အသင်းကိုကယ်တင်ဖို့လိဂ်ချန်ပီယံရှစ်ကစားသမားကိုခေါ်ယူမယ့်အာဆင်နယ်

အာဆင်နယ်အသင်းဟာပရီးမီးယားလိဂ်မှာအခြေနေဆိုးရွားနေတာကြောင့်လာမယ့်ဇန်နဝါရီလမှာအသင်းရဲ့လူအင်အားကို အလျှင်အမြန်ဖြည့်တင့်ဖို့ဆောင်ရွက်နေပါတယ်။အထူးသဖြင့် အားနည်းလွန်းလှတဲ့ကွင်းလယ်ဖန်တီးမှုအပိုင်းကိုဦးစားပေးပြီးဖြည့်တင့်ဖို့လုပ်နေပါတယ်။

ပစ်မှတ်ကစားသမားအမျးအပြားနဲ့ချိတ်ဆက်နေပြီးလိုင်ယွန်ကွင်းလယ်ကစားသမာအာဝါရီးရဲယ်ကွင်းလယ်လူအစ္စကိုစတဲ့နာမည်ကျော်များနဲ့ချိတ်ဆက်နေပြီးအသင်းရဲ့ဘားဂျက်အနေအထားအရနောက်ဆုံးမှာ လိဂ်ချန်ပီယံရှစ်ကလပ်အသင်းနော်ရစ်မှအာကျင်တီးနားကွင်းလယ်ကစားသမား အီမီလာနိုဘူဒီယာဖြစ်လာပါတယ်။

အသက်၂၄နှစ်အရွယ်အာကျင်တီးနားညာတောင်ပံကစားသမားကိုယ်ဝယ်ယူမယ်ဆိုရင်တော့ အာဆင်နယ်အသင်းအတွက်ပေါင်၁၄သန်းခန့်သာကုန်ကျဖြစ်လို့ပေါင်သန်းလေးဆယ်တန်အာဝါနဲ့ ပေါင်သန်း၃၀တန်အစ္စကိုတို့ထက်အဆအများကြီးဈေးသက်သာနေတာကြောင့် အာဆင်နယ်အသင်းရဲ့ထုံးစံအတိုင်းဘဲအဝယ်မြှားဦးဟာ လိဂ်ချန်ပီယံရှစ်စီကိုခေါင်းတည်လာပါပြီ။

ဒါ့အပြင်အီမီလာနိုဟာ နောရစ်အသင်းဒီနှစ်ရာသီတန်းမဆင်းခင်ပရီးမီးယားလိဂ်အဆင့်အတန်းနဲ့ညီညီကစားပြနိုင်ခဲ့တဲ့ကစားသမားထဲကတစ်ဦးဖြစ်နေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့အသားကျပြီးသားကစားသမားတစ်ဦးဖြစ်တယ်ဆိုတဲ့အချက်ကလည်းအဓိကဆွဲဆောင်မှုလိုဖြစ်နေပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပြင်ပကစားသမားတွေကိုဈေးကြီးပေးခေါ်ယူထားပေမယ့်အသင်းနဲ့အံမဝင်လို့ဆုံးရှုံးမှုကြီးမားတဲ့အသင်တွေမှာထိပ်ဆုံးကနေဦးဆောင်နေတဲ့အသင်းပါ။နီကိုလပ်ပီပီ၊ဝီလီယံဆာလီဘာတို့ဟာဈေးကြီးပေးပြီးအာဆင်နယ်အသင်းနဲ့အံမဝင်တဲ့ကစားသမားတွေဖြစ်နေတာကြောင့်အာဆင်ယ်အနေနဲ့ပရီးမီးယားလိဂ်မှာအသားကျခြေစွပ်ပြပြီးသားကစားသမားကိုခေဈယူချင်နေတာပါ။

အီမီလာနိုဟာနောရစ်အသင်းကို စပိန်ကလပ်ဂီတာဖေးအသင်းကနေ၂၀၁၈ခုနှစ်မှာပြောင်းရွှေ့လာခဲ့ပြီးအတိုပါဘောလုံးရာသီမှာနောရစ်တန်းဆင်းခဲ့ရပေမယ့်တစ်ရာသီလုံးခြေစွမ်းပြစားခဲ့သူပါ။တစ်ဦးခြင်းကျော်ဖြတ်နိုင်မှုအကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီးလျှင်မြန်မှုနဲ့ဖန်တီးမှုအားကောင်းတဲ့ကစားသမားမျိုးဖြစ်ပါတယ်။

အခုနှစ်ဘောလုံးရာသီလိဂ်ချန်ပီယံရှစ်မှာလည်းနော်ရစ်အသင်းထိပ်ဆုံးမှ အမှတ်ဖြတ်ဦးဆောင်နေရာမှာလည်းအီမီလာနိုကအဓိက ကူညီထားပြီးချန်ပီယံရှစ်၁၆ပွဲမှာ ၆ဂိုးသွင်းယူကာ၇ဂိုးဖန်တီးပေးထားပါတယ်။

အီမီလာနိုဟာနောရစ်အသင်းနဲ့စုစုပေါင်း၉၆ပွဲပွဲထွက်ကစားခွင့်ရရှိထားပြီးထိူု၉၆ပွဲမှာ ၁၅ဂိုးသွင်းယူကာ၃၂ဂိုးဖန်တီးပေးထားနိုင်မှုဟာပေးရတဲ့ဈေးနဲ့အလွန်ထိုက်တန်တယ်ဆိုတာထင်ရှားလွန်းလှပါတယ်။

Leave a Comment

Your email address will not be published.