နည်းစနစ်ဆရာကြီး အာတီတာလက်အောက်မှာ ဇယားအောက်ဇောက်ထိုးဆင်းသွားတဲ့ အသင်းငယ်လေးအာဆင်နယ်ရဲ့ ဝမ်းနည်းမှတ်တမ်း

အနိုင်ရလဒ်နဲ့ပတ်သတ်ရင် အရာအားလုံးကိုစွန့်လွှတ်ထားလိုက်ပြီဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ယနေ့ပွဲမှာလည်း ထုံးစံအတိုင်းရှူံးပွဲကြုံတွေ့ခဲ့ရပါတယ်။အိမ်ကွင်း‌အဝေးကွင်းမရွေး ဖင်တနှံနှံ့ဖြစ်နေတဲ့တော်ဝင်ရေပြွတ်အသင်းကို ယခုပွဲမှာတော့ ကံတရားကပါ ချောဆီသုတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒီပုံစံအတိုင်းဆိုအာကြီးအသင်းရဲ့နိုင်ပွဲတွေကို ရာသီကုန် တန်းဆင်းဇုန်းရုန်းအား ရုန်းကန်တဲ့အချိန်မှသာတွေ့ရဖို့များပါတယ်။
ကံတရားကအစ အသင်းငယ်အာဆင်နယ်ဘက်မှာမရှိတော့ဘဲ လူမလေးခွေးမခန့်အသင်းပုံစံတဖြည်းဖြည်းဖြစ်လာခဲ့တာ ကြာလာပါပြီ။

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ခံစစ် ၃ ယောက်တန်းကို ဆက်လက်သုံးစွဲခဲ့ပြီး မန်ချက်စတာစီးတီးကို ပြီးခဲ့တဲ့ရာသီက ဝင်ဘလီမှာ အလဲထိုးခဲ့တုန်းကလိုမျိုးပဲ အမှတ်တရဟောင်းကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါမှာ သတိမလွတ်တော့တဲ့ ဂွါဒီယိုလာရဲ့ အလဲထိုးမှုနဲ့ပဲ ကြုံခဲ့ရပါတယ်။

အူဘာမီယန်းနေရာမှာ ဒဏ်ရာက ပြန်ကောင်းလာတဲ့ မာတီနယ်လီကို အသုံးပြုခဲ့ပြီး ၃-၅-၂ နဲ့ ၃-၄-၃ အရှင်ကစားကွက်ဖြစ်အောင် ညာနဲ့ အလယ်မှာ ကစားမယ့် ဝီလော့ခ်ကို ထည့်သွင်းလာခဲ့တဲ့ အာဆင်နယ်တို့ ကစားကွက် မတည်နိုင်ခင်မှာပဲ စောစောစီးစီးမှာ ဇင်ချန်ကိုရဲ့ ဖြတ်တင်ဘောကို ဂျေဆူးစ်က ခေါင်းတိုက်ပြီး ပွဲချိန် ၃ မိနစ်မှာကတည်းက ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

