ပြင်သစ်လိဂ်ရဲ့အညံ့ဆုံးဂိုးသမားဖြစ်ဘူးတဲ့ရူနာဆန်ကိုဒဲ့ဝုန်းလိုက်တဲ့အာဆင်နယ်ဂန္ဓဝင်ကစားသမား

အာဆင်နယ်အသင်းရဲ့ဂန္ဓဝင်ကစားသမားဟောင်းကြီးရေးပါလာက လက်ရှိအာဆင်နယ်အသင်းရဲ့အခြေအနေကိုအထူးစိတ်ပျက်နေပြီး။အသင်းကိုပြုပြင်ပြောင်းလဲမှုမလုပ်ရင်တန်းဆင်းရကာနီးပြီလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ဒါအပြင်ပွဲထွက်ကစားခွင့်ရတဲ့နှစ်ပွဲလုံး အမှားကြောင့် ဂိုးပေးခဲ့ရတဲ့အိုက်စလန်ဂိုးသမားရူနာဆန်ဟာ အာဆင်နယ်အသင်းမှာ မှမဟုတ်ဘူးပရီးမီးယားလိဂ်မှာ ကစားရမယ့်အဆင့်အတန်းမျိုးမှာ ရှိမနေဘဲအာဆင်နယ်အသင်းအနေနဲ့ဘယ်လိုဂိုးသမားမျိုးကို ရှာဖွေထားမှန်းပင်နားမလည်ကြောင်း၎င်းကဆိုပါတယ်။

ရူနာဆန်ဟာ အာဆင်နယ်အသင်းကိုပြောင်းမလာခင်ပြင်သစ်ကလပ်ဒီဂျွန်အသင်းမှာကစားစဉ်ကပွဲစဉ်ထက်ပေးဂိုးနှစ်ဆလောက်များခဲ့လို့ပြင်သစ်လိဂ်မှာ အနိမ့်ဆုံးအဆင့်မှတ်တမ်းရရှိထားသူပါ။

ရူနာဆန်ဟာဒီဂျွန်အသင်းမှကြစားစဉ်က၄၅ပွဲကစားခဲ့ရာ၇၈ဂိုးပေးထားရသူဖြစ်ပါတယ်။ရူနာဆန်ကို အာဆယ်နယ်ဂိုးနည်းပြတို့ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရခေါ်ယူခဲ့တာဖြစ်ပြီးအာဆင်နယ်အသင်းမှ တာဝန်ရှိသူများက၎င်းရဲ့အမည်ကို ကြားပင်ကြားဘူးခြင်းမရှိကြောင်းသိရပါတယ်။

ရူနာဆန်ဟာ အာဆင်နယ်အသင်းမှာလည်း၎င်းရဲ့အစဉ်အလာကိုဆက်ထိမ်းထားပြီးပွဲထွက်ကစားရခြင်းထက် ပေးဂိုးအရေအတွက်က ပွဲပိုမိုများပြားနေတာကို ဆက်လက်တွေ့မြင်ရပါတယ်။

ရူနာဆန်ဟာ အာဆင်နယ်အသင်းမှာပွဲထွက် ငါးပွဲကစားခွင့်ရရှိထားပြီး ပေးဂိုး၇ဂိုးထိရှိကာသေချာပေါက်ဂိုးကာကွယ်နိုင်မှုကတော့ငါးပွဲမှာနှစ်ကြိမ်သာရှိပါတယ်။

ရေးပါလာက ကစားသမားတစ်ဦးရဲ့မှတ်တမ်းတွေဟာအရေးကြီးကြောင်းနဲ့ကစာသမားခေါ်ယူမှုတွေကို သေသေချာချာစိစစ်ပြီးမှခေါ်ယူမှုတွေပြုလုပ်စေချုင်ကြောင်းအာဆင်နယ်မှာ ခေါ်ယူထားတဲ့ကစားသမားတွေဟာအသင်းကိုအကျိုးပြုနိုင်မှုရှားပါးနေကြောင်းထောက်ပြသွားပါတယ်။

အမှားတွေဆက်တိုက်နဲ့ရူနာဆန်ကလည်းအာဆင်နယ်ပရီတ်သတ်တွေပြင်းထန်စွာဝေဖန်နေလို့ယနေ့နံနက်မှစပြီးသူ့ရဲ့တွစ်တာအကောင့်ကို ပိတ်သိမ်းလိုက်ကြောင်းသိရပါတယ်။

