မန်ယူကိုလာမှာမဟုတ်ဘူးဆိုပြီး ဆိုလ်းရှားကိုဝေဖန်လိုက်တဲ့ ဝုဗ်ရဲ့ကျောနံပါတ်၉ တိုက်စစ်မှူး

မန်ဖန်ပရိတ်သတ်ကြီးရေ သတင်းတွေကထူးခြားပါတယ်။ မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ဝုဗ် တိုက်စစ်မှူးကျောနံပါတ် ၉က မန်ယူကိုလာမှာမဟုတ်ဘူးလို့ငြင်းလိုက်ပါတယ်။ ပြီးတော့ သူက ဆိုလ်းရှားကိုလည်း ဝေဖန်လိုက်ပါသေးတယ်။

ခုလိုပြောတာ ယူနိုက်တက်နဲ့ဝုဗ်မတွေ့ခင် ၅ နာရီအလိုမှာပြောခဲ့တာပါ။” ကျနော် ယူနိုက်တက်ကိုကြိုက်ပါတယ်။ ဒါပေမယ့် သွားမှာမဟုတ်ပါဘူး။ သူတို့ ကျွန်တော့်ကို ၂ကြိမ်လောက်ဆက်သွယ်ခဲ့တယ်။ ကျွန်တော်မသွားဘူးဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဒိမှာပျော်တယ်။ ပီးတော့ နည်းပြ အိုလေကို အားမရလို့ပါ။ သူက ပါဆင်နယ် အရမ်းကြည့်တယ်ထင်တယ်။ ထပ်ပြောချင်တာက ဒီနေ့ပွဲကို ကျွန်တော်တို့ မီးကုန်ယမ်းကုန်ရင်ဆိုင်မှာပါ။ သူတို့ကအရမ်းကောင်းနေတယ်ဆိုပါတော့လေ.”လို့ ဝုဗ်တိုက်စစ်မှူးကဆိုပါတယ်။

Wolvesတိုက်စစ်မှူးRaul Jimenex က ယူနိုက်တက်ကိုလာဖို့ထိ သတင်းထွက်ခဲ့ဖူးသူပါ။ ဒါပေမယ့် သူကိုယ်တိုင်က ယူနိုက်တက်ကို ပယ်ချခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ဆိုလ်းရှားကလည်းတစ်ဖကိမှာ ခုလို ကြုံဝါးထားပါတယ်။United နည်းပြ ဆိုးလ်ရှားကတော့ ယနေ့ညပွဲကြို Press Conference မှာ အသင်းရဲ့ လက်ရှိ အခြေအနေတွေအပြင် ယနေ့ညပွဲကို အနိင်ယူကာ အကောင်းဆုံးရှေ့ဆက်သွားမယ်လို့ ပြောလာခဲ့ပါတယ် ။

” လာမယ့်ပွဲစဉ် ၄ပွဲဆက် အိမ်ကွင်းမှာပဲ ကစားရမယ့်အပေါ်လား? ? သိပ်ကောင်းပါတယ် ။ ကျတော်တို့ နောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း ပွဲဟာ သိပ်ကို အပေါင်း လက္ခဏာဆောင်ခဲ့ပါတယ် ။ ဒီလိုပဲ ပွဲစဉ်တိုင်းကို ကောင်းမွန်တဲ့ ကစားပုံတွေ လိုအပ်တဲ့ရလဒ်တွေ ပုံဖော်နိုင်ဖို့ဟာ သိပ်ကို အရေးပါလှပါတယ်

2020ဟာ ကုန်ဆုံးပါတော့မယ် ။ ခက်ခဲကြမ်းတမ်းတဲ့ခရီးတခုကို ဖြတ်ကျော်ခဲ့ရသလိုပါပဲ ။ ရှေ့မှာဆို ကျတော်တို့ ၂ပတ်အတွင်း ဆီမီးဖိုင်နယ်ကစားရဖို့ ရှိသလို အမှတ်ပေးမှာလည်း ထိပ်ပိုင်းမှာ နေရာယူထားတာကြောင့် ပွဲစဉ်တိုင်းဟာ ဗိုလ်လုပွဲသဖွယ် ခက်ခဲလာမယ့်သဘောမှာ ရှိနေပါတယ် ။

ယနေ့ညရင်ဆိုင်ရမယ့် ပြိုင်ဘက်အပေါ် “Nuno(Wolvesနည်းပြ)ဟာ သူ့အသင်းကို တောင့်တင်းကျစ်လှစ်အောင်တည်ဆောက်ထားနိုင်ပါတယ် ။ ကျတော်တို့နဲ့ ရင်ဆိုင်ဖို့လည်း အဆင်သင့်ဖြစ်နေမှာပါ ။ သူတို့ဟာ စပါးစ်နဲ့ပွဲမှာလည်း အကောင်းမွန်ဆုံး ကစားနိုင်ခဲ့သလို အရည်အသွေးရှိတဲ့ ကစားသမားတွေ ပါဝင်နေတာကြောင့် ကျတော်တို့ကိုလည်း အတတ်နိုင်ဆုံး ဒုက္ခပေးသွားပါလိမ့်မယ် ။ ဒီအတွက် ပြင်ဆင်ထားပြီး သူတို့ကို အနိုင်ယူကာ ကျတော်တို့ ရှေ့ဆက်ဖို့ အားတွေ ရယူသွားမှာပါ…”လို့ဖြေကြားသွားခဲ့ပါတယ် ။

Leave a Comment

Your email address will not be published.