ဘာဆုဖလားမှ မရတာ ၃ရာသီတောင်ရှိခဲ့ပြီဆိုပြီး အသင်းရဲ့မျှော်လင့်ချက်တွေကို ရင်ဖွင့်ခဲ့တဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိက်တက်အနေနဲ့ ဘာဆုဖလားမှ မအောင်မြင်ခဲ့တာ ၃ရာသီရှိခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ယူနိုက်တက်အတွက် မျှော်လင့်ချက်အသစ်တွေအကြောင်း အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းယားကတော့ ခုလိုရင်ဖွင့်လာခဲ့ပါတယ်။

“ဘောလုံးရာသီက အခုမှအစပဲရှိပါသေးတယ် ။ပွဲစဉ်(5)ပွဲ (6)ပွဲ ပြီးတုန်းက ကျွန်တော်တို့အပေါ် လူတွေက ကောင်းတာတွေရော ဆိုးတာတွေပါပြောခဲ့တယ်။အခုကျ တော့ ကျွန်တော်တို့အသင်းက အမှတ်ပေးဖလားကိုစိန် ခေါ်နိုင်တယ်လို့လည်းပြောလာပြန်ပြီး။ ကျွန်တော်တို့မျှော်လင့်တာ ခြေစွမ်းကောင်းပြနိုင်ဖို့နဲ့ ရမှတ်တွေကို တစ် ပွဲ ပြီးတစ်ပွဲရယူသွားဖို့ပဲ ဖြစ်တယ်။

ဒီကလပ်မှာ ကစားတာဆိုတော့ ကျွန်တော်တို့ဆုဖလားတွေကို အောင်မြင်မှုရှိရမယ်။ ကျွန်တော်တို့လက်ထဲမှာ ဆုဖလားရရှိဖို့အတွက်ဆို ကြိုးစားနေဖို့က အရမ်းကို အရေးကြီးပါတယ်။ကျွန်တော်တို့ဘာဆုဖလားမှမအောင် မြင်တာ (3)ရာသီတောင်ရှိခဲ့ပြီး။ဒါကြောင့် ဆုဖလားတွေ ပြန်ရအောင်လုပ်ဖို့က အရေးကြီးပါတယ်။ “လို့ မက်ဂွိုင်းယားကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မကြာခင် အဲဗာတန်နှင့် ကစားမည့် ကာရာဘောင်ကပ်ပွဲစဉ်အပေါ်

” အဲဗာတန်ကွင်းမှာ သွားရောက်ရင်ဆိုင်ကစားရတာက ဘယ်လောက်အထိခက်ခဲလဲဆိုတာကို ကျွန်တော်တို့သိပါ တယ်။ ဒါနဲ့ သူတို့ကွင်းမှာ အနိုင်ကစားဖို့လည်းခက်ခဲပါ တယ်။ သူတို့နဲ့ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ကစားတုန်းက တော့ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ရလဒ်တွေက ကျွန်တော်တို့ကို ယုံကြည်မှုတွေရှိစေပါ တယ်။ အကယ်လို့ ကျွန်တော်တို့ရဲ့အရည်အသွေးကောင်းနဲ့ကစားနိုင်ရင် နိုင်ပြီးနောက်တစ်ဆင့်တက်လှမ်း နိုင်တာကိုသိပါတယ်။ ”

ပြီးခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ပွဲတုန်းက လည်း သူ့အကြိုက်ဆုံကစားသမားတစ်ယောက်အကြောင်းကို အသင်းခေါင်းဆောင်က ခုလိုပြောပြသွားခဲ့ပါတယ်။

” လိဒ်ယူနိုက်တက်နဲ့ ပွဲတုန်းကအကောင်းဆုံး ကစား သမားလို့ပြောရရင် တိုမီနေးပါ။ ကျွန်တော်မြင်ဖူးတဲ့ ကွင်းလယ်ကစားသမားတွေထဲက အကောင်းဆုံးစွမ်းဆောင်ရည်လို့တောင်ပြောလို့ရပါတယ်။ ဒီပွဲရဲ့ကွင်း ထဲမှာလည်း ကျွန်တော်ဝင်ကစားခဲ့ပါတယ်။ သူသွင်းယူ တဲ့သွင်းဂိုးနှစ်ဂိုးစလုံးက ပါးနပ်မှုတွေရှိခဲ့ပါတယ်။”

ဒါနဲ့ လင်ဒီလော့ဒ်လည်း ဂိုးသွင်းသေးတယ်ဆိုတော့ ကောင်းတာပေါ့။ဒီသွင်းဂိုးဟာ ဂိုးနားမှာ ကျွန်တော်တို့နဲ့ အတူအလုပ်တွဲလုပ်ခဲ့တဲ့ မာစီယဲလ်ရဲ့ကောင်းမွန်မှုကြောင့်လို့ ပြောလို့ရပါတယ်။

ဒီနှစ်အမှတ်ပေးဖလားရဲ့လမ်းကြောင်းက အရမ်းကိုဖွင့် ဟနေပါတယ်။ ကျွန်တော်တို့က အမှတ်ပေးဇယားကို ချိန်ကိုက်ပြီးကြိုးစားတဲ့ပုံစံမျိုးကိုတော့ မလုပ်ပါဘူး။ ကျွန် တော်တို့အခု ရပ်တည်ချင်နေတဲ့နေရာကိုတော့ အခုအချိန် မှာ ခင်ဗျာတို့ကိုမပြောပြသေးပါဘူး။ ကျွန်တော်တို့က တစ်ပွဲ ပြီးတစ်ပွဲအချိန် ယူပြီးတော့ပဲ အကောင်းဆုံးကစား သွားပါမယ်။

Leave a Comment

Your email address will not be published.