လက်စတာကိုလျော့တွက်ရင် စောစောစီးစီး ဘယ်နစ်ဂိုးလောက်ပေးလိုက်ရမယ်ဆိုပီး သတိပေးလိုက်တဲ့ ဆိုလ်းရှား

ဒီအပတ်မှာတော့ ပရီမီးယားလိဂ်ကလပ်အသင်းတွေအတွက် ဆက်တိုက်ဆိုသလို ပွဲကြပ်ပွဲစဉ်တွေကို ရင်ဆိုင်ရတော့မှာပါ။ လာမယ့်စနေနေ့ Boxing Day မှာ ပွဲကြီးပွဲကောင်းတွေကန်ဖို့အများကြီးရှိနေပါတယ်။

အဲ့ဒီလို ပွဲကြီးပွဲကောင်းတွေထဲက ပထမဆုံးနေ့မှာကန်မယ့်ပွဲကတော့ လက်စတာစီးတီးနဲ့ ယူနိုက်တက်အသင်းတို့ပဲဖြစ်ပါတယ်။ အဆင့်၂နေရာမှာရှိနေတဲ့ လက်စတာစီးတီးနဲ့အဆင့်၃နေရာမှာရှိနေတဲ့ယူနိုက်တက်တို့ပွဲဟာတစ်ကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပွဲဖြစ်ပြီးတော့ လက်စတာကို လျော့တွက်ရင် ဘယ်နှစ်ဂိုးလောက် စောစောစီးစီးသွင်းခံလိုက်ရမယ်ဆိုတာကို ယူနိုက်တက်အသင်းသားတွေကို ဆိုလ်းရှားက သတိပေးလိုက်ပါတယ်။

ဆိုလ်းရှားက လက်စတာနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ ခုလိုပြောကြားခဲ့တာပါ။”ကောင်းပါပြီး။ ဘောလုံးပွဲဆိုတာ တစ်ပွဲ ပြီးမှ တစ်ပွဲ ကစားရတာပါ။ အခုလိုအချိန်မျိုးမှာ ကျွန်တော်စဉ်းစား ဖြစ်တဲ့အရာလည်း ဒါပါပဲ။ ဒါပေမယ့် လက်စတာ၊ မနှစ် ဘောလုံးရာသီတုန်းက သူတို့နဲ့တွေ့ဆုံးကစားခဲ့စဉ်က ကျွန်တော်တို့ဆီမှာရလဒ်ကောင်းတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။

လက်စတာအသင်းဟာ အင်မတန်မှမာကျောတဲ့အသင်းပါ။ သူတို့ဆီမှာအကောင်းဆုံးနည်းပြနဲ့ ပုံစံ ကောင်းတွေရှိထားပါတယ်။ ဘရန့်ရော်ဂျာလက်အောက် သူတို့ကစားတဲ့ ပွဲစဉ်တွေကိုကြည့်ရတာကိုကျွန်တော် အင်မတန်မှနှစ်သက်ပါတယ်။ မနှစ်တုန်းက သူတို့နဲ့ရလဒ် ကောင်းရခဲ့တာကိုကျွန်တော်တို့မှတ်မိပါသေးတယ်။သူတို့ နဲ့နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲတုန်းက ကျွန်တော်တို့က ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့တယ်။

အခု ကစားရမယ့်ပွဲဟာမနှစ် တုန်းကနဲ့မတူတော့ဘူးဆိုတာကိုကျွန်တော်သိထားပါ တယ်။ အကြောင်းကတော့ ဘောလုံးရာသီဆိုတာလည်း တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ လက်ရှိသူတို့အနေအထား က ကျွန်တော်တို့ကို ဒုက္ခကောင်း ကောင်းပေးနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်အသင်းနဲ့ပဲ ကစား ကိုယ့်ဘက်က အကောင်းဆုံးကစားသွားပါမယ်။ ”

-” ကျွန်တော်တို့ဆီမှာပုံစံကောင်းတွေတစ်ဖြည်းဖြည်းနဲ့ ရှိလာခဲ့ပြီးဖြစ်တယ်။ အသင်းမှာကျွန်တော်လိုချင်တဲ့ အရာတွေကို ကောင်လေးတွေကကောင်းကောင်းသိထား ကြပါတယ်။ သေချာမှုရှိတဲ့ပွဲစဉ်တစ်ပွဲကခင်ဗျာကို မှန် ကန်မှုရှိစေမယ့်လမ်းကြောင်းပေါ်ကိုပို့ပေးဖို့ အခွင့်အရေး ဖြစ်စေပါတယ်။ လိဒ်ယူနိုက်တက်နဲ့ပွဲတုန်းက ကျွန်တော် တို့တွေ နောက်တစ်ဆင့်တက်လှမ်းနိုင်အောင်အခွင့်အရေး ပေးတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။ အဆုံးသတ်မှာ တော့ကျွန်တော်တို့က အနိုင်ယူနိုင်ခဲ့တယ်။ လိုအပ်လာရင် ကျွန်တော်တို့ဘက်က အစွမ်းကုန်ထုတ်သုံးဖို့ အကြံပြု နေတာနဲ့တူပါတယ်။ “</p.

