လက်စတာနဲ့ပွဲအပြီးတွင် ယူနိက်တက်တွင် လစာအလကားထိုင်ယူနေသူများစာရင်း Coral မှဖော်ပြ

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (14) အဖြစ် လက်စတာအသင်းရဲ့ အိမ်ကွင်းမှာသွားရောက် ကစားခဲ့ရာမှာ 2 – 2 ဖြင့် သရေရလဒ်ဖြင့် ပွဲဟာပြီးဆုံးခဲ့ပါတယ်….

ယင်းပွဲတွင် မန်ချက်စတာယူနိက်တက်ကစားသမားများထဲမှာ လစာဈေးကြီးစွာပေးနေရပြီး ယခုနှစ်တွင် အမှားများသော ကစားသမားစာရင်းကို Coral မှဖော်ပြခဲ့ပါတယ်…..

Coral မှဖော်ပြခဲ့သော စာရင်း တွင် လက်ရှိ ဝေဖန်ခံနေရပြီး ပွဲတိုင်းတွင် အမှားများနေသော မန်ယူကစားသမား (၃) ဦး ပါဝင်ဖော်ပြခြင်းခံခဲ့ရပါတယ်…

ဒီဂီယာ – ဒီဂီယာ ဖာဂူဆန် လက်ထက်ကနေ ယအခု လက်ရှိ နည်းပြ ဆိုးရှားလ်လက်ထက်ထိ ဂိုးသမားအဖြစ် သက်တမ်းရှည်ဆုံး ကစားသမားတဦးပါ…..သူဟာ လက်ရှိမှာ တပတ်ကို ပေါင် ၃၇၅၀၀၀ ရရှိကာ လက်ရှိ Player Rating အညံ့ဆုံးကစားသမားတဦးဖြစ်ပြီး Coral ရဲ့ဖော်ပြချက်မှာ လစာယူပြီး လက်စွမ်းမပြနိုင်သော ထိပ်ဆုံးကစားသမားအဖြစ် ထုတ်ပြန်ခံခဲ့ရပါတယ်…

မာရှယ် – မာရှယ်ကတော့ ယခုလက်ရှိ တရာသီလုံး ရှေ့တန်းတိုက်စစ်တွင် ဂိုးကန်သွင်းခွင့် ဖြုန်းတီးမှုအများဆုံး ကစားသမားအဖြစ် Coral မှမှတ်တမ်းတင်ထားခြင်းခံရသလို လက်ရှိ လစာအလကားထိုင်ယူနေသော စာရင်းတွင် ဒုတိယနေရာမှ ရပ်တည်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်..မာရှယ်ရဲ့ လစာကတော့ တပတ်ကို ပေါင် ၂၅၀၀၀၀ ရရှိနေသူပါ….

ဟယ်ရီမက်ကွိင်းယား – မက်ကွိင်းယားကတော့ နည်းပြကြီး ဆိုးရှားလ် ရဲ့ လူယုံ ဆိုလည်းမမှားဘူးလို့လည်းပြောရပါမယ်….မက်ကွိင်းယားကတော့ ကျန်ခဲ့တဲ့ပွဲတွေမှာ အသင်းရဲ့ ခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်တဲ့ကစားသမားအဖြစ်ဖော်ပြခြင်းခံခဲ့ရသလို မန်ချက်စတာယူနိက်တက်ရဲ့အဆိုးဆုံး ဗဟိုခံစစ်မှူး စာရင်းထဲမှာ ထိပ်ဆုံးကနေရပ်တည်ခဲ့သူပါ….သူရဲ့ လက်ရှိ တပတ်လစာပေါင် ၁၈၉၉၀၄ ရရှိနေပြီး Coral ရဲ့ လစာအလကားယူသူများစာရင်းမှာ တတိယနေရာကနေ ရပ်တည်နေပါတယ်…

မန်ချက်စတာယူနိက်တက်ဟာ လက်ရှိကစားသမားများကို အပတ်စဉ်ဈေးကြီး ပေးနေရပြီး ကစားသမားကောင်းတွေ ထပ်မဝယ်နိုင်လောက်တော့ဘူးဟုလည်း အင်္ဂလိပ်မီဒီယာတွေကလည်း ဝေဖန်ခဲ့ကြသလို……အသင်းရဲ့ပရိတ်သတ်တွေကလည်း ဒေါသထွက်နေကြပါတယ်..

ယူနိက်တက်ဟာ ဇန်နဝါရီအပြောင်းအရွေ့မှာလက်ရှိကစားသမားတွေလစာကိုလျော့ချပြီး အသင်းအတွက် လိုအပ်တဲ့ကစားသမားဝယ်ယူမှုတွေပြုလုပ်မယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်..မန်ချက်စတာယူနိက်တက်နည်းပြဟောင်းကြီး ဖာဂူဆန်ကလည်း ယင်းကစားသမားများအပေါ် စိတ်အပျက်ကြီးပျက်နေတယ်ဆိုတဲ့အကြောင်းကို အမှုဆောင်ချုပ် အက်ဝုဒ်မှ ပြောခဲ့ပါတယ်…..
Ref-Coral

Leave a Comment

Your email address will not be published.