လက်စတာနဲ့ကန်ရမယ့်ပွဲမှာ ယူနိက်တက်ရဲ့ရလဒ်ပိုင်း အခြေနေကို ခနဲ့ခဲ့တဲ့မော်ရင်ဟို

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၄) အဖြစ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက လက်စတာစီးတီးအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်…

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၃) မှာ လိဂ်ဒ်အသင်းကို ၆-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားခဲ့ပြီး အသင်းရဲ့ လက်ရှိရာသီအကောင်းဆုံးတိုက်စစ်ပုံစံကိုပြသခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက်နည်းပြဟောင်းမော်ရင်ဟိုက လက်စတာနဲ့ကန်မယ့်ပွဲရဲ့ ယူနိက်တက်ရဲ့ရလဒ်ကို ကစားသမားတွေစွမ်းရည်ပိုင်းနဲ့ပတ်သက်ပြီးရော ခန့်မှန်းခဲ့ပါတယ်….

မော်ရင်ဟိုက ” မန်ချက်စတာယူနိက်တက်ရဲ့ လက်ရှိခြေစွမ်းက ဖလားကို စိန်ခေါ်လို့ရနေပြီလို့တော့ ပြောလို့ရပါတယ်…..အသင်းရဲ့ တိုက်စစ်ပိုင်းဟာလည်း ချက်ချင်းပြောင်းလဲလာသလို ကွင်းလယ်စုဖွဲ့မှုအားကလည်း ကြောက်စရာပါဘဲ…..

ဒဏ်ရာပြသနာတွေလည်း သိပ်မရှိသလို ပွဲကျပ်တွေကိုလည်း ဒီလက်ရှိခြေစွမ်းက စိန်ခေါ်နိုင်စွမ်းရှိနေတဲ့အသင်းတသင်းဖြစ်နေပါပြီ…လက်စတာနဲ့ကန်မယ့်ပွဲမှာ အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ဆို အနိုင်ရဖို့ အတွက် ငြင်းစရာမရှိပါဘူး….

ဒါပေမဲ့ အသင်းရဲ့ လက်ရှိနောက်တန်းနဲ့ ဂိုးသမားကို အမှားလေးတွေလျော့ပြီး ဆင်ခြင်ကစားပါလို့ပြောချင်ပါတယ်….မဆင်ခြင်ဘူးဆိုရင်တော့ စပါးနဲ့တွေ့တဲ့အခါကျ ဂိုးပြတ်ရှုံးပွဲတွေဖြစ်လာနိုင်ပါလိမ့်မယ်ဆိုပြီး ” ခနဲ့ကာပြောသွားခဲ့ပါတယ်…

Htet Mg

Leave a Comment

Your email address will not be published.