အသင်းရဲ့ ဖလားပွဲနဲ့ ပရီးမီးယားလိဂ်ပွဲ လူစာရင်းတွေကို ရောစပ်လိုက်ချိန်မှာ အာဆင်နယ်နောက်ခံလူတွေနဲ့ ဂိုးသမား ရူနာဆန်တို့ရဲ့ နားလည်မှု မရှိသေးသေးတဲ့ အနေအထားကိုလည်း မြင်ခဲ့ရတာဖြစ်ပြီး အိုက်စလန်သား၊ မူစတာဖီနဲ့ ဂါဘရီယယ်လ်တို့ သုံးဦးစလုံးမှာ အပြန်အလှန် ဆက်သွယ်နိုင်မှု ကင်းမဲ့ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်လောက်အထိ စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၈၀ ကျော်နဲ့ ကစားခဲ့ပေမယ့် အာဆင်နယ်တို့ တဖြည်းဖြည်းနဲ့ ကစားကွက် ပြန်မိလာခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာတော့ မာတီနယ်လီရဲ့ ဘယ်ခြမ်းကနေ နှစ်ကြိမ်ဆက်တိုက် ဖြတ်တင်မှုကို ဒုတိယအကြိမ်မှာ ရှင်းထုတ်ဖို့ အဆင်သင့်မဖြစ်တဲ့ ရူဘင် ဒီယက်စ်ရဲ့နောက်ကနေ လာကာဇက်က အနီးကပ် ခေါင်းတိုက်ပြီး ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စီးတီးဂိုးသမားရဲ့ အမှားကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ဘောလုံးထိန်းတာ တစ်ကမ္လာလောက်ကြာနေတဲ့ ဝီလော့ခ်ကြောင့် အာဆင်နယ်တို့ ဂိုးထပ်ရခွင့်နဲ့ ဝေးခဲ့ရသလို ပွဲချိန် ၄၃ မိနစ်မှာတော့ ကောင်တာကနေ ဘောလုံးရယူတဲ့ မာတီနယ်လီကို စတက်ဖင် အဖျက်ကြမ်းပေမယ့် VAR မပါလို့ အဝါတောင် မရခဲ့ဘဲ အမ်းမရိတ်သားတွေ နစ်နာခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက မစွန့်စားဘဲ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစားလဲခဲ့သင့်တဲ့ မာတီနယ်လီအနေနဲ့ ဒုတိယပိုင်းအစမှာတော့ ဆက်ကစားဖို့ အဆင်မပြေတော့တာကြောင့် ပေပေနဲ့ လူစားလဲခဲ့ရပြီး အာဆင်နယ်တိုက်စစ်က မျှော်လင့်စရာမရှိတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့သလို လှုပ်ရှားကစားနိုင်စွမ်းပါ ကျဆင်းသွားခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ မာရက်ဇ်ကို ဂါဘရီယယ်လ် ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ဂိုးဧရိယာထိပ်မှာ ပေးခဲ့ရတဲ့ ဖရီးကစ်ကို မာရက်ဇ်ကပဲ ဂိုးသမား ရူနာဆန် ရှိနေတဲ့ဘက်ကို လူတံတိုင်း ကာထားတဲ့ ဘေးကနေ ကန်သွင်းခဲ့ပြီး ဒါကို အိုက်စလန်သားအနေနဲ့ အချိန်မီ မပုတ်ထုတ်နိုင်ခဲ့ဘဲ လက်နဲ့ထိရုံနဲ့ ဂိုးထဲဝင်သွားခဲ့တာက ဒီပွဲရဲ့ ကြီးမားတဲ့ အမှားနဲ့ အလှည့်အပြောင်းလည်းဖြစ်ခဲ့ပါတယ်။

ဒီဖရီးကစ်မှာ အာဆင်နယ်လူတံတိုင်းကို နေရာချထားပုံက ဘယ်ဘက်ကို ရောက်လွန်းပြီး ညာဘက်ဂိုးက ပွင့်နေခဲ့သလို ဘယ်ဘက်ဂိုးတိုင် ထောင့်မှာ သွားစောင့်နေပြီး ညာဘက်ခြမ်းကို ပက်ပက်စက်စက် ဖွင့်ထားခဲ့တဲ့ ပြင်ဆင်မှုကလည်း စိတ်ပျက်စရာကောင်းလွန်းနေခဲ့ပေမယ့် ဒါကို စက်ဝိုင်းခြမ်းပုံ ကန်ချက်မျိုးနဲ့ အသုံးမချတတ်တဲ့ မာရက်ဇ်က ဂိုးသမားနေရာယူထားတဲ့ဆီကိုပဲ ကန်ခဲ့ပေမယ့် ပရိသတ်တွေအတွက်တော့ ပေါက်ကွဲစရာပဲ ဖြစ်လာခဲ့တာပါ။

နာက်ထပ် ၄ မိနစ်အကြာမှာတော့ တန်ပြန်တိုက်စစ်ကနေ ဖာနန်ဒင်ညို ဘောလုံးသယ်လာပြီး ဘယ်ခြမ်းကနေ ဖိုဒန်ရဲ့ ပြေးလမ်းထဲ ထည့်ပေးခဲ့တာကို အင်္ဂလန်လူငယ်ကြယ်ပွင့်ကို ပြေးတက်လာတဲ့ ရူနာဆန်ပေါ်က ကျော်ကန်သွားခဲ့လို့ တတိယဂိုး ထပ်ပေးလိုက်ရပြီး ဒီဂိုးမှာ အနည်းငယ် လူကျွံနေခဲ့ပေမယ့် VAR မပါလို့ နစ်နာခဲ့ရပြန်ပါတယ်။

အာကြီးအသင်းအနိုင်ရလဒ်ပြန်ရှာတွေ့မယ့်နေဟာ ယခုအချိန်ကြုံတွေ့နေရတဲ့ကပ်ရောဂါကြီးပြီးမြောက်သွားတဲ့အချိန်ကို မျှော်လင့်ရသလို အရမ်းကိုမှေးမှိန်လွန်းလှပါတယ်။

