အဓိက ကြယ်ပွင့်ကစားသမားအချို့ ဒဏ်ရာကြောင့် အဲ့ဗာတန်နှင့်ပွဲစဉ်ကိုလွဲချော်မည့် ယူနိုက်တက်

ယနေ့ည Everton ကို အပြောင်းအလဲများစွာနဲ့ ရင်ဆိုင်မယ်လို့ ဆိုလ်းရှားက သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။

United တို့ဟာ ယနေ့ည ၂နာရီခွဲအချိန်မှာတော့ ခါရာဘောင်ဖလား ကွာတားဖိုင်နယ်အဖြစ် Everton နဲ့ရင်ဆိုင်မှာဖြစ်ပြီး ဒီပွဲမတိုင်မီ Conference မှာတော့ နည်းပြဆိုးလ်ရှားက အသင်းရဲ့ ဒဏ်ရာရကစားသမားများစာရင်း ၊ ယနေ့ည ပွဲထွက်နိုင်မယ့် ကစားသမားအကြောင်းတွေကို ပြောသွားခဲ့ပါတယ်။

” ကျတော်တို့ Line-upကို အပြောင်းအလဲ လုပ်ရပါလိမ့်မယ် ဒီဖလားပွဲတွေမှာ တချို့ကစားသမားတွေ ပွဲအနည်းငယ်ကစားပေးထားဖူးပါတယ် Leedsနဲ့ပွဲတုန်းက ပင်ပန်းထားသူတွေ လန်းဆန်းနေအောင် ကျတော် တချို့တဝက်ကို အနားပေးသွားဖို့ ရှိပါတယ်
ဖလားများများလိုချင်တဲ့ အသင်းတစ်သင်းအနေနဲ့ ကစားသမားများများ သုံးနိုင်ရပါမယ် ဒါဟာ ကစားသမားတွေရဲ့ အခွင့်အရေးဖြစ်လာသလို Pualဆို ဒီမှာ ဆက်ကစားရင်းနဲ့ ဖလားတွေ ရယူလိုကြောင်း ကျတော့ကို ပြောထားပါတယ်

Jesse(လင်ဂတ်)ဟာ ကျတော်ရဲ့ လူစာရင်းမှာ ရှိနေပါသေးတယ် သူ ကျန်းမာလာပြီးနောက် Training မှာလည်း အကောင်းဆုံး ပေးဆပ်နေပါတယ် ဒါကြောင့် ဒီလိုပွဲမျိုးမှာ သူ မကစားနိုင်မှာ မစိုးရိမ်မိပါဘူး

Mason(ဂရင်းဝုဒ်)လည်း Leedsနဲ့ပွဲတုန်းက ကြံ့ခိုင်မှု အကောင်းဆုံးရှိနေရဲ့နဲ့ သူအရံခုံမှာပဲ ရှိနေခဲ့ရသူပါ Edisonလည်း အကောင်းဆုံးပုံစံရှိနေပါတယ် ဒါကြောင့် သူတို့ဟာ ဒီနေ့ပွဲရဲ့ ဦးစားပေးရွေးချယ်သူတွေ ဖြစ်လာမှာပါ

Shaw,McTominay တို့ လွဲချော်ကြမှာ ဖြစ်ပြီး အရေးပါတဲ့ Brunoကို ကျတော်တို့ ကာကွယ်ပေးရမယ့်အချိန်ပါ …”လို့ ပြောဆိုသွားခဲ့ပါတယ် ။

ဆိုးလ်ရှားရဲ့ပြောပုံအရဆိုရင်တော့ ပွဲပန်းနေတဲ့ အဓိကကစားသမားတွေကို အဲဗာတန်နဲ့ပွဲမှာ ထုတ်မသုံးဖို့ ရည်ရွယ်ထားပြီး ဘရူနိုကိုတောင် ချန်လှပ်ထားခဲ့ပါတယ်၊ အားလုံးစောင့်မျှော်နေတဲ့ လင်းဂတ်ကတော့ ပြန်ပါလာမှာဖြစ်ပြီး အဲဗာတန်နဲ့ပွဲကို ဘယ်လို ဗျူဟာ အပြောင်းအလဲနဲ့ ရင်ဆိုင်သွားမလဲဆိုတာ ဒီည ယူနိုက်ပရိတ်သတ်ကြီးတွေရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.