ဆိုးရှားရဲ့ဆုံးဖြတ်ချက်ကို လက်မခံကြောင်းထုတ်ပြောတဲ့ဘရူနိုဖာနန်ဒက်

မန်ယူအသင်းမှာအထူးခြေစွမ်းပြကစားနေတဲ့ပေါ်တူဂီကွင်းလယ် ကြယ်ပွင့် ဘရူနိုဖာနန်ဒက်ဟာအသင်းနည်းပြဆိုးရှားရဲ့ဆုံးဖြတ်ချက်တခုကို လက်မခံကြောင်း ပြောခဲ့တယ်လို့်မန်ယူအသင်းနည်းပြဆိုးရှားက သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

အဲဗာတန်အသင်းကို အဝေးကွင်းမှာ ကာရဘိုးဖလားကွာတားဖိုင်နယ်ပွဲစဉ်အနိုင်ရရှိနောက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဆိုးရှားကို သတင်းထောက်များက ဘရူနိုဖာနန်ဒက်ကို ပွဲစဉ်တိုင်းထည့်သုံးနေတာ အနားပေးဖို့အစီအစဉ်မရှိဘူးလားဟုမေးမြန်းခဲ့တာပါ။

ထိုမေးခွန်းအတွက်ဆိုးရှားက သူဟာနည်းပြတစ်ဦးဖြစ်တဲ့အတွက် ဘရူနိုကိုကာကွယ်ပေးဖို့တာဝန်သူ့မှာ ရှိတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါပေမယ့် ဘရူနိုဟာ မန်ယူအသင်းမှာ အနားယူဖို့လုံးဝမပြောတဲ့ကစားသမားတစ်ဦးပါ။သူဟာ အံသြဖို့ကောင်းလောက်အောင်ကို ကြံခိုင်မှုပြန်လည်ရရှိတာမြန်လှပါတယ်။

တရက်တခြားတပွဲကစားနိုင်လောက်အောင်ကို သူ့ရဲ့ကြံ့ခိုင်မှုကကောင်းလှပါတယ်။အသင်းလူစားရင်းမှာ ချန်ခဲ့မယ်ဆိုရင်ဘရူနိုကဒေါသအကြီးအကျယ်ပေါက်ကွဲလိမ့်မယ်လို့တခါဝန်ခံဘူးကြောင်းဆိုပါတယ်။

ဒါပေမယ့် လာမယ့် လက်စတာအသင်းနဲ့ပွဲစဉ်မှာတော့ဘရူနိုကိုအနားပေးဖို့စဉ်းစားနေကြောင်းဆိုးရှားကသတင်းထောက်တွေကိုပြောပါတယ်။

အသင်းအတွက်အခုလိုအရေးကြီးတဲံပွဲစဉ်မှာ လူစားရင်းမှာ မပါခဲ့ရင်တော့ ဘရူနိုသေချာပေါက် ပျော်ရွှင်မှာမဟုတ်ကြောင်း ဆိုးရှားကဆိုပါတယ်။

လက်စတာအသင်းနဲ့ပွဲစဉ်ဟာမန်ယူအသင်းအတွက်အရေးကြီးပြီးအနိုင်ရရှိခဲ့ရင်အမှတ်ပေးဇယားဒုတိယနေရာထိတတ်ရောက်နိုင်မှဖြစ်သလိုထိပ်ဆုံးမှလီပါပူလ်းအသင်းနဲ့အမှတ်ကွာဟချက်ကိုလည်းလျှော့ချနိုင်မှာဖြစ်တာကြောင့် မန်ယူအသင်းအတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေပါတယ်။

Leave a Comment

Your email address will not be published.