တိုက်စစ်မှူးယောင်ဆောင်တဲ့သူကို နေရာပေးထားတဲ့ ဆိုလ်းရှားကို နားမလည်နိုင်လို့ ဂန္ဓဝင်ကြီးတွေဝေဖန်

မန်ယူအသင်းဟာအဝေးကွင်းမှာ လက်စတာအသင်းကို နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းရဲ့တိုက်စစ်ကဖြုန်းတီးမှုများလွန်းတယ်လို့အသင်းဂန္ဓဝင်ကစားသမားကြီးက BR Sportရဲ့ အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

မန်ယူမှာ တိုက်စစ်မှူးယောင်ဆောင်နေတဲ့သူတစ်ယောက်ရှိနေပြီး တစ်ကယ့်တိုက်စစ်မှူးမဟုတ်တဲ့အတွက် အဖြုန်းအတီးအလေအလွင့်တွေဖြစ်နေတယ်လို့ ဂန္ဓဝင်ကြီးတွေဖြစ်တဲ့ ပေါ်စခိုးနဲ့ရွန်းနီတို့ကဝေဖန်လိုက်တာပါ။

မာရှယ်က တိုက်စစ်ကစားသမားစစ်စစ်မဟုတ်ဘူးဗျ။ တိုက်စစ်မှူးယောင်ဆောင်ထားတာ။သူတိုက်စစ်ကို ဦးမဆောင်နိုင်ဘူး။ အခွင့်အရေးတွေအသုံးမချနိုင်ပဲဖြုန်းတီးနေတာများပြီ။ အိုလေကိုလည်းကျွန်တော်နားမလည်နိုင်ဘူး”လို့ ယူနိုက်တက်ရဲ့ ဂန္တဝင်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ရွန်းနီကပြောကြားလိုက်တာပါ။

ဒါ့အပြင် ပွဲတိုင်းလိုလိုမှာ မန်ယူနောက်တန်းဟာ အမှားများတတ်ပြီး လက်စတာနဲ့ပွဲမှာတော့ စိတ်ပျက်စရာကောင်းလောက်တယ်လို့လည်း ပေါ်စခိုလ်းကဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် လူတွေကမမြင်တဲ့ အသင်းရဲ့ အဓိက အားနည်းချက်က တိုက်စစ်မှူးအစစ်လိုနေတာလို့လည်း သူကဆိုပါတယ်။

“မန်ယူနောက်တန်းက ဂိုးသမားအားနည်းလို့ ဦးဆောင်ဂိုးတွေကိုချေပဂိုးတွေပေးခဲ့ရတာတော့ဟုတ်ပါတယ်။

ဒါပေမယ့် လူတွေသိပ်မမြင်တဲ့အချက်ရှိခဲ့တယ်ဗျအသင်းတိုက်စစ်မှာ တစ်ကြိမ်ဆိုတစ်ကြိမ်ထိရောက်အောင်အသုံးချနိုင်တဲ့ကစားသမားတစ်ဦးရှိနေတယိ။

သူ့ကိုအခုထပ်ပိုပြီးအခွင့်အရေးတွေပေးသင့်တဲ့အချိန်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ မာရှယ်က ယုံကြည်မှုကျဆင်းနေပါတယ်။ မာရှယ်ဟာ သဘာဝကပေးတဲ့နံပါတ်၉လည်းမဟုတ်ပါဘူး။သူဟာတိုက်စစ်ကိုဦးဆောင်နိူင်မယ့်ကစားသမားမျိုးမဟုတ်ပါဘူး။

အခွင့်အရေးတွေကိုအလွယ်တကူလွဲချော်တတ်သူပါ။ကာဗာနီကတော့ ဒီလိုမဟုတ်ပါဘူး။သူဘာလဲ သူဘယ်လိုလူလဲဆိုတာအကြိမ်ကြိမ်သက်သေပြပြီးသားပါ။

မန်ယူမှာလည်းကစားခွင့်ရတဲ့အချိန်တိုင်း သူ့ရဲ့စွမ်းဆောင်ရည်ဟာအမြဲကောင်းမွန်နေခဲ့ပါတယ်။ကာဗာနီကိုခုထက်ပိုတဲ့ကစားချိန်ပေးသင့်ပါပြီ။
ဖန်တီးမှုတွေများသလောက်ဖြုန်းနေတဲ့နေ့မျိုးတွေမှာ ကာဗာနီဟာမြန်မြန်လူစားသွင်းဖို့လိုတယ်ဆိုတာ မနေ့ကသက်သေပါဘဲ”လိုဆိုပါတယ်။

မာရှယ်ဟာ အချိန်အတော်ကြာ ခြေစွမ်းမတည်ငြိမ်မှုပြသာနာတွေ အမှားအယွင်းတွေ အလေအလွင့်တွေ လုပ်ခဲ့ပေမယ့် နည်းပြအိုလေ ဆိုလ်းရှားကတော့ မာရှယ်ဟာ ယုံကြည်မှုတွေပြန်ရလာနေပြီဖြစ်ပြီး ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်လို့ မာရှယ်ဘက်က ကာကွယ်ပြောသွားပါတယ်။ ဆိုလ်းရှားကို တိုက်စစ်ကောင်းကောင်းအတွက် ပေါ်စခိုးကခုလို အကြံပေးပါတယ်။

“တိုက်စစ်မှူးစစ်စစ်ကကာဗာနီဗျာ၊ ပြောနေခဲ့တာကြာပါပြီ။ ယူနိုက်တက်မှာ တိုက်စစ်မှူးစစ်စစ်လိုနေတာလို့ပြောနေခဲ့ကြတာပဲ။ တိုက်စစ်မှူးယောင်ဆောင်တဲ့သူကို နေရာဆက်ပေးနေရင် ယူနိုက်တက် ဒုက္ခရောက်သွားလိမ့်မယ်”

Leave a Comment

Your email address will not be published.