အာဆင်နယ်အသင်းရဲ့အရေးပေါ်တိုက်စစ်ကယ်ဆယ်ရေးပစ်မှတ်ဖြစ်လာတဲ့ဒီပေး

အာဆင်နယ်အသင်းဟာအသင်းရဲ့အားနည်းနေတဲ့တိုက်စစ်ကိုပြုပြင်နိုင်ဖို့အတွက်အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာအီဒူးတစ်ယောက်အစွမ်းကုန်လှုပ်ရှားနေပါတယ်။

အာဆင်နယ်အသင်းဟာ ဘားဂျက်အနေထားအရ အသင်းကကစားသမားအချို့ကိုရောင်းချနိုင်မှငွေကြေးသုံးနိုင်မှာဖြစ်တာကြောင့် တန်ဖိုးအနည်းငယ်နဲ့ရရှိနိုင်မယ့်ကစားသမားတွေကိလိုက်လံချိတ်ဆက်လျှက်ရှိပါတယ်။

အခုနောက်ဆုံးပြင်သစ်နာမည်ကြီးသတင်းစာL’Équipeရဲ့ဖေါ်ပြချက်အရ အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ်နယ်သာလန်တိုက်စစ်မှူးမာဖစ်ဒီပေးကို လာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့ချိတ်ဆက်နေကြောင်းဆိုပါတယ်။

ဒီပေးဟာ လာမယ့်နွေရာသမှာ လိုင်ယွန်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာမို့လိုံအခုဇန်နဝါရီမှာကြိုက်တဲ့အသင်းနဲ့စာချုပ်ချုပ်ခွင့်ရှိနေသလို ပေါင်သန်း၃၀လောက်တန်တဲ့တိုက်စစ်မှူးကို အခုခေါ်ယူမယ်ဆိုရင်လည်းတန်ကြေးရဲ့တဝက်လောက်နဲ့ရရှိနိုင်မယ့်အနေထားဖြစ်နေတာကြောင့် အီဒူးတစ်ယောက်အမြန်လှုပ်ရှားနေတာပါ။

ဒီပေးကို ရောင်းချပါကပြောင်းရွှေ့ကြေးတစိတ်တပိုင်းကို မန်ယူကိုပေးရမှာဖြစ်တဲ့လိုင်ယွန်အသင်းကတော့ဒီပေးအတွက် တတ်နိုင်သမျှ များများလိုချင်နေပြီးအာဝါကိစ္စနဲ့ဆက်ဆံရေးတင်းမာထားတဲ့အတွက် အာဆင်နယ်အနေနဲ့ညှိနှိုင်းရခက်မယ့်အနေထားမျိုးလည်းရှိနေပါတယ်။

ဒီပေဒဟာအာဆင်နယ်မှာအောင်မြင်ခဲ့တဲ့တိုက်စစ်မှူးဟင်နရီနဲ့ပုံစံဆင်တူတဲ့ကစားပုံမျိုးရှိပြီး။သူကိုယ်တိုင်ကလည်းတချိန်ကမအောင်မြင်ခဲ့တဲ့ပရီးမီးယားလိဂ်ကို ပြန်အခြေချနိုင်ဖို့စိတ်အားထက်သန်နေကြောင်းသိရပါတယ်။

ဒီပေးဟာဘယ်တောင်ပံအားသန်တဲ့ကစားသမားဖြစ်ပေမယ့်အခုနောက်ပိုင်းလိုင်ယွန်အသင်းမှာ တိုက်စစ်မှူးနေရာကိုပြောင်းလဲကစားနေပြီးအစွမ်းပြဂိုးတွေသွင်းယူနေသူပါ။

တကယ်လို့လိုင်ယွန်ကဒီပေးကိုအခြားအသင်းကိုရောင်းချမယ်ဆိုရင်လည်းမန်ယူအသင်းကိုဦးစွာအသိပေးရမှာဖြစ်ပြီးမန်ယူကပြန်လည်မဝယ်ယူဘူးဆိုမှရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ဒီပေဟာလက်ရှိအစွမ်းပြနေပြီးအခုရာသီလီဂူးပွဲစဉ်၁၇ပွဲမှာ၈ဂိုးသွင်းယူပြီးလေးဂိုးဖန်တီးအစွမ်းပြထားပါတယ်။

ဒီပေးဟာလိုင်ယွန်အသင်းမှာစုစုပေါင်းလေးရာသီမှာ၁၅၅ပွဲကစားခွင့်ရှိထားပြီး၆၂ဂိုးသွင်းကာ၄၇ဂိုးဖန်တီးပေးထားသူပါ။သူ့ရဲ့ဂိုးပါဝင်ပါတ်သတ်မှုနှုန်းဟာတစ်ပွဲကိုတစ်ဂိုးနှုန်းနီးပါးရှိနေတာကြောင့် ဥရောပမှာတိုက်စစ်စွမ်းဆောင်ရည်အလွန်မြင့်မားတဲ့ကစားသမားစာရင်းမှာပါနေပါတယ်။

ဒီပေးကိုလိုင်ယွန်အသင်းထံမှနေဘာစီလိုနာအသင်းကဝယ်ယူဖို့စီစဉ်နေပြီးဘာစီလိုနာနည်းပြသစ်ကိုးမန်းဟာဒီပေးနယ်သာလန်လက်ရွေးစင်အသင်းမှာကောင်းကောင်းကိုင်တွယ်ခဲ့သူဖြစ်တာကြောင့် ဒီပေးရဲ့အာားသာချက်ကိုကောင်းကောင်းသိသူဖြစ်နေတာကြောင့်တပည့်ဟောင်းကိုအရခေါ်ယူချင်နေပါတယ်။

Leave a Comment

Your email address will not be published.