မန်ယူခံစစ်မှူးအားလုံးထက်သာလွန်နေသော မက်ဂွိုင်းယား၏၂၀၂၀အတွက်စံချိန်သစ်များ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ၂၀၂၀ခုနှစ်ဘောလုံးရာသီအတွက် စံချိန်သစ်တွေကိုရေးထိုးလိုက်နိုင်ခဲ့ပါပြီ။

ယူနိုက်တက် အသင်းခေါင်းဆောင်မက်ဂွိုင်ယားဟာ ယခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အမြင့်ဘောလုယူရာမှာ စုစုပေါင်း(56)ကြိမ် အောင်မြင်မှုရှိခဲ့ ပြီးကြားဖြတ်လုယူရာ၌ (29)ကြိမ်အထိရှိကာ ပရီးမီးယားလိဂ်ရှိကစားသမား အားလုံးထက်အကြိမ်ရေများခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်ယားဟာ (2020)ခုနှစ်အတွင်း ပွဲထွက်ခွင့်နှင့် မိနစ်အများဆုံးပါဝင် ကစားခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

မက်ဂွိုင်ယားဟာ (2020) ခုနှစ်အတွင်း (4745) မိနစ်အထိပါဝင်ကစားခဲ့ပြီးတော့ ဒါဟာ အခြားကစားသမားတွေထက်သာလွန်တဲ့ စံချိန်တစ်ခုက်ု ရေးထိုးသွားနိုင်တာပါ။

တစ်ဖက်မှာလည်း သူ့ရဲ့အသင်းဖော်တွေဖြစ်တဲ့ဖာနန်ဒက်နဲ့တော်မီနေးတို့ဟာပရီးမီးယားလိဂ်ပွဲစဉ်(13)အပြီး (BBC)သတင်းဌာန မှရွေးချယ်သည့် တစ်ပတ်တာ အကောင်းဆုံးကစား သမားစာရင်းတွင် ယူနိုက်တက်အသင်းက ကွင်းလယ်လူ ဖာနန်ဒက် နဲ့ တိုမီနေးတို့ရရှိခဲ့ကြပါတယ်။

ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်ထွက်ခွာခဲ့ရပြီးနောက်တောက်ပတဲ့ အလင်းရောင်နဲ့ အနာဂါတ်ကို အကောင်းဆုံးထုဆစ် ပုံဖော်နေကြပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။

ဂျွန်ထက်

Leave a Comment

Your email address will not be published.