ယူနိုက်တက်ကို နေရာမှန်ပြန်ပို့ပေးမယ်ဆိုတဲ့ လက်စတာက မန်ယူနောက်ခံလူဟောင်း အီဗန့်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားဖြစ်ခဲ့ဖူးတဲ့ လက်စတာနောက်ခံလူ ဂျွန်နီအီဗန့်က လက်စတာနဲ့ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ သူ့ကိုအားပေးခဲ့တဲ့ ပရိတ်သတ်တွေနဲ့ ယူနိုက်တက်အသင်းတွေကို အံ့ဩဒေါသသင့်ဖွယ် စကားတစ်ခွန်းကိုပြောဆိုခဲ့ပါတယ်။

ဂျွန်နီအီဗန့်ဟာ မြောက်အိုင်ယာလန်လက်ရွေးစင်တစ်ဦးဖြစ်သလို အိုးထရက်ဖို့ဒ်မှာကစားသမားဘဝစတင်ကာမန်ယူအတွက် ၁၉၈ပွဲကစားပေးသူဖြစ်ပြီးချန်ပီယံလိဂ်ဖလား၁ကြိမ်၊ပရီးမီးယားလိဂ်ဖလား၃ကြိမ်ဆွတ်ခူးပြီးနောက်၂၀၁၅ခုနှစ်မှာထွက်ခွာခဲ့တဲ့သူပါ။

အီဗန့်ဟာ ဆိုးရှားအလိုရှိနေတဲ့ ဘယ်ခြေအားသန်နောက်ခံလူအမျိုးအစားဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်အတွေ့အကြုံအလွန်ရင့်ကျက်နေတာကြောင့်အသင်းမှလူငယ်ကစားသမားတွေနဲ့ တွဲဖက်ကစားစေလိုတဲ့နည်းပြဆိုးရှားရဲ့ဆန္ဒလည်းဖြစ်တဲ့အတွက် လက်စတာနဲ့စာချုပ်ကုန်ရင် ခေါ်ယူဖို့ထိ ယူနိုက်တက်က အနီးကပ်လည်းစောင့်ကြည့်ခံခဲ့ရတဲ့သူပါ။ ဒါပေမယ့် အီဗန့်ကိုယ်တိုင်ကတော့ လက်စတာအသင်းမှာပျော်ရွှင်နေပြီး စာချုပ်သစ်ထပ်မံချုပ်ဆိုကာ အသင်းဟောင်းကို ပြန်မလာခဲ့တော့သူလည်းဖြစ်ပါတယ်။

သူဟာယူနိုက်တက်နဲ့ဆုဖလားတွေအများကြီး ရယူထားဖူးပြီး ပရိတ်သတ်တွေ ချစ်ခင်နှစ်သက်မှုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဒီလိုကစားသမားမျိုးဟာ မကြာခင်မှာ ယူနိက်တက်နဲ့ကန်မယ့်ပွဲအပေါ် Sport tribble Newsက”ကသတင်းထောက်တစ်ယောက်က မေးမြန်းခဲ့တာကိုဖြေကြားရာမှာ အသင်းဟောင်းအပေါ် ခနဲ့တဲ့တဲ့စကားမျိုးကိုပြောခဲ့တာပါ။ ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက်ဖြစ်ခဲ့တဲ့ အီဗန့်က လက်စတာမန်ယူပွဲအပေါ်

ယူနိုက်တက်က ခုဆို အကောင်းဆုံးယုံကြည်မှုနဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်နေပါပြီ။ ဒါပေမယ့် ယူနိုက်တက်ခြေစွမ်းက တည်ငြိမ်မှုမရှိဘူးဆိုတာ အားလုံးလည်းသိမှာပါ။ ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၄ပွဲဆက်ထားသလို စပါလ်းကို ၂ဂိုးသွင်းထားဖူးတာကိုလည်းမေ့လို့မရပါဘူး။ ပြီးတော့ ကျွန်တော်တို့မှာ အကျစ်အလစ်ဆုံး အလျင်အမြန်ဆုံးကစားသမားကောင်းတွေရှိနေပါတယ်။ ကျွန်တော်ယုံတယ်။ ယူနိုက်တက်က သူ့နေရာမှန်ကို ပြန်ရောက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဇယားထိပ်ကနေရာတော့မဟုတ်ဘူးပေါ့။”ဆိုပြီး ပြောကြားခဲ့တာပါ။

အီဗန့်ဟာ ခရစ်စမတ်နေ့မှာ ပါတီတစ်ခုမှာ သတင်းထောက်ကို ဖြေတဲ့အချိန် မူးနေခဲ့ပုံရပြီးတော့ နောက်ဆုံးသူက ရယ်မောပြီး စကားတစ်ခွန်းကိုဆက်ပြောသွားပါတယ်။” တစ်ကယ်ပြောတာ ခင်ဗျားစောင့်ကြည့်လိုက်။ ယူနိုက်တက်ကို သူ့နေရာမှန်ကို ကျွန်တော်တို့ ပို့ပေးမှာပါ”

အဲ့ဒီလို ပြောကြားခဲ့တာနဲ့ပက်သက်ပြီး သူ့ကိုအားပေးချစ်ခင်နှစ်သက်ခဲ့ကြတဲ့ ယူနိုက်တက်ပရိတ်သတ်တွေဟာ အံဿသြင့်ပြီး ဒေါသထွက်ခဲ့ရပါတယ်။

အီဗန့်ဟာ ၂၀၁၅ခုနှစ်က ဝက်ဘရွန်းအသင်းကိုမပြောင်းရွှေ့မီအချိန်ထိမန်ယူအသင်းမှာဆယ်စုနှစ်တစ်ခုကျော်ကစားခဲ့တဲ့အသင်းရဲ့ငယ်မွေးခြံပေါက်ကစားသမားဟောင်းတစ်ဦးဖြစ်သလိုနည်းပြဆိုးရှားနဲ့အသင်းဖေါ်ဖြစ်ခဲ့ဘူးသူလည်းဖြစ်ပါတယ်။

တကယ်လို့ လက်စတာကစာချုပ်သစ်ဆက်မချုပ်ဘူးဆိုရင်တော့ ကစားသမားကလည်း အသင်းဟောင်းကိုပြန်ခေါ်ဖို့ထိ ယူနိက်တက်က သံယောဇဉ်ရှိခဲ့သူလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.