မန်ချက်စတာယူနိက်တက်ဟာ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းမှာ EFL ဖလားပွဲစဉ်အဖြစ် ကစားခဲ့ရာ ဝ-၂ ဂိုးဖြင့် ယူနိက်တက်တို့ နိုင်ပွဲဆက်ခဲ့ပြန်ပါတယ်….

ဒီပွဲမှာတော့ နည်းပြကြီးဆိုးရှားလ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ကစားသမားတချို့ကို အနားပေးထားခဲ့ပါတယ်….

လူစာရင်းအနေနဲ့ ဗန်ဒါဘတ် ကာဗာနီ ဂရင်းဝုဒ် ဘရူနို ပေါ့ဘာတို့ နဲ့ ပြိုင်ဘက်နောက်တန်းကို ပထမတပိုင်းလုံးခြိမ်းခြောက်နေခဲ့ပါတယ်……

ပထမတပိုင်းလုံး ကာဗာနီ ဘရူနို တို့ တွဲလုံးတွေ ပေါ့ဘာရဲ့ ပေးပို့မှုတွေ နဲ့ အဲလက်တဲစ်ရဲ့ ထောင့်ကန်ဘောတွေကနေတဆင့် တောက်လျောက်ပြိုင်ဘက်နောက်တန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်….

ကာဗာနီ ရဲ့ အဆုံးသတ်သေချာမှု အနည်းငယ်လိုခဲ့တာကြောင့် ပထမပိုင်းမှာ အပိုင်းအခွင့်အရေးတွေကနေ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး….ဂိုးသမား ဟန်ဒါဆန် ကာကွယ်မှုတွေကလည်း တိကျလွန်းနေခဲ့တာကြောင့် တဖက်သင်းလည်း ဂိုးမရရှိခဲ့ပါဘူး…

ဒုတိယပိုင်းမှာတော့ နည်းပြကြီးဆိုးရှားဟာ မိနစ် ၆၀ အကျော်မှာတော့ ဗန်ဒါဘတ် ဂရင်းဝုဒ်တို့ကို လူစားလဲခဲ့ပြီး ကာဗာနီကို ပွဲချိန်ပြည့်သုံးသွားခဲ့တာ မှန်သွားတယ်ပြောရပါမယ်….

မိနစ် ၈၈မိနစ် မှာ ကာဗာနီ ဦးဆောင်ဂိုးနဲ့ ၉၀မိနစ်မှာ မာရှယ်က ဒုတိယဂိုးကိုသွင်းယူခဲ့ပြီး နောက်ကျဂိုးတွေနဲ့ ယူနိုက်တက်ကို ဆီမီးဖိုင်နယ်ဆီကို တက်လှမ်းနိုင်စေခဲ့ပါတယ်….

ဒီပွဲမှာ တော့ တသင်းလုံး စိတ်ဓာတ်တွေညီညွတ်နေခဲ့ပြီးနိုင်လိုစိတ်ပြင်းပြခဲ့ကြကာ ဖလားရယူနိုင်တဲ့ ခြေစွမ်း အဆင့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြပီဆိုတဲ့အကြောင်းကိုပြသခဲ့ကြပါတယ်….

Htet Mg

Leave a Comment

Your email address will not be published.