတွက်၂၃ပွဲကစားပေးနိုင်ခဲ့ပြီးငါးဂိုးသွင်းယူကာတစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ယခုနှစ်ဘောလုံးရာသီမှာတော့ ဥရုကွေးတိုက်စစ်မှူးကာဗာနီရောက်ရှိလာချိန်ကစပြီး အီဂါလိုရဲံမန်ယူနေ့ရက်တွေကုန်ဆုံးသွားပါပြီ။

ဒါပေမယ့် မန်ယူအကျီၤဝတ်ပြီးလေ့ကျင့်ခန်းဆင်းနေရတာကိုက ပျော်စရာပါလို့၎င်းကရင်ဖွင့်ပါတယ်။ကျွန်တော်ဘဝအတွက်ခမ်းနားနဲ့အခိုက်အတန့်တွေပါ။့ကျွန်တော့်မြေးတွေကို ကျွန်တော်ဒီအသင်းကြီးမှာ ဘရူနိုဖာနန်ဒက် ရက်ဖိုစ့်တို့နဲ့အတူတူကစားခဲ့တာကို အိပ်ယာဝင်ပုံပြင်အဖြစ်ပြန်ပြောပြနိုင်တော့မှာပါ။တကယ့်ကိုအမှတ်ရစရာအခိုက်အတန့်တွေပါ။အားလုံးကိုအမှတ်ရနေမှာပါလို့ မန်ယူပရိတ်သတ်တွေကို နှုတ်ဆက်သွားပါတယ်။

Jhonhtet

Leave a Comment

Your email address will not be published.