အနီကဒ်ထိရမယ့်ကစားသမားက အကောင်းဆုံးဆုရတာပွဲရဲ့အခြေနေကို သိလောက်ပါပြီဆိုတဲ့အန်ဆယ်လော့တီ

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ကာရာဘိုးဖလားပွဲစဉ်ကွာတားဖိုင်နယ်ပွဲမှာ မန်ယူအသင်းနဲ့အဲဗာတန်အသင်းတို့အဲဗာတန်အသင်းရဲ့အိမ်ကွင်း မှာယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာနောက်ကျအနိုင်ဂိုးနှစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးဆီမီးဖိုင်နယ်အဆင့်ကို တတ်ရောက်သွားခဲ့ပါတယ်။မန်ယူအသင်းအတွက်ဂိုးတွေကိုတော့၈၈မိနစ်မှာ ဥရုကွေးတိုက်စစ်မှူးကာဗာနီနဲ့၉၃မိနစ်မှာ ပြင်သစ်တိုက်စစ်မှူးမာရှယ်တို့ကသွင်းယူပေးခဲ့တာပါ။

မန်ယူအသင်းဟာအဆိုပါပွဲစဉ်မှာ ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေလွဲချော်နေခဲ့လို့ပွဲချိန်နောက်ဆုံးမိနစ်တွေအထိရုန်ကန်နေခဲ့ရတာပါ။နောက်ပိုင်းမှာ လူစားလဲမှုနဲ့အတူ သွင်းဂိုးတွေရရှိသွားပြီးအနိုင်ရရှိခဲ့တာပါ

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့အဲဗာတန်နည်းပြအန်ဆယ်လော့တီကသူ့အသင်းရဲ့ခြေစွမ်းကို ဝေဖန်ခဲ့သလို သူ့အသင်းမှာ ကိုလန်ဘီယာနောက်ခံကစားသမားမီယာကိုလည်ပင်းညှစ်ပြီးတွန်းလှဲခဲ့တဲ့ကာဗာနီကို အနီကဒ်မပြခဲ့တဲ့ဒိုင်လူကြီးကြောင့် ပွဲအဖြေပြောင်းရတယ်လို့ စွတ်စွဲခဲ့ပါတယ်။

ဒါ့အပြင်အန်ဆယ်လော့တီမန်ယူနောက်တန်းကစားသမားတွေ ကြမ်းတမ်းစွာကစားခဲ့တာကို အပြစ်တင်ခဲ့ပြီး ဘိုင်ယီရဲ့ကြမ်းတမ်းစွာကစားမှုကြောင့်ရစ်ချာလီဆန်ဦးခေါင်းဒဏ်ရာ ရပြီးဆက်မကစားးနိုင်ခဲ့တာကိုလည်းဒိုင်လူကြီးတွေ အရေးယူမှုပျက်ကွက်ခဲ့တာတွေဟာ ပွဲရဲ့အလှည့်အပြောင်းတွေဖြစ်ကြောင်းဆိုပါတယ်။

အန်ဆယ်လော့တီက စိတ်ပျက်စရာအကောင်းဆုံး ဆုံးဖြတ်ချက်တွေနဲ့ညပါVARမပါတော့ ကွင်းလယ်ဒိုင်ရဲ့အဆုံးအဖြတ်ကအတည်ပါ။ပွဲပြီးပြီဆိုတော့ ဒါတွေအားလုံးဒီမှာ ပြီးသွားပြီပေါ့ဗျာ။အနီကဒ်ရမယ့်ကစားသမားကအကောင်းဆုံးဆုရသွားတာအမြင်ပါဘဲဟုပြောကြားသွားခြ့ပါတယ်။

အဆိုပါပွဲစဉ်မှာ VARစနစ်ကိုအသုံးမပြုသောကြောင့် ကာဗာနီမှာ အဆိုပါပြစ်မှုအတွက် နောက်ပြန်ဆုံးဖြတ်ချက်ချက်မှတ်ခံရဖို့မရှိဘူးလို့သိရပါတယ်။

Leave a Comment

Your email address will not be published.