ချဲယ်ဆီးကြားဝင်လာမှုကြောင့် တောင်အမေရိကကြယ်ပွင့်ကိုခေါ်ယူဖို့အဆင့်ကျော်လုပ်နေရတဲ့မန်ယူ

မန်ယူအသင်းဟာ အီကွေဒေါကလပ် အင်ဒီပန်းနန့်က ကွင်းလယ်ကစားသမားကာစီဒိုကိုခေါ်ယူဖို့ညှိနှိုင်းမှုတွေအဆင်ပြေပြီးတရားဝင်ဆေးစစ်မှုတွေကိုယနေပမှာပြုလုပ်တော့မယ်လို့Daily Mailသတင်းမှာဖေါ်ပြလိုက်ပါပြီ။

ဒါပေမယ့်အပြောင်းအရွှေ့ဟာပြီးပြတ်ခြင်းမရှိသေးဘဲပေါင်၄.၅သန်းနဲ့ရနိုင်မယ့် ကြယ်ပွင့်လးကို အချောင်ရဖို့ပရီးမီးယားလိဂ်ပြိုင်ဘက်ချဲယ်ဆီးအသင်းရဲ့ကြားဝင်လာမှုကြောင့် မန်ယူအသင်းကလည်းလက်ဦးမှုရဖို့အစွမ်းကုန်လှုပ်ရှားနေရကြောင်းအဆိုပါသတင်းအရသိရပါတယ်။

ငါးနှစ်စာချုပ်နဲ့အိုးထရက်ဖိုစ့်ကိုခေါ်ယူမယ့်လူငယ်ကြယ်ပွင့်ဟာ မန်ယူရဲ့အပြောင်းအရွှေ့နည်းဗျူဟာသစ်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ဆိုပါတယ်။မန်ယူဟာပြီးခဲ့တဲ့အပြောင်းအရွှေ့ထဲကလူငယ်ကြယ်ပွင့်တွေကိုဘဲဦးစားပေးခေါ်ယူထားပြီးအာမက်ဒယ်လို၊ပယ်လီစတာရီစတဲ့လူငယ်ကြယ်ပွင့်တွေနဲ့ ကာစီဒိုအိုးထရက်ဖိုစ့်မှလာမယ့်ရသတ္တပါတ်အတွင်းပူးပေါင်းနိုင်အောင်မန်ယူအသင်းဆောင်ရွက်နေကြောင်းသိရပါတယ်။

အပြောင်းအရွှေ့ကိအဓိကနှောက်ယှက်နေသူများကတော့ပရီးမီးယားလိဂ်အသင်းတွေဘဲဖြစ်ပြီးငွေထုပ်ပိုက်ထားတဲ့ ချဲယ်ဆီးအသင်းကင်းထောက်တွေကအင်ဒီပန်းနန့်အသင်းကိုငွေကြေးနဲ့ဆွဲဆောင်နေသလိုအခြားပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ နယူးကာဆယ်နဲ့ဘရိုက်တန်အသင်းတွေကလည်းကစားသမားလေးကိုပွဲထွက်ကစားခွင့်နဲ့စည်းရုံးနေကြတာကြောင့်မန်ယူအသင်းစာချုပ်ချုပ်ဆိုပြီးဖို့အလျှင်လိုနေခဲ့ရပါပြီ။

ကစားသမားရဲ့အသက်အရွယ်အကြောင့် ဗြိတိန်နိုင်ငံမှာအလုပ်လုပ်ခွင့်ပါမစ်ရရှိဖို့ခက်ခဲနိုင်တာကြောင့် မန်ယူအသင်းဟာ အပြီးသတ်ဝယ်ယူပြီးချိန်မှာတောင် အခြားအသင်းတကိုအငှားချတာမျိုးလုပ်ကောင်းလုပ်ရဖို့ရှိနေတယ်လို့သိရပါတယ်။

အသက်၁၉နှစ်အရွယ်သာရှိသေးတဲ့ ကာစီဒိုဟာ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်ပြီးကွင်းလယ်ခံစစ်နေရာကိုလည်းတာဝန်ယူပြီပြီပြင်ပြင်ကစားနိုင်သူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင်ဂိုးဖန်တီးမုှကောဂိုးသွင်းခြေစွမ်းရှိတဲ့ ယာယာတိုရေးလိုကစားပုံမျိုးရှိသူတစ်ဦးဖြစ်ပါတယ်။

ကာစီဒိုဟာအင်ဒီပန်းနန့်အသင်းနဲ့စာချုပ်ဟာလာမယ့်ဘောလုံးရာသီမှာကုန်ဆုံးမှာဖြစ်တာကြောင့် အခုလိုဈေးသက်သက်သာသာနဲ့ရောင်းချရဖို့ဖြစ်လာတာပါ။မန်ယူအသင်းကလည်း ဗြိတိန်နိုင်ငံရဲ့အလုပ်လုပ်ခွင့် ပါမစ်အပြောင်းအလဲရှိလာနိုင်တာကြောင့် စနစ်မပြောင်းခင်နိုင်ငံခြားကစားသမားတစ်ဦးကို ဦးစားပေးဝယ်ယူဖို့စီစဉ်ရတာပါ။

အသက်အရွယ်ကြီးမြင့်လာတဲ့ ကွင်းလယ်ခံစစ်ကစားသမားမာတစ်ရဲ့နေရာကို အစားထိုးဖို့နဲ့အသင်းကနေထွက်ခွါသွားနိုင်တဲ့ပေါ့ဘာ တို့ရှိနေတာကြောင့် အားနည်းမှုရှိလာနိုင်တဲ့ကွင်းလယ်ကို ကြိုတင်ပြင်ဆင်ထားဖို့စီစဉ်လာတာလဲဖြစ်ပါတယ်။

ကာစီဒိုဟာအင်ဒီပန်းနန့်အသင်းအတွက်စုစုပေါင်း၃၁ပွဲပွဲထွက်ကစားထားပြီးဖြစ်ပါတယ်။ထို၃၁ပွဲမှာသွင်းဂိုး၆ဂိုးရရှိထားကာဂိုးဖန်တီးမှုနှစ်ကြိမ်ရရှိထားကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.