မန်ယူပရိတ်သတ်တွေ အသင်းကနေထွက်ခွာခွင့်မပေးဖို့ ဆိုးရှားကို တောင်းဆိုလိုက်တဲ့ ကစားသမားက ဘယ်သူလဲ

မန်ချက်စတာယူနိုက်တက်ပရိသတ်များက Ole Gunnar Solskjaer အားဒန်နီယယ်ဂျိမ်းစ်အားဇန်န ဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်မသွားရန်တောင်းဆိုခဲ့ကြသည်။

ဝဲလ်စ်သည်ယူနိုက်တက်အတွက်နောက်ဆုံးပရီးမီးယားလိဂ်ပွဲ ၂ ပွဲကိုစတင်နိုင်ခဲ့သော်လည် နှစ်တစ်လျှောက်လုံး ပွဲထွက်ကစားခွင့်အတွက်အတွက်ရုန်းကန်ခဲ့ရသည်။

ဂျိမ်းစ်သည်ပြီးခဲ့သည့်နှစ်ကအိုးထရက်ဖို့ဒ်သို့ပြောင်းရွှေ့စဉ်က ၄ ပွဲကစားရာတွင်ဂိုး ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော်နောက် ၅၀ ပွဲတွင်နောက်ထပ် ၃ ဂိုးသာသွင်းယူနိုင်ခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ကစားသမားသည်လက်စတာစီးတီးနဲ့ပွဲတွင် အသင်းအတွက်ရုန်းကန်ခဲ့ပေးသည်။သူသည်မကြာသေးမီကပြန်လည်သက်ဝင်လှုပ်ရှားခဲ့သော်လည်းဂျိမ်းစ်သည်ယူနိုက်တက်အတွက် ပုံမှန်ကစားသမားမဟုတ်တော့ပါ။

ပရိသတ်အများအပြားကသူသည်ကလပ်တွင်ကစားခွင့်ရရှိရေးကို ဆိုလ်းရှားအားတောင်းဆိုထားပြီးဆိုလ်းရှားကိုယ်တိုင်ကလည်း ဆုံးဖြတ်ရခက် တွဲဝေနေသည်ဟု သတင်းများကဆိုသည်။

ပြီးခဲ့သည့် လိဒ်ယူနိုက်တက်နှင့်ပွဲတွင်ဒန်နီရယ် ဂျိမ်းစ် ရဲ့ အရွေ့တွေ ကို လည်း ချီးကျုး ချင်သည်။ ပွဲထွက်ခွင့် မရတာ ကြာပြီ ဖြစ်တဲ့ ဝေးလ် တောင်ပံ သမားလေး ဟာ လက်စတာစီးတီးပွဲရဲ့ ဒုတိယ ပိုင်းမှာ တကယ် ကောင်းမွန်တဲ့ နေရာယူ ရွေ့လျားမှု တွေကို လုပ်သွားခဲ့ ပါတယ် ။

တန်ပြန် တိုက်စစ် ကစားချိန် မှာ ဂျိမ်းစ် ဟာ မာရှယ် နဲ့ နေရာချင်း လဲခဲ့ပြီး အတွင်းကို ဝင်ကာ ဘောလုံးကို လက်ခံ ရယူခဲ့ သည် ။ အဲ့ဒါရဲ့ အကျိုးဆက် ကတော့ ပဉ္စမမြောက် ဂိုးကို ကိုယ်တိုင် သွင်းနိုင် ခဲ့တာပဲဖြစ်သည်။ ဂျိန်းကို အသင်းမှ ထွက်ခွာမစေချင်သော်လည်း ဆိုလ်းရှားတွင် ဆုံးဖြတ်ရခက်နေသည်ဟု မန်ချက်စတာညနေခင်းသတင်းကဖော်ပြထားသည်။

Leave a Comment

Your email address will not be published.