ဇန်နဝါရီတွင် Chevrolet နဲ့ AON မှထိပ်တန်းတိုက်စစ်မှူး တဦးခေါ်ယူဖို့ ကူညီမည်

မန်ချက်စတာယူနိက်တက်ဟာ ယခုနှစ် ပရီးမီးယားလိဂ်ရာသီတွင် ဖလားအိမ်မက် များမက်ခွင့် ရှိလာပြီဖြစ်တဲ့အတွက် အသင်းကို နောက်ထပ်တိုက်စစ်မှူးတယောက်ဖြည့်တင်းဖို့ရှိနေတာဘဲဖြစ်ပါတယ်…

မန်ချက်စတာယူနိက်တက် နည်းပြကြီးဆိုးရှားလ်ဟာ အဆုံးသတ်သေချာတဲ့တိုက်စစ်မှူးတဦးကို ကစားအကွက်အပြောင်းအလဲတွက် သုံးဖို့အလိုရှိနေတယ်လို့လည်းပြောထားပါတယ်….

Chevrolet နဲ့ AON ဟာ မန်ချက်စတာယူနိက်တက်အတွက် ကစားသမားခေါ်ယူဖို့ အတွက် ပေါင်သန်း ၆၀ နီးပါး အသုံးပြုခွင့်ပေးဖို့ ကမ်းလှမ်းထားပါတယ်…ယူနိက်တက်ဟာ ကစားသမားရဲ့ ပုံရိပ်လွှာ အသုံးပြုခွင့်ကို ပြန်လည်ခွင့်ပြုပေးရမှာပါဘဲဖြစ်ပါတယ်…..

မန်ချက်စတာယူနိက်တက်အနေနဲ့ ကမ်းလှမ်းချက်ကို လက်ခံရင် ဇန်နဝါရီတွင် စိတ်ကြိုက်ကစားသမားတဦးကို ခေါ်ယူခွင့် ရရှိမှာဘဲဖြစ်ပါတယ်…..

ယူနိုက်တက်အနေနဲ့ ဘယ်ကစားသမားတွေကို ခေါ်ယူဖို့ လျာထားလဲ ဆိုတာကို မန်ယူဘုတ်အဖွဲ့ဝင်ပြောဆိုခွင့်ရသူတဦးကယခုလိုဆိုထားပါတယ်….

ယူနိက်ဘုတ်အဖွဲ့ဝင်ပြောဆိုခွင့်ရသူ က ” ကျနော်တို့ လက်ရှိမှာ ဒီကမ်းလှမ်းမှုကို လက်ခံဖို့ရှိတေနေပါတယ်….ဘာဖြစ်လို့လဲဆိုတော့ အက်ဝုဒ်က တော့ အရမ်းပျော်ပြီး ဒီအစီစဉ်ကို လက်ခံဖို့အသင့်ဘဲလို့ပြောထားပါတယ်..

နောက်ပြီး တော့ ကျနော်တို့နောက်ဆုံးညှိရမှာက နည်းပြကြီး ဆိုးရှားလ်ပါဘဲ….နည်းပြကြီးလိုချင်တဲ့ကစာသမားတွေတော့ လျာထားစာရင်းလေးယောက်ရှိပါတယ်..သူတို့ကတော့ စီရော်နယ်ဒို ဆန်ချို ဟာလန်း ကယ်ဗင် လီဝင်တို့ဘဲဖြစ်ပါတယ်…

ယင်းကစားသမားလေးဦးကို ဆိုးရှားလ်အနေနဲ့ ရွေးချယ်ရမှာဘဲဖြစ်ပါတယ်..ဆိုးရှားလ်ကြိုက်တဲ့ကစားသမားကို ဇန်နဝါရီ တွင်အပြီးသတ်ဝယ်ယူပေးသွားမှာဖြစ်ပါတယ်..” ဆိုပြီး ပြောသွားခဲ့ပါတယ်…

Htet Mg

Leave a Comment

Your email address will not be published.