ဘရူနို စိတ်ရှုပ်ထွေးလာရင် လုပ်တဲ့ပုံစံကို အပြောင်မြောက်ဆုံး စကားလုံးနဲ့ တင်စားခဲ့တဲ့ဆိုလ်းရှား

ဖာနန်ဒက်ဆိုတာယူနိုက်တက်ပရိတ်သတ်တွေအားပေးရတဲ့ ပရိတ်သတ်အချစ်တော်ဆိုလည်းမမှားပါဘူး။ နည်းပြ အိုလေ ဆိုလ်းရှားကိုယ်တိုင် အားကိုးရသလို မန်ယူအသင်းသားတွေ ချစ်ခင်ရတဲ့ ဘရူနိုကို ဆိုလ်းရှားက စိတ်ကွက်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒါကတခြားမဟုတ်ပါဘူး ဆိုလ်းရှားက ဘရူနိုကိုတော်တော်ယုံကြည်အားကိုးထားပုံရတော့ လက်စတာနဲ့ပွဲက နောက်တန်းမှာဖြစ်ခဲ့တဲ့ ရှေ့တန်းတိုက်စစ်မှာဖြစ်ခဲ့တဲ့ အမှားကို စိတ်ကွက်ခဲ့တာဖြစ်ပေမယ့် ဘရူနိ စိတ်ရှုပ်ထွေးလာရင်လုပ်တတ်တဲ့ပုံစံကိုတော့ နည်းပြက အပြောင်မြောက်ဆုံးစကားလုံးနဲ့ တင်စားခဲ့ပါတယ်။

လက်စတာနဲ့ပွဲမှာ ဘရူနိဖာနန်ဒက်ကြောင့်ပျက်သွားတဲ့ ဘောလုံးဟာ ဂိုးပေးခဲ့ရတာပါ။ ဒါပေမယ့် တစ်ကယ်တော့ နောက်တန်းတွေရဲ့ ပေါ့လျော့မှုကြောင့်လည်းပါတယ်ဆိုတာ ဘောလုံးပွဲလေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြတာပါ။

ဒါပေမယ့် ဖာနန်ဒက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ရဲရင့်မှုရှိတဲ့ကစားသမားဖြစ်လို့ သူ့ကြောင့်ဆိုပြီးစိတ်ရှုပ်ထွေးခဲ့ရတယ်လို့ ဆိုလိးရှားကဆိုပါတယ်။

“သူ့လက်စတာနဲ့ပွဲမှာ မှားတာတွေရှိပါတယ်။ ကျွန်တော် အားမရခဲ့ဘူး။ သူကိုယ်တိုင်လည်း သူကိုယ်သူ စိတ်ပျက်နေတာပါ။ ဒါပေမယ့် သူစိတ်ရှုပ်ထွေးလာတော့ ကွင်းထဲမှာ အမြဲတမ်းလုပ်တဲ့ ပုံစံကို ကျွန်တော်ကြိုက်တယ် ပြီးတော့ ကျွန်တော်စိတ်ပျက်လာရင်လည်း သူ့လိုပဲလုပ်တာပဲလေလို့”လို့ဆိုလိးရှားကဆိုပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ကွင်းထဲမှာ သူရုန်းကန်နေရတဲ့ အချိန်တွေမှာ စိတ်ရှုပ်ထွေးလာရင် စိတ်အလိုမကျရင် လုပ်တတ်တဲ့ပုံစံကို ဆိုလ်းရှားက မှတ်ထားတယ်လို့လည်းဆိုပါတယ်။

ဘရူနိုဖာနန်ဒက်ဟာ လူစားလဲလို့မရတဲ့ကစားသမားဆိုတာ အားလုံးသိပီးသားလည်းဖြစ်မှာပါ။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟာ King Power Stadiumမှာ ကန်ခဲ့တဲ့ Boxing Day မှာ ဘရူနိုဟာ တစ်ကယ်ကို ရဲရင့်ပြီး အသင်းအတွက်အကောင်းဆုံးပေးဆပ်ခဲ့တဲ့ကစားသမားပါ။

ပရိမီးယားလိဂ်ချန်ပီယံ လက်စတာကို ကန်ခဲ့ရတဲ့ပွဲမှာ လူစားလဲဝင်လာတဲ့ ကာဗာနီရဲ့ ဖန်တီးပေးမှုကို ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ဖာနန်ဒက်ဟာ
သူ့ရည်မှန်းချက်မပြည့်လို့ စိတ်အနှောင့်အယှက်ဖြစ်နေခဲ့တယ်လို့လည်းဆိုလ်ရှားကဆိုပါတယ်။

“သူကရလဒ်တွေအတွက် အကျိုးသက်ရောက်စေတဲ့ ကစားသမားတစ် ဦး ပါ။သူဟာအခွင့်အလမ်းတွေကိုဖန်တီးပေးတယ်၊ ရည်မှန်းချက်တွေ ပြည့်ဖို့ဂိုးသွင်းတယ်၊ စွန့်စားမှုတွေလုပ်တယ်။ သူ့လိုပဲ မန်ချက်စတာယူနိုက်တက်ကစားသမားတိုင်းလုပ်ခွင့်ရပြီးလုံလောက်တဲ့သတ္တိရှိသင့်တယ်။ ပြီးတော့ ကျွန်တော်အကြိုက်ဆုံးကတော့ သူမှန်းထားသလို မဖြစ်တဲ့အခါ စိတ်ရှုပ်ထွေး စိတ်ညစ်သွားတဲ့အခါ အလွန်အမင်းစိုးရိမ်ပူပန်ပြီး ဆံပင်တွေကိုစုတ်ကိုင်ဆွဲစောင့်လိုက်တာပဲ။ ကျွန်တော်လည်း လက်စတာပွဲမှာသူ့ကိုကြည့်ပီးအာ့လိုပဲ”လို့ဆိုပါတယ်။

“သူဟာကစားသမားတွေအားလုံးရှေ့ပြေးပြီးကစားသမားတွေအားလုံးကိုကစားစေချင်တဲ့သူဖြစ်ချင်တယ်။ ဒါကြောင့်ဒီရာသီနဲ့ဒီနှစ်မှာသူရဲ့သြဇာလွှမ်းမိုးမှုကိုကျွန်တော်အရမ်းသဘောကျတယ်။ သူဟာအမြဲတမ်းသူ့ရဲ့အသင်းဖော်တွေကိုထောက်ပံ့နေပါတယ်”လို့ဆိုလ်းရှားကပြောပါတယ်။

နာက်ဆုံးမှာတော့ ရယ်မောရင်းဆိုလ်းရှားက” ဘရူနိစိတ်ရှုပ်ထွေးလာရင် ဘာလုပ်လဲသိလား။ သူက ဆံပင်တွေကို ဆုတ်ဖွာဆွဲညှစ်ပြီး နိုင်ပွဲဆာလောင်တဲ့သရဲနီတစ်ကောင်လိုပဲ။ ကွင်းထဲမှာ မီးတောက်နေတဲ့ဘောလုံးတစ်လုံးလိုပဲ.သူ့စိတ်က အရမ်းပြင်းတယ်။”

ဂျွန်ထက်

Leave a Comment

Your email address will not be published.