အဂ်လန်လက်ရွေးစင်ညာနောက်ခံကစားသမားကို တိတ်တဆိတ်ခြင်းကပ်တဲ့မန်ယူအသင်း

မန်ယူအသင်းဟာစပိန်ကလပ်အက်တလန်တီကိုမက်ဒရစ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်လက်ရွေးစင်ညာနောက်ခံကစားသမားထရစ်ပီယာကို ဆက်သွယ်မှုတွေပြုလုပ်နေကြောင်း စပိန်နာမည်ကြီးသတင်းစာမာကာ မှဖေါ်ပြလိုက်ပါတယ်။

အဆိုပါသတင်းအရ ယူနိုက်တတ်အသင်းဟာ ထရစ်ပီယာကို အခုဇန်နဝါရီမှာခေါ်ယူမှုမပြုလုပ်နိုင်ခဲ့ရင်တောင်လာမယ့်နွေရာသီမှာ အသင်းကို အရခေါ်ယူဖို့သေချာပေါက်လုပ်ဆောင်နေကြောင်းဆိုပါတယ်။

မန်ယူညာနောက်ခံအဖြစ်ဝမ်ဘစ်ဆာကာတစ်ဦးထဲသာရှိနေပြီး၎င်းကစားသမားကလည်းတိုက်စစ်လိုက်ပါနိုင်မှုအားနည်းချက်ရှိနေတာကို နည်းပြဆိုးရှားက ပြုပြင်ချင်နေတာဖြစ်ပြီးအခြားညာနောက်ခံကစားသမားတစ်ဦးဖြစ်တဲ့စီးရီးအေကလပ်အေစီမီလန်ကိုအငှားချထားတဲ့ဒါးလော့ကလည်း အသင်းကနေထွက်ခွါခွင့် တောင်းထားတာကြောင့်ညာနောက်ခံကစားသမားဝယ်ယူဖို့ဖြစ်လာတာပါ။

ထရစ်ပီယာဟာ လောလောဆယ်လောင်းကစား ကိစ္စရပ်တစ်ခုနဲ့ ဆက်သွယ်မိတာကြောင့် ဘောလုံးလောကနဲ့ဆယ်ပါတ်မဆက်သွယ်ရပြစ်ဒဏ်ချမှတ်ခံထားရပြီးအဆိုပါပြစ်ဒဏ်ကြောင့် ပင်ထရစ်ပီယာရဲ့အပြောင်းအရွှေ့ဟာ အခုဇန်နဝါရီမှာဖြစ်လာစရာရှိနေတာပါ။

ထရစ်ပီယာကို လက်ရှိအက်တလန်တီကိုနည်းပြဆီမြွန်းနီးကဒေါသထွက်နေပြီး၎င်းရဲ့အားကစားသမားမပီသတဲ့အပြုအမူအတွက်အက်တလန်တီကိုအသင်းနစ်နာရကြောင်းပြောထားပါတယ်။

အဆိုပါအခြေနေမှာ လက်ရှိဈေးကွက်ပေါက်ဈေးပေါင်သန်း၂၀ခန့်ရှိတဲ့အသက်၃၀အရွယ်ကစားသမားကို မန်ယူအသင်းအနေနဲ့ဈေးသက်သက်သာသာနဲ့ရဖို့ရှိနေတာကြောင့် လာမယ့်နွေရာသီအထိမစောင့်ဘဲအခုဇန်နဝါရီမှာတင်ခေါ်ယူသွားဖို့ရှိနေပါတယ်။

ထရစ်စပီယာဟာ အက်တလန်တီကိုအသင်းမှာလည်းခြေစွမ်းပြလျှက်ရှိနေပြီးနှစ်ရာသီအတွင်းမှာ ၅၂ပွဲပွဲထွက်ကစားခွင့်ရရှိထားကာ ၉ဂိုးဖန်တီးပေးထားပါတယ်။အသင်းဟောင်းစပါးအသင်းနဲ့ပရီးမီးယားလိဂ်ပွဲထါက်တစ်ရာကျော်ကစားခွင့်ရရှိထားတဲ့အတွေ့အကြုံရင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.