အဲဗာတန်နဲ့ပွဲမှာ အပ်နဲ့ပေါက်ရမှာ ပုဆိန်နဲ့ထွင်းခဲ့ရတယ်လို့ ညဉ်းတွားပီး ကာဗာနီကိုဝေဖန်ခဲ့တဲ့ ဆိုလ်းရှား

အကြိတိအနယ်နဲ့ ပွဲကြီးပွဲကောင်းရှိလှတဲ့ ယူနိုက်တက်နဲ့ အဲဗာတန်ပွဲ မှာ အဲဗာတန်ကို နောက်ကျဂိုးတွေနဲ့ ယူနိုက်တက်က ၂ဂိုး ၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ အဓိက ကစားသမားအချို့ကို အနားပေးပြီး အိမ်ရှင် အဲဗာတန်ကို ချေမှုန်းခဲ့ပေမယ့် အဲဗာတန်ရဲ့ မော်ရင်ဟို နည်းလို တိုက်စစ်မနိုင် ခံစစ်ပိတ်ဆိုတဲ့ နည်းကြောင့် ယူနိုက်တက်တို့ ဖိကစားပေမယ့် ဂိုးမရရှိခဲ့ပါဘူး။

အဲဗာတန်ကို တိုက်စစ်မှူးကာဗာနီနဲ့မာရှယ်တို့ရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် အရန်စာရင်းနဲ့ ပွဲထွက်ခဲ့တဲ့ ယူနိုက်တက်တို့က နောက်ဆုံးမှာ အနားပေးထားသူတွေကို ထုတ်သုံးရတဲ့ အခြေအနေရောက်လာခဲ့ပါတော့တယ်။

ဒီလိုအခြေနေနဲ့ ပက်သက်ပြီး ဆိုလ်းရှားက အားရကျေနပ်မှုမရှိပဲ နောက်ပွဲအတွက် သူ့ရဲ့စိုးရိမ်မှုကို ခုလိုပြောကြားသွားခဲ့ပါတယ်။
“တကယ်တော့ အရန်လူစာရင်းနဲ့ပဲကန်ကန် အဓိကလူနဲ့ပဲကန်ကန် ကျွန်တော်တို့နိုင်မယ်ဆိုတာသိပါတယ်။ ဒါပေမယ့် အရန်လူတွေနဲ့ ကျွန်တော်ပွဲထွက်ခဲ့တယ်။ ကျွန်တော်တို့နောက်ပွဲတွေအတွက် အဓိက ကစားသမားတွေနားရဦးမယ်မလား။

တစ်ပွဲလုံးဖိကစားနိုင်ပေမယ့် ဂိုးမရရှိတဲ့အခြေအနေကြောင့် ကျွန်တော် လူစားလဲမှုတွေလုပ်ခဲ့ရတယ်။ အဓိကကတော့ ဘရူနိုပေါ့ သူ့ကိုအစတည်းက ကျွန်တော် ပွဲထုတ်မကစားချင်ပေမယ့် ကစားခဲ့ရတယ်။ နောက်အရံလူတွေဘာမှမတတ်နိုင်တဲ့အခြေအနေကြောင့် လက်စတာနဲ့ပွဲအတွက် အနားပေးထားရတဲ့ ရက်ဒ်ဖို့နဲ့မာရှယ်တို့ အတွဲကို မဖြစ်မနေထုတ်သုံးလိုက်ရပါတယ်။ ပြီးတော့ ဒီပွဲမှာ ကျွန်တော်တို့ ကစားသမားတစ်ချို့တော်တော်လေးနာခဲ့ကြပါတယ်။ ပြောရရင် အပ်နဲ့ပေါက်ရမှာ ပုဆိန်နဲ့ထွင်းခဲ့ရသလိုပါပဲ”လို့ ဆိုလ်းရှားက ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ကန်ခဲ့တဲ့ ပွဲစဉ်နဲ့ပက်သက်ပြီး သူအားမလိုအားမရဖြစ်ပုံကို ပြောကြားခဲ့တာပါ။

အဲဗာတန်နဲ့ပွဲမှာ ဝါရင့်တိုက်စစ်မှူး ကြီး ကာဗာနီက အသင်းအတွက် အဖိုးတန်ဦးဆောင်ဂိုးကို ပွဲပြီးခါနီးမှာ သွင်းပေးခဲ့ပေမယ့် ကာဗာနီနဲ့ပက်သက်ပြီး ဆိုလ်းရှားက သူအားမလိုအားမရဖြစ်ပုံကို ခုလိုထပ်မံပြောကြားခဲ့ပါတယ်။