” မန်ချက်စတာယူနိုက်တက်နဲ့ပတ်သတ်လို့လူတွေ ပြောကြတဲ့ ဝေဖန်သံတွေကတော့ အမြဲတမ်းဆူညံနေလိမ့်မယ်။ ကျွန်တော်တို့လုပ်ရမယ့် အလုပ်က ကိုယ့်ဆီမှာ တိုးတက်မှုရှိအောင်လုပ်ဖို့နဲ့ တစ်ပွဲ ပြီးတစ်ပွဲ အနိုင်ရလဒ် ကိုရယူသွားဖို့ဖြစ်တယ်။ တစ်ပွဲ ပြီးတစ်ပွဲ အကောင်း ဆုံးကစားတာက ရာသီတစ်ခုအတွက် အကောင်းဆုံးသော စိန်ခေါ်မှုတွေလို့လည်းပြောလို့ရပါတယ်။

အဲ့ကိစ္စတွေက ကျွန်တော်တို့တစ်ခါတစ်လေ ပြောကြတဲ့အကြောင်းအရာ တွေတော့မဟုတ်ဘူး။ ကျွန်တော်တို့ပြောတဲ့စကားဆိုလို့ နေ့တိုင်း အလုပ်ကြိုးစားပြီးတိုးတက်အောင်လုပ်ဖို့နဲ့ ပွဲ တစ်ပွဲကိုဘယ်လိုယှဉ်ပြိုင်ကြမလဲဆိုတာပဲ ဖြစ်တယ်။ အခုလက်ရှိမှာတော့ ကျွန်တော်တို့လုပ်နိုင်တဲ့အရာက ကြိုးစားနေဖို့ပဲ ဖြစ်တယ်။ ဒါနဲ့ နောက်ထပ်အနေနဲ့ကျွန် တော်တို့ဘက်က သင်ယူစရာတွေလည်းအများကြီးရှိပါ သေးတယ်။ ”

အခု အချိန် ကစားရတဲ့ပွဲတွေကို အိမ်ကွင်းပွဲစဉ်၊ အဝေးကွင်းပွဲစဉ်ရယ်လို့ မခံစားရတော့ပါဘူး။ အဲဗာတန် နဲ့ ကစားတဲ့ပွဲတုန်းက ကျွန်တော်တို့ရဲ့ပရိသတ်တစ်ချို့ရှိနေခဲ့တယ်။သူတို့ရဲ့ဆူညံတဲ့အားပေးသံတွေကြောင့် ဘောလုံးကစားရတာ ကျွန်တော်တို့ဘက်က ပျော်ရွှင်မှု တွေရှိပါတယ်။ မနှစ်တုန်းက ဒီလိုအချိန်အားပေးတဲ့ပုံစံ မျိုးနဲ့တော့ မတူပါဘူး။ ဒါကြောင့်မို့ အိမ်ကွင်းဖြစ်စေ အဝေးကွင်းဖြစ်စေ အရေးမကြီးတော့ပါဘူး။

လက်စတာလိုအသင်းမျိုးကို တစ်ဂိုး ၊နှစ်ဂိုးဦးဆောင် ဂိုး တွေအရင်မပေးသင့်ပါဘူး။ အကြောင်းကတော့ပွဲ ကို ထိန်းချုပ်ဖို့သူတို့ဆီမှာ ကစားသမားကောင်းတွေများစွာ ရှိထားပါတယ်။ အကယ်လို့ သူတို့က ရလဒ်ကိုကြည့်ပြီး ကစားလာရင် ခင်ဗျာဘက်က သုံးဂိုးလေးဂိုးတောင် စောစောစီးစီးခွင့်ပြုခံရနိုင်တယ်။ ဒီအတွက်ကြောင့်ကျွန် တော်တို့က အဲဗာတန်နဲ့ပွဲတုန်းကလိုပဲ ပွဲကို အစပိုင်းမှာ ကောင်းနေအောင် ကစားရပါမယ်။ တကယ်တမ်းတော့ အသင်းရဲ့ပထမဆုံးသွင်းဂိုးက အရေးပါမှုရှိစေပါတယ်။”

Leave a Comment

Your email address will not be published.