ပြင်သစ်လိဂ်ရဲ့အညံ့ဆုံးဂိုးသမားဖြစ်ဘူးတဲ့ရူနာဆန်ကိုဒဲ့ဝုန်းလိုက်တဲ့အာဆင်နယ်ဂန္ဓဝင်ကစားသမား

အာဆင်နယ်အသင်းရဲ့ဂန္ဓဝင်ကစားသမားဟောင်းကြီးရေးပါလာက လက်ရှိအာဆင်နယ်အသင်းရဲ့အခြေအနေကိုအထူးစိတ်ပျက်နေပြီး။အသင်းကိုပြုပြင်ပြောင်းလဲမှုမလုပ်ရင်တန်းဆင်းရကာနီးပြီလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ဒါအပြင်ပွဲထွက်ကစားခွင့်ရတဲ့နှစ်ပွဲလုံး အမှားကြောင့် ဂိုးပေးခဲ့ရတဲ့အိုက်စလန်ဂိုးသမားရူနာဆန်ဟာ အာဆင်နယ်အသင်းမှာ မှမဟုတ်ဘူးပရီးမီးယားလိဂ်မှာ ကစားရမယ့်အဆင့်အတန်းမျိုးမှာ ရှိမနေဘဲအာဆင်နယ်အသင်းအနေနဲ့ဘယ်လိုဂိုးသမားမျိုးကို ရှာဖွေထားမှန်းပင်နားမလည်ကြောင်း၎င်းကဆိုပါတယ်။

ရူနာဆန်ဟာ အာဆင်နယ်အသင်းကိုပြောင်းမလာခင်ပြင်သစ်ကလပ်ဒီဂျွန်အသင်းမှာကစားစဉ်ကပွဲစဉ်ထက်ပေးဂိုးနှစ်ဆလောက်များခဲ့လို့ပြင်သစ်လိဂ်မှာ အနိမ့်ဆုံးအဆင့်မှတ်တမ်းရရှိထားသူပါ။

ရူနာဆန်ဟာဒီဂျွန်အသင်းမှကြစားစဉ်က၄၅ပွဲကစားခဲ့ရာ၇၈ဂိုးပေးထားရသူဖြစ်ပါတယ်။ရူနာဆန်ကို အာဆယ်နယ်ဂိုးနည်းပြတို့ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရခေါ်ယူခဲ့တာဖြစ်ပြီးအာဆင်နယ်အသင်းမှ တာဝန်ရှိသူများက၎င်းရဲ့အမည်ကို ကြားပင်ကြားဘူးခြင်းမရှိကြောင်း
သိရပါတယ်။

ရူနာဆန်ဟာ အာဆင်နယ်အသင်းမှာလည်း၎င်းရဲ့အစဉ်အလာကိုဆက်ထိမ်းထားပြီးပွဲထွက်ကစားရခြင်းထက် ပေးဂိုးအရေအတွက်က ပွဲပိုမိုများပြားနေတာကို ဆက်လက်တွေ့မြင်ရပါတယ်။

ရူနာဆန်ဟာ အာဆင်နယ်အသင်းမှာပွဲထွက် ငါးပွဲကစားခွင့်ရရှိထားပြီး ပေးဂိုး၇ဂိုးထိရှိကာသေချာပေါက်ဂိုးကာကွယ်နိုင်မှုကတော့ငါးပွဲမှာနှစ်ကြိမ်သာရှိပါတယ်။

ရေးပါလာက ကစားသမားတစ်ဦးရဲ့မှတ်တမ်းတွေဟာအရေးကြီးကြောင်းနဲ့ကစာသမားခေါ်ယူမှုတွေကို သေသေချာချာစိစစ်ပြီးမှခေါ်ယူမှုတွေပြုလုပ်စေချုင်ကြောင်းအာဆင်နယ်မှာ ခေါ်ယူထားတဲ့ကစားသမားတွေဟာအသင်းကိုအကျိုးပြုနိုင်မှုရှားပါးနေကြောင်းထောက်ပြသွားပါတယ်။

အမှားတွေဆက်တိုက်နဲ့ရူနာဆန်ကလည်းအာဆင်နယ်ပရီတ်သတ်တွေပြင်းထန်စွာဝေဖန်နေလို့ယနေ့နံနက်မှစပြီးသူ့ရဲ့တွစ်တာအကောင့်ကို ပိတ်သိမ်းလိုက်ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.