နဗီးပြောတဲ့ ယူနိုက်တက်မှာ ဘယ်တော့မှ လူစားလဲလိုက်လို့မရတဲ့ အကောင်းဆုံးကစားသမား ၂ယောက်

ယူနိုက်တက်တို့ အဲဗာတန်ကို အဝေးကွင်းမှာ ၂ဂိုးပြတ် နိုင်ခဲ့ပြီးတဲ့နောက်မှာ ယူနိက်တက်အသင်းနဲ့ပက်သက်ပြီး ကစားသမားတွေရော ဆိုလ်းရှားကို ရောသုံးသပ်မှုအမျိုးမျိုးထွက်လာကြပါတယ်။ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားကြီးလည်းဖြစ်တဲ့ ဂယ်ရီနဗီးက ‘အစားထိုးလို့မရတဲ့’ Man Utd ကစားသမားနှစ် ဦး ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှီးဖီးယူနိုက်တက်နှင့်လိဒ်ယူနိုက်တက်အသင်းနှင့်ကာရာဘောင်းဖလားမှာ အဲဗာတန်နှင့်ယှဉ်ပြိုင်ခဲတဲ့ နောက်ဆုံးပွဲစဉ်သုံးပွဲလုံးမှာ အထင်ကြီးလောက်သောစွမ်းဆောင်မှုတွေရရှိခဲ့တာပါ။ဒီ ၃ပွဲစလုံရော ယူနိုက်တက်အသင်းရဲ့ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်အတွက်မရှိမဖြစ်တဲ့ ကစားသမား၂ယောက် ရှိတယ်လို့ပြောကြားခဲ့တာပါ၊

ဂယ်ရီနဗီးလ်က “Bruno Fernandes နှင့် Harry Maguire တို့ဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဘယ်လောက်ပဲ ပင်ပန်းနေပါစေ လူစားလဲလိုက်လို့မဖြစ်ဘူး။

သူတို့က အစားထိုးလို့မရနိုင်တဲ့ကစားသမား ၂ယောက်ပါပဲ။ ဖာနန်ဒက်စ်က ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုမှာ အရေးပါဆုံးလူဖြစ်သလို
“Maguire,ကို ငါထင်တယ် သူမပါဘူး သူပျောက်ဆုံးနေတယ်ဆို သိပ်သိသာပါလိမ့်မယ်။ အဲ့ဒီအချိန်မှာသူ့ကိုအလွန်အမင်းလွမ်းဆွတ်ကြလိမ့်မယ်”လို့ ဂန္တဝင်ကစားသမားကြီးနဗီးက Sky Sportနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။

မက်ဂွိုင်းယားနဲ့ပက်သက်ပြီး” ငါသိတယ် လူတစ်ချို့က သူ့ကိုပေးရတာနဲ့မတန်ဘူး။ အသင်းရဲ့ အကောင်းဆုံးခံစစ်ကစားသမားမဟုတ်ဘူးပြောကြပါလိမ့်မယ်။ ဒါပေမယ့်သူကခံစစ် ကာကွယ်ရေးအတွက် သူ့စိတ်နှလုံးထဲမှာကြီးမားတဲ့ပေးဆပ်မှုရှိနေပါတယ်၊ သူအကောင်းဆုံး တံတိုင်းတစ်ခုလို ကာရံထားပါတယ်”

သူဟာအမှားအယွင်းတွေအများကြီးမလုပ်ခဲ့ဘူး၊ တခါတရံသူကမှားယွင်းတတ်ပေမယ့် ကစားသမားဆိုတာမှားတတ်သူတွေချည်းပါပဲ။ ခင်ဗျားတို့ သတိထားကြည့်ရင်သိပါလိမ့်မယ်။ သူဟာ နောက်တန်းမှာဖြစ်ဖြစ် တိုက်စစ်နေရာမှာဖြစ်ဖြစ် သူများတွေထက် ခေါင်းတစ်လုံးမြင့်ပြီး အမြင့်ဘောတွေကိုသေချာကစားနိုင်ပါတယ်။ သူရဲ့ကစားတာတွေကို နည်းစနစ်တကျ ချည်းကပ်ကြည့်ရင် အမှားယွင်းအနည်းဆုံးကစားသမားပဲ။ သူ့မှာ ဘယ်သူ့မှာလိုက်မမှီတဲ့ စံချိန်တွေရှိတယ်။”လို့လည်းနဗီးကဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်နည်းပြဆိုလ်းရှားနဲ့ပက်သက်ပြီးတော့လည်း ဆိုလ်းရှားဟာ ရွေးချယ်စရာအလွန်နည်းတဲ့အတွက် တကယ့်ကစားသမားတွေကို အနားပေးသင့်ချိန်မှာတောင်မပေးနိုင်ဘူးလို့ပြောကြားသွားပါတယ်။

“သူတို့နှစ်ယောက် ကစားပွဲမှာ ဘယ်လောက်မောမော ဘယ်အချိန်အနားရမလဲတော့ ငါမပြောနိင်ဘူး။ ဘာလို့ဆို ဆိုးလ်ရှားမှာ ရွေးချယ်စရာတော်တော်နည်းနေလို့ပဲ”

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ၂၀၂၀ခုနှစ်ဘောလုံးရာသီအတွက် စံချိန်သစ်တွေကိုရေးထိုးလိုက်နိုင်ခဲ့ပါတယ်။ယူနိုက်တက် အသင်းခေါင်းဆောင်မက်ဂွိုင်ယားဟာ ယခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အမြင့်ဘောလုယူရာမှာ စုစုပေါင်း(56)ကြိမ် အောင်မြင်မှုရှိခဲ့ ပြီးကြားဖြတ်လုယူရာ၌ (29)ကြိမ်အထိရှိကာ ပရီးမီးယားလိဂ်ရှိကစားသမား အားလုံးထက်အကြိမ်ရေများခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်ယားဟာ (2020)ခုနှစ်အတွင်း ပွဲထွက်ခွင့်နှင့် မိနစ်အများဆုံးပါဝင် ကစားခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ မက်ဂွိုင်ယားဟာ (2020) ခုနှစ်အတွင်း (4745) မိနစ်အထိပါဝင်ကစားခဲ့ပြီးတော့ ဒါဟာ အခြားကစားသမားတွေထက်သာလွန်တဲ့ စံချိန်တစ်ခုက်ု ရေးထိုးသွားနိုင်တာပါ။

တစ်ဖက်မှာလည်း သူ့ရဲ့အသင်းဖော်တွေဖြစ်တဲ့ဖာနန်ဒက်နဲ့တော်မီနေးတို့ဟာပရီးမီးယားလိဂ်ပွဲစဉ်(13)အပြီး (BBC)သတင်းဌာန မှရွေးချယ်သည့် တစ်ပတ်တာ အကောင်းဆုံးကစား သမားစာရင်းတွင် ယူနိုက်တက်အသင်းက ကွင်းလယ်လူ ဖာနန်ဒက် နဲ့ တိုမီနေးတို့ရရှိခဲ့ကြပါတယ်

ဂျွန်ထက်

Leave a Comment

Your email address will not be published.