နည်းပြဆိုးလ်ရှား မှ တိုက်စစ်မှူးကာဗာနီ၏သွင်းဂိုး အပေါ် ” မဆိုးဘူး။ တကယ်ဆို ပထမပိုင်းမှာကတည်းက သူဟာ ဂိုးတွေသွင်းသင့်ပါတယ်။ သူက ထိပ်သီးတိုက်စစ်မှူးတစ်ဦးပါ။ရွေ့လျားမှု၊ အရည်အသွေးတွေနဲ့အတူ တကယ်တမ်းတော့ သူ့ရဲ့ဘယ်ခြေဟာ အင်မတန်မှကို ကောင်းပါတယ်။ဒါပေမယ့် သူကဒီထက်ပိုကောင်းသင့်ပါတယ်။ သူသာအဆုံးသတ်ကောင်းခဲ့ရင် ကျွန်တော့်အစီအစဉ်တွေ အလုပ်ဖြစ်ခဲ့မှာပါ။”လို့ဆိုလ်းရှားကချီးကျူးရင်းဝေဖန်ခဲ့တာပါ။

ကာဗာနီ နှင့် ယာယီမင်နာတို့၏ မတော်တဆကိစ္စအပေါ်” အဲ့မတိုင်ခင်အချိန်မှာကတည်းက တောင်အမေရီက ကစားသမားနှစ်ဦးဟာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ ပါတယ်။ သူတို့ရဲ့တွေ့ဆုံမှုက အရမ်းကြီးကိုမကြာသေး ပါဘူး။ ဖြစ်နိုင်တာတော့ ကိုပါအမေရီက ဖလားပွဲစဉ်မှာ တွေ့ ခဲ့လောက်မယ်။ ”

ဒီပွဲဟာ ပွဲကောင်းတစ်ပွဲလို့ပြောရပါမယ်။ ဒီပွဲမှာပြိုင်ဘက် ပရိသတ်တွေရှိခဲ့တယ်။ ဖြတ်ထုတ်မှု နဲ့ အဝါကဒ်တွေနဲ့အတူ ပွဲ ကြမ်းခဲ့တယ်။ တစ်ချို့အခွင့်အရေး တွေဆိုနှစ်သက်ဖို့ကောင်းပါတယ်။ ဒီပွဲစဉ်ကို ကျွန်တော် နှစ်သက်ပါတယ်။

လူစားလှယ်မှုတွေဟာ ဒီပွဲမှာ အကျိုးသက်ရောက်နိုင် တာကိုကျွန်တော်သိပါတယ်။ လုရှော့ဆိုရင် ဒီပွဲမှာတောင့် တင်းမှုတွေရှိခဲ့တယ်။ ပြိုင်ဘက်ကို အန္တရယ်ဖြစ်စေမယ့် အနေအထားမျိုးရောက်အောင် ကောင်းကောင်းကစား နိုင်ခဲ့တယ်။

အရမ်းကောင်းတဲ့စတင်မှုပါ။ ပထမပိုင်း မိနစ်(20)(25)လောက်ကတည်းက ကျွန်တော်တို့ဂိုးတွေရခဲ့သင့်ပါ တယ်။ ပြိုင်ဘက်ဘက်က တစ်ချို့သောကာကွယ်မှုတွေ ကိုလုပ်နိုင်ခဲ့တယ်။ ဒါနဲ့ ပွဲစဉ်ရဲ့နောက်ဆုံးပြီးခါနီးမိနစ် (20) အလိုမှာတော့ ကျွန်တော်တို့က အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ခုခံကာကွယ်မှုအပိုင်းတွေကောင်းခဲ့တာကို သိပါတယ်။ ဒီပွဲစဉ်ကိုကျွန်တော်တို့ရဲ့နိုင်ပွဲအတွက် ကစားရမယ်။ အကောင်းဆုံးသောစိတ်ဓာတ်တွေနဲ့အတူ နိုင်ပွဲရသွားတော့ ယုံကြည်မှုတွေတိုးစေပါတယ်။ ဒါကြောင့် လာမယ့် Boxing Day ပွဲစဉ်ကိုရင်ဆိုင်ဖို့ကျွန်တော်တို့အသင့်ဖြစ်နေပါပြီး။ ”

ဂျွန်ထက်

Leave a Comment

Your email address will not be published.