ယူနိက်တက်အသင်းဖော်တွေကို ဝေဖန်ခဲ့တဲ့ မော်ရင်ဟိုအား ဘရူနို တုံ့ပြန်

မန်ချက်စတာယူနိက်တက်အသင်းဟာ လိဂ်အသင်းကို ၆-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး လက်ရှိခြေစွမ်းမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သော အသင်းအဖြစ် အင်္ဂလိပ်မီဒီယားများက ဖော်ပြနေကြပါပြီ….

မန်ချက်စတာယူနိုက်တက် အသင်းကို နည်းပြခဲ့ဖူးပြီး ယူရိုပါလိဂ်ဖလားကို ရယူပေးထားသော စပါးနည်းပြ မော်ရင်ဟိုက မန်ချက်စတာယူနိက်အသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမားကို ဝေဖန်ခဲ့တာကို တွေ့ခဲ့ရပါတယ်…

ယင်းဝေဖန်ချက်ကို မန်ချက်စတာယူနိက်တက်ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက် က ယခုလို တုံ့ပြန်ပြောကြားခဲ့ပါတယ်….

ဘရူနိုက ” ကျနော်တို့ အသင်းဖော်တွေအားလုံး ယခုဆို ယုံကြည့်မှု အပြည့်ရှိနေပါပြီ…..တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကလူတွေလည်းပုံမှန်ခြေစွမ်းရနေကြပြီး ဂိုးတွေသွင်းဖို့ အသင့်ဖြစ်နေကြပါပြီ….

ယခုလို ဝေဖန်တာကို ကျနော် အပြစ်မပြောလိုပါဘူး….ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အသင်းသားတွေအားလုံးက ပရော်ဖက်ရှင်နယ်ကစားသမားတွေမို့ပါ….ဒီလို ပြောနေတာက သူ့ကို သူ ပရော်ဖက်ရှင်နယ် မပီသဘူးဆိုတာကို ပြောနေတာဖြစ်ပါတယ်……

ကျနော်တို့ အသင်းကို ဒီလိုစကားတွေနဲ့ထိခိုက်နေလို့ ဘာမှမဖြစ်သွားပါဘူး…..ယူရိုပါလိဂ် ဖလားကော ပရီးမီးယားလိဂ်ဖလားရော ကျနော်တို့ အရယူသွားပြီး သူ့ရဲ့ဝေဖန်မှုတွေကို ပြန်လည်ချေဖျက်ပြပါမယ်ဆိုပြီး ” ပြန်လည်တုံ့ပြန်ထားတာကို တွေ့ရပါတယ်….

Htet Mg

Leave a Comment

Your email address will not be published.