ဖလားအိမ်မက်အတွက် မာရှယ်ရဲ့ကံကြမ္မာကို ဖြစ်မနေ စီရင်ချက် ချရတော့မယ့် ဆိုလ်းရှား

Manchester United တို့ဟာ မနက်ဖြန်ညမှာဖြင့် Wolvesကို ရင်ဆိုင်ရဖို့ရှိပြီး ဆက်တိုက်ကစားနေရတဲ့ ပွဲစဉ်တွေကြောင့် ကစားသမားတွေရဲ့ အားထုတ်မှု လျော့ကျနိုင်တဲ့သဘောမှာ ရှိနေပါတယ် ။

ဒီလိုချိန်မှာ အသင်းတိုင်းဟာ ကစားသမား အလှည့်အပြောင်းနဲ့ ကစားနိုင်ဖို့ လိုပြီး United နည်းပြ ဆိုးလ်ရှားအနေနဲ့လည်း နေရာတိုင်းမှာ အစားထိုး လူများ အရံသင့်ရှိပြီးဖြစ်တာကြောင့် လာမယ့်ပွဲစဉ်ကတော့ ပုံမှန်မြင်တွေ့နေကျမဟုတ်တဲ့ ကစားကွက်အခင်းအကျင်းနဲ့ လူအပြောင်းအလဲများ မြင်တွေ့လာတော့မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ Leicester ကို သရေကျခဲ့တဲ့ပွဲမှာတော့ တိုက်စစ်မှူး Martialရဲ့ စွမ်းဆောင်ရည်ကောင်းကို မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး ။ ဒီချိန်မှာ တခြားတိုက်စစ်မှူးဖြစ်တဲ့ Edison Cavani ဟာတော့ Leicester နဲ့ပွဲမှာလည်း လူစားဝင်လာအပြီး အသင်းရဲ့ ဒုတိယဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို Everton နဲ့ ကစားခဲ့တဲ့ ခါရာဘောင်ဖလားမှာလည်း ဦးဆောင်ဂိုးကို သွင်းယူပေးထားခဲ့ပါတယ် ။ဒီရာသီ ပရီးမီးယားလိဂ်မှာ လူစားဝင်ဝင်လာပြီး ၃ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးထားတဲ့မှတ်တမ်းဟာ ကျန်ကစားသမားတွေထက် အသာရလို့နေပါသေးတယ် ။

ဒါကြောင့်ဆိုလ်းရှားအနေနဲ့ ဖလားအိမ်မက်နဲ့ချန်ပီယံပြေးလမ်းအတွပ် မာရှယ်ရဲ့ ကံကြမ္မာနဲ့ပက်သက်ပြီး မဖြစ်မနေဆုံးဖြတ်ချက်ချမှတ်ရတော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မာရှယ်ကို အရန်ခုံထိုင်ခိုင်းဖို့ ဆိုလ်းရှားက စဉ်းစားနေပြီး အသင်းရဲ့ အခြေအနေတွေကြောင့် မနက်ဖြန်မှာ ကစားမယ့် ပွဲစဉ်အတွက် Cavani ဟာ ပွဲထွက်လာဖို့ သေချာသလောက်ရှိနေပါတယ် ။

ဒါ့အပြင် အသင်းနဲ့ပွဲစဉ်တိုင်းလိုလို ကစားပေးထားရတဲ့ Fernandes ကိုလည်းအနားပေးသွားပြီး van de Beek, Lingardစတဲ့ ကစားသမားများလည်း ပါဝင်ခွင့် ရဖွယ်ရှိနေပါတယ် ။

Leave a Comment

Your email address will not be published.