နည်းပြကြီးဆိုးရှားဗျူဟာနဲ့အတူ အဲဗာတန်နိုင်ပွဲမှ ယူနိုက်တက်နဲ့ အသားကျလာသူများ

မန်ချက်စတာယူနိက်တက်ဟာ EFL Cup ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ အဲဗာတန် အသင်းနှင့် အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ နောက်ကျဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက်ဟာ အသင်းရဲ့ ကစားသမားအသစ်နဲ့ တချို့ကစားသမားတွေဟာ အသင်းနဲ့ အံဝင်မှုမရှိဘူး ဟု အင်္ဂလိပ်မီဒီယာတွေက ဝေဖန်ရေးတွေလုပ်ခဲ့ကြပါတယ်…

ဒါပေမဲ့ လက်ရှိ ပွဲမှာတော့ ကစားသမားတချို့ဟာ အသင်းနည်းပြကြီးဆိုးရှားလ် ရဲ့ ကစားကွက်မှာ အသားကျလာကြပါပြီ…

ဗန်ဒါဘတ် – ဗန်ဒါဘတ်က တော့ဒီပွဲမှာ တောင်ပံတိုက်စစ်ကနေပြောင်းကစားခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ် ကာဗာနီ ပေါ့ဘာတို့ နဲ့တိုက်စစ်အတွဲကို ကောင်းကောင်းကစားနိုင်ခဲ့ပါပြီ…..တိကျသေသပ်သော Passing တွေ အကွက်မြင်မှုတွေနဲ့ အတူ တောင်ပံတိုက်စစ်ကစားဟန်နဲ့ပေါင်းစပ်ခဲ့ပါတယ်…

ကာဗာနီ – ဝါရင့် ဥရုကွေးတိုက်စစ်မှူးကြီးကာဗာနီကတော့ ပွဲစတည်းကနေ တခါတည်း ပြိုင်ဘက်နောက်တန်းနဲ့ ဂိုးပေါက်ကို တရစပ် ချိန်းခြောက်တော့တာပါဘဲ….ပထမတပိုင်း လုံးအဲဗာတန်ဂိုးသမားကောင်းနေလို့ စောစောစီးစီး ဂိုးမရတာပါ….

ကာဗာနီ ရဲ့ အကွက်မြင်မှုတွေ နေရာယူမှန်မှုတွေ ဂရင်းဝုဒ်နဲ့ တွဲဖက်တိုက်စစ်ဆင်တာတွေ ဟာပထမတပိုင်းလုံး အဲဗာတန် နောက်တန်း နဲ့ဂိုးသမားတို့ တော်တော်အလုပ်ရှုပ်ခဲ့ရပါတယ်… အသင်းအတွက်ပထမဆုံးဦးဆောင်ဂိုးကို သွင်းပေးခဲ့သူပါ……

ဘရူနို – ဘရူနို ကတော့ အထူးပြောစရာမလိုတော့ပါဘူး …..သူကတော့ နိုင်လိုစိတ်အပြင်းထန်ဆုံး အကောင်းဆုံးကွင်းလယ်ဖန်တီးရှင် တယောက်လို့ပြောလို့ရပါပြီ….သူဟာအသင်းနဲ့ တသားတည်းကျမှုက တပွဲထက်တပွဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲလျော့သွားတယ်မရှိပါဘူး…..တိုးတက်လာတာဘဲရှိပါတယ်..

ဒီပွဲမှာဆို ဘရူနိုဟာ အကွက်မြင်တဲ့Magic Passing တွေကို ပေါ့ဘာနဲ့ အတူတူ ကောင်းကောင်းဖန်တီးပြီး ပြိုင်ဘက်တွေကို အကောင်းဆုံးလှည့်စားနိုင်ခဲ့ပါတယ်…ဘရူနိုရဲ့ ဆဌမအာရုံရနေတယ်လို့တောင်ထင်ရလောက်အောင် အကွက်မြင်ပြီး ကောင်းမွန်တဲ့ ဖန်တီးမှုများစွာကိုလုပ်ခဲ့ပါတယ်…

အဲဗာတန်ပွဲမှာ ယင်းကစားသမားများနှင့်အတူ ယူနိုက်တက်တသင်းလုံးဟာ နည်းပြကြီးဆိုးရှားရဲ့ ဗျူဟာနဲ့တသားတည်းကျခဲ့လို့ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် ဖလားအိမ်မက်က မဝေးတော့ဘူးဆိုတာ ခန့်မှန်းလို့ရသွားပါပြီ…

Htet Mg

Leave a Comment

Your email address will not be published.