ယူနိက်တက်မှာ ကစားဖို့အသင့်ရှိနေတယ်လို့ ပူပူနွေးနွေးThe Bestဆုရှင် လီဝန်ဒေါ့စကီးထုတ်ပြော

မက်ဆီနဲ့ ရိုနယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုကို မကြာသေးခင်ကမှ ပူပူနွေးနွေးရရှိထားတဲ့ဘိုင်ယန်မြုးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ သူ့အနေနဲ့ ယူနိက်တက်မှာ ကစားဖို့ အသင့်ရှိနေခဲ့တယ်လို့ထုတ်ဖော်ပြောကြားလာပါတယ်။

သူဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာခဲ့ပေမယ့် Red Devils နှင့်နီးစပ်ခဲ့ပြီး ယူနိုက်တက်မှာ ကစားဖို့ အသင့်အနေအထားရှိနေခဲ့ကြောင်းဆာအဲလက်စ်ဖာဂူဆန်နှင့်မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ၂၀၁၂ ခုနှစ်မှာကတည်းက ဆွေးနွေးခဲ့ကြောင်းထုတ်ဖော်ပြောကြားလိုက်တာပါ။

” ကျွန်တော်ဟာ ဆာအဲလက်နဲ့ ဆွေးနွေးခဲ့ပြီး ယူနိုက်တက်မှာ ကစားဖို့ အသင့်ရှိနေခဲ့တာပါ၊။ဒါပေမယ့် ဒေါ့မွန်ဘက်က လက်မခံပဲ နောက်ဆုံး ဘိုင်ယန်ကိုရောက်သွားတယ်။ ဒါပေမယ့် ယူနိက်တက်မှာကစားဖို့ ကျွန်တော်က အသင့်အနေထားရှိနေတုန်းပါပဲ”လို့ သရဲနီတွေနဲ့ကစားချင်နေတယ်ဆိုတဲ့ သူ့စိတ်ကူးကို ထုတ်ပြောပြခဲ့တာပါ။

သူဟာ ဘိုင်ယန်မြူးနစ်အတွက် ၃၀၇ ပွဲတွင်မယုံနိုင်လောက်အောင်ဂိုးပေါင်း ၂၆၆ ဂိုးသွင်းယူခဲ့တဲ့ အံဿစြရာကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

“ကျွန်တော်အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော်တောင်အဆင်သင့်ဖြစ်နေပြီလို့တောင်ပြောနိုင်ပါတယ်။ ဒါပေမယ့် Dortmund ကကျွန်တော့်ကိုပေးမသွားချင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Borussia နဲ့အခြေအနေတွေကကောင်းနေလို့ပဲ။

ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသိမှာ ဖလား ၃လုံးချန်ပီယံဖြစ်အောင် ကူညီပံ့ပိုးပေးနိုင်ခဲ့တာဖြစ်ပြီးတော့ ၄၇ပွဲကစားပြီး ၅၂ဂိုးသွင်းယူနိုင်တာကြောင့်

သူဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ထိုက်တန်စွာ ကမ္ဘာ့အကောင်းဆုံးဆုကိုရရှိသွားခဲ့တာပါ။ အဲ့ဒီလို အကောင်းဆုံးကစားသမားတစ်ဦးဟာ သရဲနီတွေရဲ့ ယူနိုက်တက်မှာ ကစားဖို့ အသင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဟာ ယူနိုက်တက်အသင်းမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေရဲ့ အိမ်မက်အသင်းဖြစ်နေတယ်ဆိုတာအသေအချာပါပဲလို့ဆိုရမှာပဲဖြစ်ပါတယ်

ဂျွန်ထက်

Leave a Comment

Your email address will not be published.