နည်းစနစ်ဆရာ အားတီကြီးဟာ ပိုင်ရှင်တွေထောက်ခံပေးထားတယ်လို့ ဆိုနေပေမယ့် အငိုမျက်လုံး အပြုံးမျက်နှာနဲ့ နှုတ်ခမ်းကပြုံးပြီး ရင်ဘတ်နဲ့တော့ ငိုနေမှာပါ။

အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်းမရှိတော့တဲ့ အာဆင်နယ်တို့အနေနဲ့ ဒီပွဲမှာ အယ်လ်နန်နီအစား စမစ်ရိုး၊ လာကာဇက်အစား ဘာလိုဂွန်တို့ကို ထည့်သွင်းကစားခဲ့တာကိုလည်း တွေ့ရပြီး ပွဲချိန် ၇၄ မိနစ်မှာ လူကျွံဘောဖမ်းရာမှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ ကိုလာစီနက်ချ်ကြောင့် Onside ဖြစ်နေတဲ့ လာပေါ့တ်က ခေါင်းတိုက်ပြီး စတုတ္ထဂိုးသွင်းယူသွားခဲ့တာမှာတော့ စောစောစီးစီးပဲ ရလဒ်က ပြတ်သားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ လှုပ်ရှားကစားနိုင်တဲ့ ကစားသမားမျိုး မရှိတာနဲ့ ဘာမှ မလုပ်တတ်တာကို တွေ့မြင်ခဲ့ရပြီး အာတီတာရဲ့ နည်းစနစ်ဆိုတာ ဒါပဲလားလို့ မေးခွန်းထုတ်စရာဖြစ်ခဲ့ရသလို ပွဲအတွင်းမှာ ဦးဆောင်မှုပေးနိုင်တဲ့ ကစားသမားမျိုးတွေ မရှိခဲ့တာကြောင့်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ အရေးနိမ့်နေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီပွဲကို ရှုံးနိမ့်ခဲ့လို့ အာဆင်နယ်တို့ မန်စီးတီးရဲ့ အမ်းမရိတ် ၄ ပွဲဆက်တိုက် အနိုင်ယူမှုနဲ့ တွေ့ကြုံခဲ့ရပြီး ခါးသီးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့သလို ဖလားတစ်လုံး လမ်းကြောင်းပေါ်က ထွက်ခဲ့ရပြီဖြစ်ပြီး လာမယ့်ပွဲကျပ်တွေ ကြုံတွေ့ချိန်မှာတော့ ဒဏ်ရာတွေ ထပ်တိုးသွားတဲ့ အသင်းကို ဘယ်သူက ဘယ်လို လမ်းညွှန်ပြီး ဘယ်သူက ဦးဆောင်မှုပေးမှာလဲဆိုတဲ့ ပြဿနာက ပရိသတ်တွေအတွက် စိုးရိမ်စရာလည်းဖြစ်လာခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

-အာဆင်နယ်ပရိတ်သတ်များအနေနဲ့လည်း နောက်ရာသီ ချန်ပီယံရှစ်ပြသမယ့် ရုပ်သံလိုင်းတွေကို စုံစမ်းထားသင့်ပါတယ်။

-ဘဝတွေဟာမလွယ်ကူဘူးလို့ဆိုရတဲ့အထဲမှာ အာကြီးအသင်းကိုယ်တိုင်ရော အာကြီးပရိတ်သတ်တွေပါ ပါဝင်နေပါတယ်။
-အာဖန်များအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ အိပ်ရေးအပျက်ခံပြီး စောင့်မကြည့်ဘဲ မိတ်အာဖျင်ကျယ်ဂိတ်အဂိန်း ဆိုသလို လူတောထဲပြန်တိုးနိုင်မယ့် နည်းပြကိုရရှိနိုင်ဖို့ ဘုရားစင်ရှေ့ မျက်ရည်စက်လက်နဲ့ လက်အုပ်ချီကာ ဒူးထောက်ဆုတောင်းသင့်‌နေပါပြီ။

-ဘယ်ဆီရောက်သွားလဲမေးရင် ဇယားအောက်ကိုလက်ထိုးပြလိုက်ပါ။ဘယ်လုပ်နေလဲမေးရင် တန်းဆင်းဖို့ပြင်နေတယ်လို့ဖြေလိုက်ပါ။ဘာလို့ရှုံးတာလဲမေးရင် စောက်သုံးမကျ,စောက်ဆင့်မရှိလို့ လို့ပြောလိုက်ပါ, ဘာကိုယုံကြည်သင့်လဲမေးရင် အာတီတာကို ယုံကြည်ပြီး လုပ်ငန်းစဉ်ကိုလိုက်နာကြရင်း အနာဂတ်လှပပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Comment

Your email address will not be published.