ခရစ်စမတ်ဆုတောင်းစကားနဲ့အတူ ဖလားအိမ်မက်ထိခိုက်စေသော အချက်များပြင်ရန် ဝိန်းရွန်းနီ က ဆိုးလ်ရှားအားသတိပေး

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ( 14 ) အဖြစ် ဇယားအဆင့်နှစ်မှ လက်စတာစီတီးအသင်းရဲ့ အိမ်ကွင်းမှာ အဝေးကွင်းပွဲစဉ်ဖြစ်သွားရောက်ကစားခဲ့ရာမှာ 2-2 သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်..


မန်ချက်စတာယူနိက်တက်ဟာ ပထမတပိုင်းလုံးလက်စတာ အသင်းမှ ဘောလုံးပိုဆိုင်မှုအသာဖြင့် ဖိအားပေးကစားခြင်းခံခဲ့ရပြီး နောက်တန်းခံစစ်မှူးများ နှင့် ဂိုးသမားနားလည်မှုလွဲမှုကနေ ဂိုးပေးလိုက်ရပြီး နောက်ဆုံးချေပဂိုးဟာလည်း အလားတူနားလည်မှုလွဲမှုကြောင့် ပေးခဲ့ရတာဘဲဖြစ်ပါတယ်…

မန်ချက်စတာယူနိက်တက်ရဲ့ တပွဲနဲ့တပွဲမှာ အမှားများကို တချိန်က မန်ချက်စတာယူနိက်တက်ပရိသတ်တွေရဲ့ Legend ဝိန်းရွန်းနီက ခရစ်စမတ်ဆုတောင်းစကားနဲ့အတူ ဆိုးရှားအား သတိပေးစကားများကို ပြောခဲ့ပါတယ်…

ဝိန်းရွန်းနီက ” အိုလေရေ မင်းနဲ့ မန်ယူတသင်းသားလုံး အားလုံးကို ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ဖြစ်ပါစေ လို့ ငါဆုတောင်းပါတယ်…တခါတလေ မန်ချက်စတာကို လွမ်းမိတယ် …

အိုးထရက်ဖို့ကွင်းကြီးထဲက မြက်ခင်းစိမ်းတွေကောဘဲကွာ…..ဒါနဲ့ ငါပြောရအုံးမယ်….ယူနိက်တက်ဟာ ဒီနှစ်ဖလားရနိုင်တယ်ဆိုတာငါသိနေတယ်…….ဒါပေမဲ့ အသင်းမှာ နောက်တန်းခံစစ်မှူးတွေကို အစားထိုးနိုင်ဖို့ မင်းကြိုးစားနေတယ်ဆိုတာကို ငါသိပါတယ်…

အမြန်ဆုံးပြောင်းလဲနိုင်ဖို့ ကြိုးစားလိုက်ပါ အဲ့ဒါက ယူနိက်တက် ဖလားအိမ်မက်ကို အကြီးအကျယ်ထိုးနှက်လိမ့်မယ်….ပြီးတော့ တောင်ပံတိုက်စစ်တွေက လျင်မြန်တဲ့ပြေးနှုန်းတွေကို အသုံးပြုစေချင်ပြီ….

မင်းရဲ့ဗျူဟာတွေကို ငါအရမ်းကြိုက်ပါတယ်….အခုငါပြောတဲ့အချက်တွေကို ဆာအဲလက်စ် မင်းကိုသတိပေးမယ်ဆိုတာ ငါသိပါတယ်….မင်းဒီအခက်ခဲတွေကို ဇန်နဝါရီအပြောင်းအရွေ့မှာ မင်းပြောင်းလဲလိုက်နိုင်မယ်ဆိုရင် ဒီနှစ် ပရီးမီးယားလိဂ်ဖလားဟာ မန်ယူအတွက် ဖြစ်သွားပါပြီ ” ဆိုပြီး ပြောခဲ့ပါတယ်…

Htet Mg

Leave a Comment

Your email address will not be published.