၂၀၂၁မှာမန်ယူအသင်းရဲ့အထွန်းတောက်ဆုံးဖြစ်လာမယ့်ကစားသမား

မန်ယူအသင်းဟာယခုနှစ်ဘောလုံးရာသီမှာ နောက်တန်းပေးဂိုးတွေများပြားနေတာကြောင့်ဝေဖန်မှုတွေဆက်တိုက်ခံနေရပြီးဗဟိုနောက်ခံကစားသမားသစ်ဝယ်ယူဖို့နည်းပြဆိုးရှားကိုကစားသမားဟောင်းတွေအပါအဝင် ပရိတ်သတ်တွေကဖိအားပေးလျှက်ရှိနေပါတယ်။

မန်ယူဗဟိုနောက်ခံအတွဲဖြစ်တဲ့ မက်ဂွိုင်းယားနဲ့လင်ဒီလော့အတွဲဟာ မကြာခဏအမှားကျူးလွန်လေ့ရှိပြီးလူစားဝင်ကစားလေ့ရှိတဲ့အရြစ်ဘိုင်ယီဟာလည်းခြေစွမ်းကောင်းပေမယ့် ကစားပုံတည်ငြိမ်မှုမရှိတာကြောင့် မန်ယူနောက်တန်းဟာအရေးကြီးပွဲစဉ်တွေမှာ မကြာခဏဒုက္ခပေးပေါင်းများလှပါပြီ။

ဒါကြောင့်မန်ယူအသင်းဟာ လိုက်ဇစ်နောက်ခံလူအူပါမီကာနိုနဲ့နာပိုလီနောက်ခံလူကူလီဘာလီတို့ကိုခေါ်ယူဖို့စောင့်ကြည့်လျှက်ရှိနေပါတယ်။အခုတော့မန်ယူအသင်းဟာဗဟိုနောက်ခံလူဝယ်ယူဖို့အစီအစဉ်ကိုရွှေ့ဆိုင်းလိုက်ပါပြီ။

အဲဒါကတော့အသင်းရဲ့ငယ်မွေးခြံပေါက်ကစားသမားလေးတွန်ဇီဘီဟာ ပါဝင်ကစားခွင့်ရတဲ့ပွဲစဉ်တိုင်းမှာထိပ်တန်းခြေစွမ်းတွေပြသနေတာကြောင့်ပါ။

အဲဗာတန်အသင်းကိုအဝေးကွင်းမှာဝ-၂နဲ့အနိုင်ရခဲ့တဲ့ကာရာဘိုးဖလားပွဲစဉ်အပြီးမှာတော့ အဲဗာတန်အသင်းရဲ့နာမည်ကြီးတိုက်စစ်မှူးတွေကိုမလှုပ်နိုင်အောင်ထိမ်းချုပ်ပြခဲ့တဲ့ တွမ်ဇီဘီကို အားကစားဝေဖန်သူအားလုံးက ၂၀၂၁မှာမန်ယူအသင်းမှာ အထွန်းတောက်ဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့တညီတညွတ်ထဲ မှတ်ချက်ပေးလိုက်ပါပြီ။

ွမ်ဇွီဘီဟာ ၂၀၂၁မှာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာလိမ့်မယ်လို၎င်းတို့ကဆိုပါတယ်။တွမ်ဇီဘီဟာ မန်ယူအသင်းမှာပွဲထွက်ကစားခွင့်ရရှိထားတာပွဲ၅၀ရှိလာပါပြီ။၂၀၁၈ရာသီကတော့အက်စတွန်ဗီလာအသင်းကို အငှားသွားရောက်ကစားခဲ့ပြီးဒဏ်ရာနဲ့အသင်းကိုပြန်ပို့ခံခဲ့ရတဲ့ကံဆိုးသူကစားသမားလေးဟာအခုတော့ သူ့ရဲ့တန်ဖိုးကို ကောင်းကောင်းပြနေပြီလို့ချီးကျူးနေပါတယ်။

တွန်ဇီဘီကြောင့်မန်ယူနောက်တန်းအပြောင်းအလဲတွေ့မြင်လာရနိုင်ပြီး ဘာပေကိုထိမ်းးချုပ်ပြခဲ့တဲ့လျှင်မြန်မှုကြောင့် အနည်းငယ်နှေးတဲ့မက်ဂွိုင်းယားကိုကောင်းကောင်းထောက်ပံ့နိုင်ပြီး လင်ဒီလေ့အားနည်းတဲ့အမြင့်ဘောဖျက်ထုတ်မှုမှာလည်းတွမ်ဇီဘီက များစွာသာလွန်နေတာကြောင့် ဆွီဒင်သားနောက်ခံလူဟာမကြာခင်အရန်ခုံရောက်တယ်မယ်လို့သုံးသပ်နေကြပါတယ်။

Leave a Comment

Your email address will not be published.