သူဟာပိုတန်ဖိုးရှိလို့ပေါ့ဘာနဲ့အလဲအထပ်လုပ်မည်ဆိုလျှင်လက်မခံဟုရော်နယ်ဒိုပေါက်ကွဲ

မန်ယူအသင်းနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဘာကို အသင်းဟောင်းဂျူဗင်တတ်အသင်းကပြန်လည်ခေါ်ယူလိုလျှက်ရှိရာအသင်းမှတိုက်စစ်မှူးရော်နယ်ဒို နဲ့ အလဲအထပ် လုပ်ဖို့သတင်းတွေထွက်ပေါ်လာတဲ့အပေါ် ဂျူဗင်တတ်တိုက်စစ်မှူးရော်နယ်ဒို ဒေါသပေါက်ကွဲခဲ့တယ်လိုစပိန်နာမည်ကြီးသတင်းစာMarcaမှာဖေါ်ပြလိုက်ပါတယ်။

Marcaသတင်းရ ရော်နယ်ဒိုရဲ့အနီးကပ် မိတ်ဆွေတစ်ဦးရဲ့အဆိုရ ရော်နယ်ဒို သူ့အပေါ်ခုထပ်လေးစားမှုရှိဖို့ပြောဆိုလိုက်ကြောင်းသိရပါတယ်။သူ့နဲ့ပေါ့ဘာဟာအသက်ကွာပေမယ့်သူဟာပေါ့ဘာထက်ပိုမိုတန်ဖိုးရှိတဲ့ကစားသမားဖြစ်ကြောင့်ပြောခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့အသက်ဟာ လာမယ့်ဖေဖေါ်ဝါရီမှာ ၃၆နှစ်ပြည့်မှာဖြစ်ပေမယ့် သူဟာ လက်ရှိထိပ်တန်းအနေထားမျိုးနဲ့ကမ္ဘာအကောင်းဆုံးကစားသမားအဆင့်အတန်းမျိုးမှာရှိနေသေးကြောင်းသူ့ကိုယ်သူယုံကြည်နေပါတယ်။

စီရော်နယ်ဒိဟာ သူဟာကမ္ဘာအကောင်းဆုံးအဆင့်မှာ ဆွီဒင်တိုက်စစ်မှူးအီဗရာဟင်မိုဗစ်လိုဘဲအသက်၃၉ကျော်ထိဆက်ကစားနိုင်ဦးမယ်လို့ယုံကြည်ေကြောင်းဆိုပါတယ်။

လက်ရှိမှာလည်းရော်နယ်ဒိုဟာစီးရီးအေမှာဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေပြီးဂျူဗင်တတ်အသင်းအတွက်နောက်ဆုံး၁၄ပွဲမှာ ၁၆ဂိုးအထိသွင်းယူထားပြီးသူ့ရဲ့ဂိုးသွင်းစံချိန်ကို ဆက်ထိမ်းထားပါသေးတယ်။

ဂျူဗင်တတ်အသင်းဟာ ဂခြေစွမ်းပြဆဲရော်နယ်ဒိုကို အသက်ငယ်တဲ့ပေါ့ဘာနဲ့လဲလှဲချင်တဲ့ အဓိက အကြောင်းကတော့ ကိုရိုနာဗိုင်းရပ်အကြပ်အတည်းကြောင့် စီးပွားရေးကျဆင်းနေမှုဒဏ်ကြောင့်စံချိန်တင်လစာပေးနေရတဲ့ ရော်နယ်ဒိုကို အသင်းကနေ ထွက်ခွါစေချင်တာဖြစ်တယ်လို့သိရပါတယ်။

Leave a Comment

Your email address will not be published.